Home 2021 September

Month: <span>September 2021</span>

Post
ကိုဗစ် လှိုင်းသစ်လား

ကိုဗစ် လှိုင်းသစ်လား

ကိုဗစ်က မျိုးကွဲတွေ ရှိပေမယ့် ကိုဗစ်က ကိုဗစ်ပါပဲ။ Mutation ကြောင့် အခု မပေါ်သေးတဲ့ မျိုးကွဲတွေလည်း ပေါ်လာနိုင်သေးတာပါပဲ။ ကူးပုံက အတူတူပါ။ မျိုးကွဲ ဆိုတာ ထောင်ကဲကြီးနဲ့ ဝတို့က ဆိုတာမျိုးပါ။ ဒိုတီဝတ် ကုလားနဲ့ ပုဆိုးဝတ် ကုလား ကွာသလောက်ပါ။ အဲတော့ ကိုယ့်ဘက်က ကာကွယ်သင့်တာ ကာကွယ်ကြဖို့ပါပဲ။(၁) ကာကွယ်ရေး လိုက်နာမှုပိုင်းမှာ လက်ဆေး၊ Mask တပ်၊ လူစုလူဝေး ရှောင်၊ မလိုအပ်ပဲ အပြင် မထွက်ကြဖို့ပါ။(၂) စီမံခန့်ခွဲမှုပိုင်းမှာ ကာကွယ်ရေး၊ ရောဂါ ရှာဖွေရေး၊ contact tracingနဲ့ ကုသရေးပိုင်းကို စည်းကြပ်တာ စည်းကြပ်ရမှာပါ။ TB Contact Tracing တောင် ဟုတ်တိပတ်တိ ဘယ်တုန်းကမှ မလုပ်နိုင်ခဲ့တာ ကိုဗစ်ကျမှ လူတွေချည်း...

Post
တရုတ်နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်မည့်ရက် မသေချာသေးတာ ကြောင့် နှမ်းနက် အ၀ယ် အနည်းငယ်လျော့ကျ သော်လည်း ပဲတီစိမ်း၀ယ်လိုအားကောင်းနေ

တရုတ်နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်မည့်ရက် မသေချာသေးတာ ကြောင့် နှမ်းနက် အ၀ယ် အနည်းငယ်လျော့ကျ သော်လည်း ပဲတီစိမ်း၀ယ်လိုအားကောင်းနေ

ရွှေမန်း ပို့ကုန်ပဲ များဖြစ်သည့် ပဲစဉ်းငုံ ၊မတ်ပဲ ပဲတီးစိမ်း စျေးနှုန်းများ ဆက်လက် စျေး မြင့်တက်လာနေပြီး တရုတ်နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်မည့်ရက် မသေချာသေးတာ ကြောင့် နှမ်းနက် အ၀ယ် အနည်းငယ်လျော့ကျသော်လည်း ပဲတီစိမ်း၀ယ်လိုအားကောင်းနေ ကြောင်းသိရသည်။စက်တင်ဘာ ဒုတိယ သီတင်းပတ် တွင် ဗဟိုဘဏ်မှာ ၁၅ သန်း တစ်ကြိမ် ၊၈ သန်း တစ်ကြိမ် ထုတ်ရောင်း လာမှုကြောင့် နိုင်ငံခြားငွေ ဒေါ်လာပေါက်စျေး ကျပ် ၂၀၀၀ ကျော်နေရာမှ ကျပ် ၁၉၀၀ခန့့် ကျဆင်းလာခြင်းနှင့် အတူ ပဲမျိုစုံ အ၀ယ်မှာ အနည်းငယ် အေးသွားသည်။သို့သော်လည်း ပဲစဉ်းငုံစျေး ၊ပဲတီစိမ်း စျေးများဆက်လက် မြင့်တက်လာပြီး၊မတ်ပဲ နှင့် နက်စျေး မှာ ရပ်တန့်နေကြောင်း ပြည်တွင်းသုံး ကုလားပဲနှင့် ပဲမာများလိုင်းများမှာ...

Post
ဒေါ်လာစျေး မြင့်တက်လာမှုနှင့် အတူ ပြည်တွင်းစက်သုံးဆီစျေးမှာ  ရှစ်လ အတွင်း ဂါလံ ၅၀ တစ်ပေပါလျှင်ကျပ် တစ်သိန်းကျော် စျေးမြင့်တက်လာ

ဒေါ်လာစျေး မြင့်တက်လာမှုနှင့် အတူ ပြည်တွင်းစက်သုံးဆီစျေးမှာ ရှစ်လ အတွင်း ဂါလံ ၅၀ တစ်ပေပါလျှင်ကျပ် တစ်သိန်းကျော် စျေးမြင့်တက်လာ

ရွှေမန်း နိုင်ငံခြားငွေဒေါ်လာစျေး မြင့်တက်လာမှုနှင့် အတူ ပြည်တွင်းစက်သုံးဆီစျေးမှာ ဖေဖော်ဝါရီ လ မှ စက်တင်ဘာ လ လယ် ထိ ရှစ်လ တာကာလ အတွင်း ဂါလံ ၅၀ တစ်ပေပါလျှင်ကျပ် တစ်သိန်းကျော် စျေးမြင့်တက်လာ ကြောင်း သိရသည်။ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၊နိုင်ငံရေး အပြောင်းအလဲများနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်လာ တာနှင့် အတူ နိုင်ငံခြားမှ တင်သွင်းသုံးစွဲရသည့် စက်သုံးဆီ ဓါတ်ဆီ ၊ဒီဇယ်စျေးနှုန်းများမှာ ဖေဖော်ဝါရီလကုန်ပိုင်းမှ လက်ရှိအချိန်ထိ ရှစ်လတာ ကာလအတွင်း တဖြေးဖြေး မြင့်တက်လာရာ စက်တင်ဘာ ၁၄ ရက်နေ့ စက်သုံးဆီပေါက်စျေးများ အရ ဂါလံ(၅၀) တစ်ပေပါလျှင် ကျပ် တစ်သိန်းကျော် စျေးနှုန်းမြင့်တက်လာ ကြောင်း မန္တလေးမြို့ စက်သုံးဆီ...

Post
ကိုဗစ်19ကူးစက်ခံရပြီဆိုရင်နောက်ဆက်တွဲ အဆုတ်ထိခိုက်မှု၊သွေးခဲမှုစတာတွေအောက်စီဂျင် ကျ‌စေတာတွေကအသက်ဆံားရှုံးသည်အထိဖြစ်စေနိုင်ပါတယ်။ဒါကြောင့် မဖြစ်ပွားခင်က ကြိုတင်ကာကွယ်ကြပါ။
Post
ပိုးသတ်ဆေး ယဥ်ပါးမှု အန္တရာယ်

ပိုးသတ်ဆေး ယဥ်ပါးမှု အန္တရာယ်

ကိုဗစ်ကာလမှာ အားလုံးက ကိုဗစ်ကို ကြောက်နေချိန် ကျနော်မှာလည်း စိုးရိမ်စိတ် တခု ရှိပါတယ်။ အဲဒါကတော့ ပိုးသတ်ဆေး ယဥ်ပါးမှု အန္တရာယ်ပါ။ ကိုဗစ်ခေတ်မှာ အွန်လိုင်းကနေ ဖတ်ရ၊ သိရတာတွေက တဆင့် လူတွေ အတွက် ကျန်းမာရေး-အသိ တိုးပွားရသလို တဖက်ကလည်း အစိုးရိမ် လွန်စိတ်နဲ့ မသောက်သင့်ပဲ ဆေးတွေ ကြိုသောက်ကြမှာ စိုးရတာလည်း ရှိပါတယ်။အဲဒီထဲမှာ ပိုးသတ်ဆေးတွေလည်း ပါပါတယ်။အခုဆို Azithromycin 500mg သုံးလုံး တကဒ်ကို နှစ်ထောင်နီးပါး ပေးဝယ်နေရတာပါ။ ကိုဗစ် ဖြစ်မှာ စိုးလို့၊ ကိုဗစ် ဖြစ်ရင် ပိုမဆိုးရအောင်လို့ ကြိုဝယ်သောက်ကြတာ ရှိသလို မလိုအပ်ပဲ ‌‌ဆေးညွှန်းထဲ ကြိုထည့်ပေးတာတွေလည်း တွေ့ရပါတယ်။ တချို့ကျ အနည်းဆုံး ငါးရက်-တပတ် သောက်ရမယ့် ပိုးသတ်ဆေးမျိုးတွေကို သောက်ချင်တဲ့အခါ...

Post
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးဆက်ပြန့်ပွားမှုကယခုထက်တိုင် ပြန့်ပွားဆဲမို့ သတိနဲ့ဆင်ခြင်နေထိုင်ကြပြီးရောဂါကူးဆက်ခံရမှုရိှမရှိကို စစ်ဆေးကာကွယ်ကြပါ
Post
စက်တင်ဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန် နှစ်နိုင်ငံညှိနှိုင်းလျက်ရှိ

စက်တင်ဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန် နှစ်နိုင်ငံညှိနှိုင်းလျက်ရှိ

ရွှေမန်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်နေခြင်းနှင့်အတူ ရောဂါကူးစက်ခံရမှုလျော့နည်းလာ သဖြင့် ရပ်တန့်လျက်ရှိသော မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအား စက်တင်ဘာလအတွင်း ပြန်လည်စတင်နိုင်ရန် နှစ်နိုင်ငံညှိနှိုင်းလျက်ရှိကြောင်း မူဆယ်သစ်သီးကုန်စည်ဒိုင် က သိရသည်။ တရုတ်အာဏာပိုင်များနှင့် မြန်မာဘက်မှ တာဝန်ရှိသူများ ညှိနှိုင်းရာတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုတင် ၁၀၀၀ ဆန့် ကိုဗစ်စစ်ဆေးကုသရေးစင်တာ ဖွင့်လှစ်ပြီးပါက ၁၀၅ မိုင်သို့ မရောက်ခင်တွင် ဂိတ်တစ်ခု ဖွင့်ပေးပြီး ကုန်ကားမောင်းသူများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးကာ အကယ်၍ ပိုးတွေ့ပါက ကိုဗစ်စင်တာတွင် ရောဂါ ကုသပေးရန် စသဖြင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တည်ဆောက်လျက်ရှိသည့် ကုတင် ၁၀၀၀ ဆံ့ ကိုဗစ်-၁၉...

Post
အိန္ဒိယ-တရုတ် ပို့ကုန်ပဲ များဖြစ်သည့် ပဲစဉ်းငုံ ၊မတ်ပဲ ပဲတီးစိမ်း ဈေးနှုန်းများ ကျပ် တစ်သောင်းဝန်းကျင် ဈေး မြင့်တက်လာပြီး ပြည်တွင်းသုံးကုလားပဲ အုပ်စုပဲများ အမြင့်ဈေးဖြင့်ရပ်တန့်နေ

အိန္ဒိယ-တရုတ် ပို့ကုန်ပဲ များဖြစ်သည့် ပဲစဉ်းငုံ ၊မတ်ပဲ ပဲတီးစိမ်း ဈေးနှုန်းများ ကျပ် တစ်သောင်းဝန်းကျင် ဈေး မြင့်တက်လာပြီး ပြည်တွင်းသုံးကုလားပဲ အုပ်စုပဲများ အမြင့်ဈေးဖြင့်ရပ်တန့်နေ

ရွှေမန်း အိန္ဒိယ-တရုတ် ပို့ကုန်ပဲ များဖြစ်သည့် ပဲစဉ်းငုံ ၊မတ်ပဲ ပဲတီးစိမ်း ဈေးနှုန်းများ ကျပ် တစ်သောင်းဝန်းကျင် ဈေး မြင့်တက်လာပြီး ပြည်တွင်းသုံးကုလားပဲ အုပ်စုပဲများ အမြင့်ဈေးဖြင့်ရပ်တန့်နေ ကြောင်းသိရသည်။ ပြည်တွင်း မှာ နိုင်ငံခြားငွေ ဒေါ်လာ၊ ယွမ် ငွေလဲနှုန်းများ မြင့်တက်လာတာနှင့် အတူ ပို့ကုန် ပဲဈေးများ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၀၀၀၀ ကျော် ဈေးမြင့်တက်လာကြောင်း ၊ မကြာမီတရုတ်နယ်စပ်ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်မည့် အခြေအနေများကြောင့် ပဲတီးစိမ်း ၊နှမ်းနက် နှင့် အခြားပဲမာလိုင်းများဈေးမြင့်တက်လာသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စု မှာ အမြင့်ဈေးဖြင့် ရပ်တန့်နေကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင်က ပြောသည်။ “ ပဲမျိးစုံဈေးက နိုင်ငံခြားငွေဈေးတက်တာနဲ့ အတူအကုန်တက်နေပါတယ်။ တရုတ်နိုင်ငံတင်ပို့ တဲ့...