Home 2022 April

Month: <span>April 2022</span>

Post
အိန္ဒိယက  မတ်ပဲနှင့် ပဲစဉ်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို (၁)နှစ်သက်တမ်း  ထပ်တိုးပေးတာကြောင့် ပို့ကုန်ပဲများ အမြင့်စျေးအတိုင်းရှိနေမည်

အိန္ဒိယက မတ်ပဲနှင့် ပဲစဉ်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို (၁)နှစ်သက်တမ်း ထပ်တိုးပေးတာကြောင့် ပို့ကုန်ပဲများ အမြင့်စျေးအတိုင်းရှိနေမည်

ရွှေမန်း အိန္ဒိယက မတ်ပဲနှင့် ပဲစဉ်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို (၁)နှစ်သက်တမ်း ထပ်တိုးပေးတာကြောင့် ပို့ကုန်ပဲများ အမြင့်စျေးအတိုင်းဆက်လက် စျေးကောင်းနေမည်ဖြစ်ကြောင်း ပဲကုန်သည်များထံမှသိရသည်။အိန္ဒိယအစိုးရ၊ စီးပွားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က မတ်ပဲနဲ့ ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို ၂၀၂၃ ခုနှစ် မတ်လကုန်အထိ (၁)နှစ်သက်တမ်း တိုးမြှင့်လိုက်ကြောင်းသိရသည်။အိန္ဒိယက ၎င်းတို့ရဲ့ ပြည်တွင်းပဲဈေးနှုန်းကို ထိန်းထားလိုတာကြောင့် ယခုလို တင်သွင်းခွင့်ကာလ သက်တမ်းတိုးပေးလိုက်ခြင်းဖြစ်ပြီး ပဲတင်သွင်းသူတွေအနေနဲ့ ပမာဏအကန့်အသတ်မရှိ လွတ်လပ်စွာ တင်သွင်းနိုင်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။တရားဝင်ထုတ်ပြန်စာကြောင့် ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်ပြီး ပြည်တွင်းမတ်ပဲဈေး အနည်းငယ်ပြန်အေးနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။သို့သော်လည်း နိုင်ငံခြားငွေတန်ဖိုး မြင့်တက်နေချိန်ဖြစ်တာကြောင့် အလွန်အမင်း ကျဆင်းမှုတော့ မဖြစ်နိုင်ပဲ ခေတ္တဈေးအေးမှုသာ ဖြစ်နိုင်ပြီး အမြင့်စျေးနှင့် ဆက်လက်တည်ရှိနေနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။“လတ်တလော အခြေအနေမှာ မြန်မာမတ်ပဲဈေး...

Post
Vaccinating covid shield makes self-confidence. ကာကွယ်ဆေးထိုခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတယ်။

Vaccinating covid shield makes self-confidence. ကာကွယ်ဆေးထိုခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတယ်။

Vaccinating covid shield makes self-confidence.ကာကွယ်ဆေးထိုခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတယ်။https://youtu.be/_kbMgjvsKsg

Post
ပွင့်ဝေနေရမဲ့အစား..လွင့်ခြွေကြွေသွားတဲ့ပန်းကလေး

ပွင့်ဝေနေရမဲ့အစား..လွင့်ခြွေကြွေသွားတဲ့ပန်းကလေး

မင်းမင်းအောင်(စလင်း) ”ကလင်လင်”….”ကလင်လင်”…”ကလင်လင်”….. (၃)နာရီလောက်မှ…အိပ်ရာဝင်ခဲ့ရတယ်။ဖုန်းမြည်သံကြားလို့…ခေါင်းထဲကမကြည်မလင်..အိပ်ချင်မူးတူးနဲ့…ဖုန်းကိုင်လိုက်တော့…..”ဟလို…စလင်းကြက်ခြေနီကလားရှင့်”…”ဟုတ်…အမိန့်ရှိ..ပါ..ခင်ဗျ””ကျွန်မတို့ဆေးရုံ….သီးသန့်လူနာထားတဲ့အခန်းထဲက…ကိုဗစ်ရောဂါနဲ့…တစ်ယောက်…ဆုံး…သွားလို့ပါ…ရှင့်”….”အဲဒါ…မီးသင်္ဂြိုလ်ပေး..ဖို့…အကြောင်းကြားတာပါ…ရှင့်””ဘယ်အချိန်..လောက်..သင်္ဂြိုလ်ပေးနိုင်မလဲ…ရှင့်”…”ကာယကံရှင်တွေကို…အကြောင်းကြားရဦးမှာ…မို့ပါရှင့်””ဟုတ်..ဆရာမ..မြို့နယ်ကြက်ခြေနီ.တပ်ဖွဲ့မှူးနဲ့…တိုင်ပင်ပြီး…အကြောင်းပြန်ပေးပါ့မယ်…ခင်ဗျ” ပိုးတွေ့လူနာတွေကို..ကူညီသယ်ဆောင်ပေးနိုင်မဲ့သူတွေ…မရှိခဲ့ကြပါဘူး။ကျွန်တော်တို့မြန်မာနိုင်ငံကြက်ခြေနီအသင်းကတော့..အမျှော်အမြင်ကြီးစွာနဲ့..ကိုဗစ်ရောဂါ.ကူးစက်မှု..ကို..ကာကွယ်နိုင်တဲ့P.P.Eဝတ်စုံ..ဝတ်ဆင်နည်းတွေကိုအွန်လိုင်းကနေ…သင်တန်းပေးခဲ့ကြပါတယ်။အဲဒီတော့..ရောဂါပိုးကူးစက်သူ၊ထိစပ်သူတွေကိုကူညီသယ်ဆောင်ဖို့အတွက်ကျွန်တော်တို့ကြက်ခြေနီတွေကပဲ…လိုအပ်ချက်အရတာဝန်ယူ.ခဲ့ကြရပါတယ်။..ပိုးတွေ့လူနာတွေ၊ထိစပ်သူတွေကို…သီးသန့်ထားတဲ့ဆေးရုံနဲ့စင်တာတွေကို..ကူညီပို့ဆောင်ပေးရုံမကပဲ…ပိုးတွေ့လူနာတွေနေထိုင်ခဲ့တဲ့နေအိမ်တွေမှာ…ပိုးသတ်ဆေးဖြန်းပေးတဲ့ကိစ္စတွေကိုပါ…တာဝန်ယူကူညီနိုင်ခဲ့ကြပါတယ်။ သိမြင်လာပြီးကိုယ်ချင်းစာတတ်လာခဲ့ပါတယ်။ အတူမနေရတဲ့…ဆင်းရဲဒုက္ခ..အခုလို.ကိုဗစ်ရောဂါနဲ့…ဆုံးပါးသွားလို့..ပူဆွေးရတဲ့..ဆင်းရဲဒုက္ခ..တွေနဲ့..သောက.အပူမီးတွေ.ဆင့်ကဲဆင့်ကဲ.လောင်နေလိုက်ကြတာ….။ဒီကြားထဲ…ကိုဗစ်ရောဂါပိုးကြောင့်သေဆုံးခဲ့ရင်…ရောဂါပိုးကူးစက်မှုတွေဖြစ်လာနိုင်လို့.အကြောက်တရားတွေနဲ့..ဘယ်သူမှမကိုင်ရဲ..သင်္ဂြိုလ်ပေးရဲတဲ့သူက..မရှိ။ဒုက္ခဆင်းရဲတွေတစ်ပုံကြီးဖြစ်နေတဲ့..သူတွေရဲ့ဆင်းရဲဒုက္ခတွေကိုလျော့ချပေးရမဲ့..ကျွန်တော်တို့ကြက်ခြေနီတွေရဲ့..ရည်ရွယ်ချက်နဲ့အညီ..လိုအပ်ချက်တစ်ခုအရကျွန်တော်တို့..ကြက်ခြေနီ..စေတနာဝန်ထမ်းတွေ..အနေနဲ့ရောဂါပိုးကူးစက်ခဲရသူတွေ..ထိစပ်တွေကိုသယ်ယူပို့ဆောင်ရေးလုပ်ပေးဖို့တင်မကတော့ပဲ..ကိုဗစ်နဲ့သေဆုံးသူတွေရဲ့အလောင်းတွေကို..အန္တရာယ်ကင်းစွာနဲ့မီးသင်္ဂြိုလ်ပေးဖို့အတွက်ပါကူညီကြရပါတော့တယ်။ကိုဗစ်နဲ့သေဆုံးသူတွေရဲ့အလောင်းတွေကို…မီးသင်္ဂြိုလ်ဖို့အတွက်.P.P.E..ဝတ်စုံတွေ..ဝတ်ပြီးကိုင်တွယ်ထုတ်ပိုးမှုတွေ..ပြုလုပ်ကြရလို့မိသားစုတွေမှာ…ကိုင်တွယ်ထိတွေ့ခွင့်တွေ..မရကြ..တဲ့အပြင်…သေဆုံးသူအလောင်းကို..ဆေးအထပ်ထပ်ဖြန်းပြီးစနစ်တကျ..လုံခြုံအောင်ထုတ်ပိုးကြရတာမို့..မျက်နှာလေးတောင်..ကြည့်ခွင့်မရတဲ့…အဖြစ်။အားရပါးရ…ဖက်ပြီး..ငိုခွင့်မရတဲ့အဖြစ်….။သူတို့လေးတွေရဲ့..စိတ်ထဲမှာထိခိုက်စွာခံစားနေရတဲ့..စိတ်ဒဏ်ရာတွေကိုလည်း…စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေပြုလုပ်ပေးကြရပြန်ပါတယ်။ကျွန်တော်တို့မြို့လေးမှာတော့…ဒုတိယလှိုင်း၊တတိယလှိုင်းနဲ့ခု..မျိုးဆက်သစ်..”အိုမီခရွန်”..ကာလတွေမှာရောဂါပိုးကူးစက်ခံရသူနဲ့သေဆုံးသူတွေကို..ထိတွေ့ကိုင်တွယ်ကြရတဲ့..စေတနာဝန်ထမ်းအဖွဲ့..ကတော့ကျွန်တော်တို့ကြက်ခြေနီတွေပဲရှိကြပါတယ်။”မလိုအပ်ပဲ..အင်အားမသုံးပါနဲ့”ဆိုတဲ့မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့..အမှာစကားကြောင့်…ကျွန်တော်တို့..စလင်းကြက်ခြေနီအနေနဲ့…ကိုဗစ်ရောဂါကူးစက်သူတွေနဲ့သေဆုံးသူတွေကို.ထိတွေ့ကိုင်တွယ်ဖို့…မိမိဆန္ဒအလျှောက်..စေတနာဝန်ထမ်းဖို့…ဆန္ဒပြုကြတဲ့သူတွေထဲက…လေးဦးကိုရွေးချယ်…ပြီးထိထိရောက်ရောက်…ကူညီ.နိုင်.ခဲ့ကြ..ပါတယ်။ မြို့သူမြို့သားတွေက…ချစ်စနိုးနဲ့အမည်ပေးထားခြင်းကိုခံလိုက်ကြရပြန်ပါတယ်…”စလင်းတွတ်ပီ…လေးယောက်”..တဲ။တတိယလှိုင်းမှာအောက်စီဂျင်လိုအပ်မှုတွေများခဲ့လို့…နောက်နောင်မဖြစ်ရအောင်ဆိုပြီး…မြို့မိမြို့ဖများရဲ့ကြိုးပမ်းအားထုတ်မှု၊ကြောင့်အောက်စီဂျင်စက်ရုံတစ်ခုဆောက်လုပ်သုံးစွဲခွင့်ရလာတော့လည်းကျွန်တော်တို့စလင်းတွတ်ပီတွေ…ကပဲတာဝန်ယူ…လည်ပတ်ပေးနေ..ရ..ပြန်ပါတယ်။”ကလင်လင်”….”ကလင်လင်”…”ကလင်လင်”….အတွေးတွေထဲ…နစ်မြောပြီးပြုံးမိနေတုန်း….ဖုန်းဝင်လာလို့..နီတည်လိုက်တော့….မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဆီက…ဖုန်း။”ဟယ်လို…ဟုတ်…တပ်ဖွဲ့မှူး..အော်…ဟုတ်ကဲ့…ဟုတ်ကဲ့…အခုထွက်ခဲ့ပါမယ်….ခင်ဗျ”…..”အိုမီခရွန်”…ကူးစက်ခံရပြီး…သေဆုံးတဲ့…အသက်အငယ်ဆုံး…မိန်းကလေးရဲ့..အလောင်းကို….မီးသင်္ဂြိုလ်ပေးရဖို့…ဆေးရုံကို…”စလင်းတွတ်ပီလေးယောက်”သွားခဲ့ကြရပြန်ပါတယ်။”အမေကမရှိတော့ဘူး”….”မွေးချင်းငါးယောက်”…”အကိုလေးယောက်ရဲ့အငယ်ဆုံးညီမလေး”..တဲ့။…တစ်ဦးတည်းသောညီမလေးမို့အကိုတွေကဘယ်လောက်တောင်ဝိုင်းပြီးချစ်ကြမလဲ။.မိသားစုထဲမှာတစ်ယောက်ထဲသောမိန်းကလေး…..မို့ဘယ်လောက်များတန်ဖိုးထားလိုက်ကြမလဲ။ရက်စက်လိုက်တာ…ကိုဗစ်ရယ်။”အမည်က…..မစုပုံချစ်”….”အသက်က(၂၁)နှစ်”…..”နေရပ်က… ”…….”ရွာ။ဟောဗျာ..ရွာက….မြို့နဲ့နီးနီးလေး။”သူ..ငယ်ငယ်လေးထဲက…အမေကဆုံးသွားတာ”။အော်..ကံကြမ္မာရယ်လုပ်ရက်လိုက်တာ။.”မိတစ်ဆိုးလေးဆိုတော့ဝိုင်းပြီးချစ်လိုက်ကြတာ”…”အလိုလိုက်ချက်ကလည်းမျက်နှာတစ်ချက်အညိုးမခံကြဘူး”…တဲ့။ဟော..အဲ့လိုကျတော့လည်း…လောကကြီးက…မျက်နှာသာပေး..ပြန်ရော။ကောင်မလေး…ငယ်ငယ်လေးကတည်းက….နှလုံးရောဂါသည်လေးဖြစ်နေပေမဲ့…ပုံမှန်စားရမဲ့ဆေးတောင်သူတို့ညီမလေးမစားချင်ရင်…စိတ်ဆင်းရဲမှာစိုးလို့…..မကျွေးခဲ့ကြဘူး…ဆိုပဲ။နှလုံးရောဂါကို…စနစ်တကျ…ကုသမှုမလုပ်ခဲ့လေတော့….ရောဂါမွေးထားသလိုဖြစ်နေတာ…ကို…အချစ်ကြီးချစ်ကြတဲ့…မိသားစုတွေ..သတိမထားမိခဲ့ဟန်တူပါသည်။ကိုဗစ်(၁၉)မျိုးဆက်သစ်”အိုမီခရွန်”ကူးစက်ခံနေရပြီလို့ယူဆမိကြပေမဲ့…..သူတို့ညီမလေးရဲ့…စိတ်ချမ်းသာမှုကိုရှေးရှုပြီး…ဆေးရုံဆေးခန်းတွေမှာစနစ်တကျကုသမှုတွေ…ပြုလုပ်ဖို့…ပျက်ကွက်ခဲ့ကြပြန်တယ်။”အိုမီခရွန်က..မပြင်းထန်ပါဘူးသာမန်ရာသီတုတ်ကွေးလိုပဲ….သူ့ဘာသာသူ…သက်သာသွားမှာ”….လို့လဲ…ပါတ်ဝန်းကျင်မှာပြောဆိုနေကြ….တာ…ကို။”မနေ့ကမှ…အသက်ရှူတွေကျပ်…အောက်စီဂျင်တွေကျ…ပြီးအမောဖောက်နေလို့….ဆေးရုံကိုပို့လိုက်ရတာ…ဒီနေ့မနက်စောစောမှာ…ဆုံးသွားတာ”။ကျန်းမာရေးအသိတွေနည်းပြီး…နောက်ဆုံးအချိန်တွေ…မှဆေးရုံကိုရောက်လာ….တော့…ဆရာဝန်တွေသူနာပြုတွေအစွမ်းကုန်ကြိုးစားကြပေမဲ့အချိန်မမီတော့…လက်လျော့လိုက်ကြရတာပေါ့။ဒီကြားထဲ….ပြောလိုက်ကြသေးတယ်…”ဆေးရုံရောက်ရင်…သေတာပဲ”…တဲ့။ ကျွန်တော်တို့…အဖွဲ့တွေ..P.P.Eဝတ်စုံတွေဝတ်ပြီး…ကိုဗစ်လူနာသီးသန့်ထားတဲ့..အခန်းထဲကိုဝင်ပြီး…သေဆုံးသူရဲ့အလောင်းကို…ဆေးအထပ်ထပ်ဖြန်း…စနစ်တကျအထပ်ထပ်ထုတ်ပိုးပြီး…ဆေးရုံမှလူနာတင်ယာဥ်တစ်စီး၊ကြက်ခြေနီလူနာတင်ယာဥ်နှစ်စီးတို့နှင့်ဆေးရုံမှမီးသင်္ဂြိုလ်စက်ရှိရာသို့…ထွက်ခွာခဲ့ကြပါတယ်။လမ်းတစ်လျောက်မှာအရေးပေါ်လူနာတင်ယာဥ်ရဲ့အမှတ်အသားအသံ”တီးတောင်..တီးတောင်…တီးတောင်”နဲ့သုံးစီးပြိုင်ဖွင့်ပြီး…ဖြေးဖြေးချင်းမောင်းနှင်ခဲ့ကြပါတယ်။ဒီအသံတွေကြားတဲ့သူတိုင်း…ရောဂါတွေကူးစက်နေကြတုန်းပါ…သေဆုံးသူတွေရှိနေဆဲပါ…နောက်ဆုံးခရီးမှာ..ဒီလိုအဖြစ်ဆီုးမျိုးတွေမဖြစ်ရလေအောင်…ကျန်းမာရေး..အသိရှိကြပါ…လို့ကျွန်တော်တို့သတိပေးနေကြတာပါ။”မသာတစ်ခေါက်…ကျောင်းဆယ်ခေါက်”ဆိုတဲ့စကားပုံအတိုင်းသာဆိုရင်…ကွန်တော်တို့…အခေါက်ပေါင်းများစွာမီးသင်္ဂြိုလ်ပေးခဲ့ကြရလို့…ကုသိုလ်တွေမနည်းတော့ပါဘူး…သံဝေဂ…တွေလည်းရလှပါပြီ။မီးသင်္ဂြိုလ်စက်ရောက်တော့…ငိုလိုက်ကြတဲ့.ဗမွးချင်းတွေ…အကိုတွေ..တိုင်နဲ့ခေါင်းနဲ့ဆောင့်သူတွေဆောင့်၊နံရံကိုလက်သီးနဲ့ထိုးတဲ့သူတွေကထိုး…ဝမ်းနည်းကျေကွဲနေလိုက်ကြတာ။သူတို့ညီမလေးကို…သူတို့ကချစ်ခဲ့ကြတယ်လို့..ထင်နေကြပေမဲ့..ချစ်ရာမရောက်နှစ်..ရာရောက်..သွားတယ်ဆိုတာကိုရောသိမှသိကြပါ့မလား။ကိုဗစ်လူနာအလောင်းကို..ကားပေါ်ကနေ..ချကတည်းကပိုးသတ်ဆေးလိုက်ဖြန်းရပါတယ်။မီးသင်္ဂြိုလ်စက်ထဲကိုအလောင်းထည့်ခဲ့ပြီးပြန်ထွက်လာတာနဲ့..အဖွဲ့သားတွေအားလုံးကို..ပိုးသတ်ဆေးနဲ့..ဖြန်းပြီး..P.P.Eဝတ်စုံတွေကို..စနစ်တကျလေ့ကျင့်သင်ကြားထားတဲ့အတိုင်းချွတ်ပြီး…မီးရပစ်လိုက်ကြပါတယ်။မီးသင်္ဂြိုလ်စက်က..ထွက်လာတဲ့..မီးခိုးမဲမဲတွေ..ထိုကတဆင့်..မီးခိုးဖြူဖြူတွေ..တလိမ့်လိမ့်နဲ့…မိုးကောင်းကင်ပေါ်ကို..လွင့်တက်..သွားနေပါတော့တယ်။အသက်(၂၁)နှစ်အရွယ်သမီးလေး..ရဲ့ခန္တာကိုယ်ကိုစွဲလောင်နေတဲ့မီးခိုးဖြူဖြူတွေ…ကောင်းကင်ယံထက်…တိုးဝှေ့..ထိုးတက်…ရင်း..နှုတ်ဆက်.ခွဲထွက်…နေပြီလေ။ဒီအသက်အရွယ်လေးတွေက…အပင်ပေါ်မှာရနံမွှေးမွှေး…မာန.လေးတွေနဲ့လှသွေးကြွယ်စွာ…ပွင့်ဝေဖြာနေရမဲ့..အချိန်လေးပါ။ခုတော့လည်း..ကျန်းမာရေးအသိတွေနည်း..ခဲ့ရလို့မွှေးရနံမဖြာ…မာနတွေခဝါချ..လို့လွင့်ကြွေကာ…ကျခဲ့ရရှာပေါ့လေ။.ကိုရိုနာဗိုင်းရပ်(ကိုဗစ်)က..ဘယ်တော့မှပြီးသွားတယ်လို့ရှိမှာမဟုတ်ဘူး….ဘယ်လိုအတူယှဥ်တွဲနေထိုင်ရမလဲဆိုတာကိုပဲ…လေ့လာသင်ယူနေကြရမှာပါ။နောက်ထပ်ပန်းကလေးပေါင်းများစွာလည်း…ကိုဗစ်…ချွေလို့..မကြွေ…ကိုယ်ချစ်တဲ့သူတွေနဲ့..အတူတူနေပြီးမွှေးရနံတွေနဲ့…ပင်ယံထက်မှာဝေဖြာနိုင်ကြရအောင်….ကျန်းမာရေးအသိ၊ကျန်းမာရေးသတိတွေရှိကြပါ…လို့တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။