Month: <span>May 2022</span>

Post
မြန်မာ့ရွှေဈေး ကျပ်သိန်း ၂၀အောက် ပြန်ကျဆင်းခဲ့

မြန်မာ့ရွှေဈေး ကျပ်သိန်း ၂၀အောက် ပြန်ကျဆင်းခဲ့

ရွှေမန်း မြန်မာ့ရွှေဈေးသည် မေ ၃ရက် နံနက်ပိုင်းက ကျပ်သိန်း ၂၀အောက်ကို ပြန်လည်ကျဆင်းခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။ ” ဧပြီလက ရွှေတစ်ကျပ်သားကို ကျပ် ၂၁သိန်းနီးပါးထိ အမြင့်ဆုံး ဈေးဖြစ်ခဲ့တယ်၊ ဒီနေ့ မေ ၃ရက်မှာတော့ တစ်ကျပ်သား ကျပ်သိန်း ၂၀အောက် ပြန်ကျဆင်းသွားတယ် ” ဟု မန္တလေးမြို့ရှိ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ မြန်မာ့ရွှေဈေးကွက်တွင် ဧပြီ ၂၁ ရက်က အခေါက်ရွှေ တကျပ်သားကို ကျပ် ၂၀၈၆၀၀၀ ထိမြင့်တက်ခဲ့ပြီး အမြင့်ဆုံး ဈေးဖြစ်ခဲ့သည်။ မေ ၃ရက်၌ မြန်မာ့ရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၉၉၃၅၀၀ ကျပ်ဖြစ်ပြီး မေ ၂ရက်က ဈေးဖြင့် နှိုင်းယှဉ်လျှင် ကျပ် သုံးသောင်းကျော် ဈေးကျခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေးသည်...

Post
ဓါတ်မြေသြဇာသွင်းအားးစုတွေ ဈေးမြင့်တက်နေတာကြောင့် နွေစပါးစိုက်ပျိုးမှုအစား နွေနှမ်းကို ပြောင်းလဲ စိုက်ပျိုးလာ

ဓါတ်မြေသြဇာသွင်းအားးစုတွေ ဈေးမြင့်တက်နေတာကြောင့် နွေစပါးစိုက်ပျိုးမှုအစား နွေနှမ်းကို ပြောင်းလဲ စိုက်ပျိုးလာ

ရွှေမန်းပြည်တွင်းဓါတ်မြေသြဇာ သွင်းအားစုတွေ ဈေးမြင့်တက်နေတာကြောင့် နွေစပါးစိုက်ပျိုးမှုအစား နွေနှမ်းကို ပြောင်းလဲ စိုက်ပျိုးလာ ကြောင်းသိရသည်။ပုသိမ်ကြီးမြို့နယ်အတွင်းမှ လယ်မြေများကို စက်မှု ပုံစံကျ ဖော်ဆောင်ထားပြီး တစ်နှစ်ပတ်လုံး မိုးစပါး၊ ကုလားပဲ နှင့်နွေစပါးအစား နွေနှမ်းကို ပြောင်းလဲစိုက်ပျိုးနေသည်မှာ သုံးနှစ်ခန့်ရှိပြီးဖြစ်ပြီး စိုက်ပျိုးစရိတ်သက်သာသလို သီးနှံဈေးကွက်လည်း နွေစပါးစိုက်ပျိုးမှုထက် ပိုမိုအကျိုးအမြတ်များကြောင်း ကြောင်း ပုသိမ်ကြီးမြို့နယ်မှ တောင်သူ ဦးမျိုးသန့်ထံမှသိရသည်။“၁၂လပိုင်းကောက်ကြီးမိုးစပါးရိတ်သိမ်းမှုအပြီး ၁လပိုင်းထဲမှာ ကုလားပဲကိုတော့ ကြားသီးနှံ အဖြစ်စိုက်ပျိုး ပါတယ်။ မတ်လမှာ ကုလားပဲသိမ်းပါတယ်။ မနှစ်ကစပြီ သွင်းအားစုဈေးတွေ ကောင်းလာတော့ နွေစပါးအစား ဆီထွက်သီး နှမ်းကို ပြောင်းလဲ စိုက်ပျိုးပါတယ်။ ဇွန်လ မှ နှမ်းကိုရိုတ်သိမ်းရပါမယ်။နှမ်းပြီးရင် ကောက်ကြီး စပါးမျိုးထုတ်စိုက်ပျိုးပါတယ်။တစ်နှစ်ကိုသုံးသီးစားစိုက်ပျိုးပါတယ်။မိုးစပါးပြီးတာနဲ့ ကြားသီးနှံ ကုလားပဲ စိုက်ပျိုးတာကလည်းကုန်ကျစရိတ်အမျာ းဘူး။ကြားသီးနှံကုလားပဲကို သွင်းအားစု သုံးစွဲမှုလျော့နည်းတော့ မြေလပ်ထားမယ့်အစား ကြားသီးနှံကုလားပဲကို...

Post
သရက်တောင်သူများ အသီးအရည်အသွေးအလိုက် နစ်နာမှုမရှိသည့်ခြံဖြတ်ဈေးဖြင့်ဝယ်ယူကာ မူဆယ်ပွဲရုံများ တရုတ်နိုင်ငံသို့ သရက်သီးစတင်တင်ပို့

သရက်တောင်သူများ အသီးအရည်အသွေးအလိုက် နစ်နာမှုမရှိသည့်ခြံဖြတ်ဈေးဖြင့်ဝယ်ယူကာ မူဆယ်ပွဲရုံများ တရုတ်နိုင်ငံသို့ သရက်သီးစတင်တင်ပို့

ရွှေမန်း သရက်တောင်သူများ အသီးအရည်အသွေးအလိုက် နစ်နာမှုမရှိသည့်ခြံဖြတ်ဈေးဖြင့်ဝယ်ယူကာ မူဆယ်ပွဲရုံများ တရုတ်နိုင်ငံသို့ သရက်သီးစတင်တင်ပို့ ခဲ့ကြောင်းသိရသည်။ယခုနှစ်သရက်သီးရာသီအစစိန်တလုံးသရက်သီးတင်ပို့ချိန်တွင် တရုတ်နိုင်ငံသို့ မူဆယ်ပွဲရုံများက စတင် တင်ပို့ခဲ့ရာ အသီးတင်ပို့မှုဆိုင်ရာ အခက်အခဲအချို့ပြေလျော့အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း နှင့် ယခုနှစ် တွင်တောင်သူများ အသီးတင်ပို့ရာတွင် မူဆယ်ထိ လမ်းကြောင်းတစ်လျှောက် ကြန့်ကြာခြင်း၊ တစ်ဖက် နိုင်ငံသို့တင်ပို့ရာတွင် ပို့ကုန်ဆိုင်ရာအခွန်များ ကားခများ ပွဲခများကို ထည့်တွက်တင်ပို့ရန် မလိုတော့ဘဲ ပွဲရုံများက တောင်သူများခြံမှာ အရည်အသွေးအရွယ်အစားအလိုက် ဈေးကောင်းပေးဝယ်ယူ တင်ပို့သွား မည်ဖြစ်ကြောင်း မူဆယ်ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင် ကပြောသည်။“အကောင်းဆုံးအနေစီစဉ်ထားတာကတော့ အရင်နှစ်တွေက တောင်သူတွေက ပွဲရုံတွေကို အလုပ်အကြွေးပြုရတယ်ပြောကြသလို ဒီနှစ်တော့ ပွဲရုံတွေက တောင်သူတွေကို အလုပ်ကျွေးပြုမယ့်နှစ်လို့ ပြောပါရစေ။ ဆိုလိုတာက ပွဲရုံတွေက တောင်သူတွေ တင်ပို့တွေနဲ့ မနှစ်နာရအောင် သရက်ခြံထဲမှာပဲ ဈေးဖြတ်ဝယ်ပေးသွားပါမယ်။မူဆယ်ကို ရောက်လာတဲ့အချိန် ပွဲရုံတွေက...

Post
ပဲမျိုးစုံဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေပြီး စာအုန်းဆီဂယက်ကြောင့် ဆီထွက်သီးနှံအချို့သာ အရောင်းအဝယ်ကောင်းနေ

ပဲမျိုးစုံဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေပြီး စာအုန်းဆီဂယက်ကြောင့် ဆီထွက်သီးနှံအချို့သာ အရောင်းအဝယ်ကောင်းနေ

ရွှေမန်း ပဲမျိုးစုံဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေပြီး စာအုန်းဆီဂယက်ကြောင့် ဆီထွက်သီးနှံ အချို့သာ အရောင်းအဝယ်ကောင်းနေ ကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရသည်။ သင်္ကြန်ကာလအပြီး ပဲမျိုးဈေးကွက် အရောင်းအဝယ်ပြန်သွက်နေရာမှ ပို့ကုန်ရငွေ အပေါ် ငွေသား ချက်ချင်းရောင်းချရမှုကြောင့် ပို့ကုန်သမားများ ပစ္စည်းတင်ပို့မှုမရှိသေးဘဲ စောင့်ကြည့်နေတာကြောင့် ပြည်တွင်းပဲဈေးကွက်တွင် ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းလာသလို ပြည်တွင်းသုံးပဲများ ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေသည်။ သို့သော်လည်း စားအုန်းဆီတင်သွင်းမှုဂယက်ကြောင့် ဆီထွက်သီးနှံအချို့ဈေးကောင်း လာရာ မြေပဲဆံဈေးမှာ တစ်ပိသာ ကျပ် ၄၀၀၀ ကျော်ထိ ပေါက်ဈေးရှိလာသည်။ လာမည့် မေလအတွင်းမှာ နိုင်ငံခြားငွေဒေါ်လာဈေး သက်မှတ်ချက် အပြောင်းအလဲ မရှိလျှင် ဆက်လက် ဈေးအေးနိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။ “ ပဲမျိုးဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေတယ်။...