Home 2020 November

Month: <span>November 2020</span>

Post
“မကွေးကုန်သည်ကြီးများအသင်းမှ သီလရှင်ဆရာလေး ၅၄၅ ပါးကို ဝတ္ထုငွေ  ဆွမ်းဆန် ဆီနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း”

“မကွေးကုန်သည်ကြီးများအသင်းမှ သီလရှင်ဆရာလေး ၅၄၅ ပါးကို ဝတ္ထုငွေ ဆွမ်းဆန် ဆီနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း”

မကွေးနိဝင်ဘာ ၁ “မကွေးကုန်သည်ကြီးများအသင်းမှ မြို့ပေါ်ရှိ သီလရှင်ဆရာလေး ၅၄၅ပါးအား ဝတ္ထုငွေ ဆွမ်းဆန် ဆီ မြေပဲဆံ ကုလားပဲ ကြက်ဥ အာလူးကြော် ကြက်သွန် ဆပ်ပြာ ဆားတို့ကို အောက်တိုဘာလ ၃၀ ရက်နေ့က လှူဒါန်းခဲ့သည်။ “ကိုဗစ်ကာလမှာ သီလရှင်ဆရာလေးတွေ ဆွမ်းအလှူခံထွက်ရာမှာ အခက်အခဲရှိနေတဲ့အတွက် ဆွမ်းဆန် အခက်အခဲမရှိစေရေးအတွက် ကုန်သည်ကြီးများအသင်းသူ အသင်းသားများ စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ဒုတိယအကြိမ်မြောက်လှူဒါန်းမှုလည်းဖြစ်သည်။ “အခုလိုလှူဒါန်းတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်းကျပ်သိန်း၁၃၀ ဝန်းကျင်တန်ဖိုးရှိပြီး သီလရှင်များအတွက်တဖက်တလမ်းကနေ အထောက်အကူပြုနိုင်ဖို့ရည်ရွယ်​တယ်ဟု မကွေးကုန်သည်ကြီးများအသင်းဥက္ကဌ ဦးဖိုးနီက ပြောသည်။ “ကုန်သည်ကြီးများအသင်းအနေနှင့် သီလရှင်များကိုလှူဒါန်းသည့်အပြင် အခြေခံလူတန်းစားများကိုလည်း ဆန်၊ဆီ၊ကြက်သွန်၊ maskစသည်များကို လှူဒါန်းမှုရှိကြောင်း သိရသည်။ အရင်က သီတင်းကျွတ်ကာလမှာအလှူအတန်းတွေပြုလုပ်ဖြစ်ပေမယ့် အခုက ကိုဗစ်ကာလဖြစ်နေတဲ့အတွက် အသင်းအနေနဲ့ လိုအပ်တဲ့နေရာတွေမှာပဲ လှူဒါန်းတာတွေလုပ်နိူင်တော့တယ်ဟု ဦးဖိုးနီကဆိုသည်။ “မြို့ပေါ်မှာရှိတဲ့...

Post
ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များ၌ အသက် (၆၀) နှစ်အထက် အဘိုး၊ အဘွားများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ

ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များ၌ အသက် (၆၀) နှစ်အထက် အဘိုး၊ အဘွားများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ

ဂန့်ဂေါ အောက်တိုဘာ ၃၁ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော မြို့နယ်များတို့၌ အသက် (၆၀) နှစ်အထက် အဘိုး၊ အဘွားများ သည် မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင် အောက်တိုဘာ ၂၉ ရက်မှစတင်ကာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၌ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။ ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်၌ အသက် (၆၀ ) နှစ်အထက် အဘိုး၊ အဘွား ၁၀၉၃၀၅ ရှိပြီး ၆၉၉၀ ဦးသည်လည်းကောင်း၊ ထီးလင်းမြို့နယ်၌ အသက် (၆၀) နှစ်အထက် အဘိုး၊ အဘွား ၃၉၄၂၆ ဦးရှိပြီး ၂၅၁၉ ဦးသည်လည်းကောင်း၊...