Home 2022 June

Month: <span>June 2022</span>

Post
မန္တလေးရှိ သရက်ခြံများမှ သရက်သီးများကို ပိုးမွှားသုတေသန ဆောင်ရွက်နေ

မန္တလေးရှိ သရက်ခြံများမှ သရက်သီးများကို ပိုးမွှားသုတေသန ဆောင်ရွက်နေ

ရွှေမန်း သရက်သီးများတွင် အစေ့ပိုးထိုး၊ ညှာရင်းပုတ်နှင့် မှည့်ပျောက်စွန်းပိုးမွှားကျရောက်မှုများပြားသဖြင့် စိုက်ပျိုးရေး သုတေသနနှင့် ပိုးမွှားကာကွယ် ရေးဌာနမှ မန္တလေးဝန်းကျင်ရှိ သရက်ခြံများမှ သရက်သီးများကို ဓါတ်ခွဲနမူနာ အဖြစ်ဝယ်ယူ၍ သုတေသနပြု လုပ်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်ကပြောသည်။ စိုက်ပျိုုးရေးသွင်းအစုများ ဈေးနုန်းမြင့်လာသဖြင့် သရက်ခြံများတွင် လျှော့ချသုံးစွဲကြရာ က ယခုကဲ့သို့ သရက် နှင့် ပတ်သက်သည့် ပိုးမွှားများတွေ့ရှိလာခြင်းကြောင့် ဧပြီလမှ စတင်၍ စိုက်ပျိုးရေး ပိုးမွှား ကာကွယ်ရေးနှင့် သုတေသနဌာနခွဲ(နေပြည်တော်)မှ ဓါတ်ခွဲနမူနာများ ရယူ၍ သုတေသနပြုလုပ်နေကြောင်းသိရသည်။ “ကိုယ့်ဒေသမှာဖြစ်ပွားတဲ့ ရောဂါကို စိုက်ပျိုးရေးဌာနကို တင်ပြတော့ သူတို့ကွင်းဆင်းတယ်။တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင် Project အနေနဲ့လုပ်ပေးတယ်။ဒေသတွင်းဖြစ်တာဆိုရင် လိုအပ်သလိုလုပ်ပေးပါတယ်။ ပြီးခဲ့တဲ့မေ လက မှ အစေ့ထိုးပိုး ပေါ်လာတယ်။အရင်က ရှမ်း(တောင်)မှာတွေ့ပေမယ့်...

Post
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံ​ငွေဖြင့် ထောပတ်ခြံများကို ပိုးမွှားစစ်တမ်းသုတေသနဆောင်ရွက် မည်

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံ​ငွေဖြင့် ထောပတ်ခြံများကို ပိုးမွှားစစ်တမ်းသုတေသနဆောင်ရွက် မည်

ရွေမန်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ထောပတ်ခြံများကို ရွေးချယ်ပြီး ပိုးမွှားစစ်တမ်းသုတေသနကောက်ယူမှုကို တစ်နှစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ ဒုဥက္ကဌ ဦးမျိုးညွှန့်က ပြောကြားသည်။ အဆိုပါ ပိုးမွှားစစ်တမ်းသုတေသနကောက်ယူမှုကို မြန်မာနိုင်ငံစိုက် ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတို့မှ ပညာရှင်များနှင့် ပူး ပေါင်းပြီး ပိုးထောင်ခြောက်များကို ထောပတ်ခြံများအတွင်း ချိတ်စွဲ ခြင်းကို မေလပထမပတ်မှစ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ထောပတ်တွင် အဓိကသီးထိုးယင်နှင့် အခြားဖျက်ပိုးများကို ထောင်ခြောက်ဖြင့် ထောင်ဖမ်းခြင်းများ ဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်နေ ရာတွင် တိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်မြို့နယ်တွင် နှစ်ခြံ၊ ရှမ်း ပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နှစ်ခြံ၊ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးတွင် နှစ်ခြံ စသည့်ခြံများသို့ ပိုးထောင်ခြောက် များဆောင် ရွက်ပြီး ပိုးမွှားစစ်တမ်းသုတေသနကောက်ယူဆောင်ရွက်နေကြောင်း...

Post
စိုက်ပျိုးရေးကိုအခြေခံသည့်ခရီးသွားလည်ပတ်စရာနေရာတစ်ခုအဖြစ် ပြင်ဦးလွင်မြို့ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေခြံ( ပွေးတောင်)အား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်ထားရှိ

စိုက်ပျိုးရေးကိုအခြေခံသည့်ခရီးသွားလည်ပတ်စရာနေရာတစ်ခုအဖြစ် ပြင်ဦးလွင်မြို့ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေခြံ( ပွေးတောင်)အား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်ထားရှိ

ရွှေမန်း စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးသွားလည်ပတ်စရာနေရာတစ်ခုအဖြစ် ပြင်ဦးလွင်မြို့ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေခြံ( ပွေးတောင်)အား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်ထားရှိကြောင်းသိရသည်။ပြင်ဦးလွင်မြို့ကိုကော်ဖီမြို့တော်အဖြစ်ပိုမိုထင်ရှား စေရန်၊မြန်မာ့ကော်ဖီအရည်အသွေးနှင့် ထုတ်လုပ်မှုတိုးတက်ပြီး ကမ္မာ့ကော်ဖီဈေး ကွက်ကိုထိုးဖောက်နိုင်စေရန်နှင့် မြန်မာ့ကော် ဖီအကြောင်းကိုအများပြည်သူများ ပိုမိုသိရှိလာစေရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြင်ဦးလွင်မြို့ရှိ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)အား ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် စတင်ဖွင့်လှစ်ကာ အများပြည်သူများ လာရောက်အပန်းဖြေ လည်ပတ်နိုင်ပြီဖြစ် ကြောင်းသိရသည်။“ ကော်ဖီစိုက်ပျိုးတဲ့ဒေသတွေမှာ စီးပွားရေးဖဖြိုးအောင်ဆောင်ရွက်ဖို့ဆို လမ်းညွှန်ချက် အတိုင်း ပြင်ဦးလွင်၊ မေမြို့ ၊ပန်းမြို့တော် ၊တောင်လှေးကားမြို့တော် နာမည်မျိုးစုံနဲ့ကျော်ကြားသလို ကော်ဖီမြို့တော်ဖြစ်အောင် ရည်ရွယ်ပြီးဆောင်ရွက်နေတာပါ။ မြန်မာနိုင်ငံရဲ့ ကော်ဖီအကြောင်းကို သိရှိအောင် ပွေးတောင်ကော်ဖီခြံမှာ ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ဒီကော်ဖီခြံက မြန်မာပြည်မှာ စီးပွားဖြစ်ကော်ဖီစတင်စိုက်ပျိုးကတည်းစခဲ့တဲ့နေရာဖြစ်လို့ အနှစ် ၆၀-၇၀ကျော် အရိပ်ရအပင်တွေရှိပြီး ကော်ဖီမျိုးစုံကိုစိုက်ပျိုးထားပါတယ်။ ပုဂ္ဂလိကကော်ဖီပညာပေးပြခန်း ၊ဝန်ကြီးဌာန ကော်ဖီပညာပေးခန်း ကော်ဖီနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ပြည်သူများ ပြင်ဦးလွင်ကို ရောက်ရင်လေ့လာနိုင်အောင်ဖန်းတီးပေးထားပါတယ်။...

Post
ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ နှင့် ပဲတီစိမ်း မှာ ဈေးကွက် ပြန်လာကောင်းမွန် လာ ၊ပြည်တွင်းသုံးကုလာပဲအူပ်စုနှင့်မြေပဲဆံ များ ဈေးကျဆင်းလာ

ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ နှင့် ပဲတီစိမ်း မှာ ဈေးကွက် ပြန်လာကောင်းမွန် လာ ၊ပြည်တွင်းသုံးကုလာပဲအူပ်စုနှင့်မြေပဲဆံ များ ဈေးကျဆင်းလာ

ရွှေမန်း ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ နှင့် ပဲတီစိမ်း မှာ ဈေးကွက် ပြန်လာကောင်းမွန် လာပြီး ပြည်တွင်းသုံး ကုလားပဲ အုပ်စုနှင့် မြေပဲလုံးဆံမှာ ဈေးကျဆင်းလာကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။ ပို့ကုန်ပဲတွေ မှာ မတ်ပဲနှင့် ပဲတီစိမ်းမှာ ဈေးကွက်ကျဆင်းနေရာမှ ဇွန် ၂ ရက်နေ့ ဈေးကွက်မှာ မှာ ဈေးမြင့်တက်လာသော်လည်း ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၂၇၀၀၀ ခန့်ဖြင့် ဈေးငြိမ်နေကြောင်း ၊ တရုတ်လမ်းကြောင်းတင်ပို့နေသည့် မြေထောက်ပဲ ၊မြေပဲလုံဆံတို့ မှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ဈေးကျဆင်းသွားကြောင်း နှင့်ပြည်တွင်းသုံးကုလားပဲများ တစ်အိတ်ကျပ် ၂၀၀၀ ဝန်းကျင်ခန့်ဈေးဆင်းလာကြောင်းနှင့် ပဲမာလိုင်းများမှာ ယခင်သီးတင်းပတ်ကဲ့သို့ ဆက်လက် အရောင်းအဝယ် အေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ)က...