Home 2020 September

Month: <span>September 2020</span>

Post
စည်းရုံးလှုံ့ဆော်ရေး ( Advocacy and lobby) online သင်တန်းကို အွန်လှိုင်း ဖြင့် ပထမဆုံးကြိမ် ကျေးရွာတွင် ပြုလုပ်

စည်းရုံးလှုံ့ဆော်ရေး ( Advocacy and lobby) online သင်တန်းကို အွန်လှိုင်း ဖြင့် ပထမဆုံးကြိမ် ကျေးရွာတွင် ပြုလုပ်

ကြာကန်၊စက်တင်ဘာ(၁၁)       ကျေးရွာ လူငယ်၊ လူကြီးများ စွမ်းရည်မြှင့်ရန်အတွက် Covid 19 ကာလ ဖြစ်သောကြောင့်ကျေးရွာ လူထုနှင့် အွန်လှိုင်း ဖြင့် ပထမဆုံးကြိမ် ပြုလုပ်ခြင်း ဖြစ်သည် ဟုကျေးလက်မြေမှ ပြောသည်။ online zoom သင်တန်းကို ၄ ရက်နေ့မှ ၉ ရက်နေ့၊ စက်တင်ဘာလ၊ ၂၀၂၀ ခုနှစ်တွင် ၆ ရက်တာ သင်တန်းပြုလုပ်ခဲ့သည်။ ကျေးရွာ လူငယ်၊ လူကြီးများ စွမ်းရည်မြှင့်ရန်အတွက် ကျေးလက်မြေနှင့် ညီမျှခြင်း မြန်မာတို့မှ The United Natons Democracy Fund (UNDEF) ထောက်ပံ့မှုဖြင့်ပြုလုပ်ခြင်းဖြစ်သည်။  မိမိတို့ ရပ်ရွာတွင်ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများနှင့် အခြားအကြောင်းအရာများ အရေးဆိုမှုနှင့် လူထုပါဝင်မှု လုပ်ဆောင်နိုင်ရန်တွက် မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်ရှိ ကျေးရွာ...

Post
၂၀၂၀ရွေးကောက်ပွဲ အောင်နိင်ရေး

၂၀၂၀ရွေးကောက်ပွဲ အောင်နိင်ရေး

“၂၀၂၀ရွေးကောက်ပွဲ အောင်နိင်ရေးအတွက် မကွေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိင်ရေးဥက္ကဌ ဦးတာ၊တိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတို့ ဦးဆောင်သောအဖွဲ့သည် ယနေ့ စက်တာဘာလ ၁၀ရက်နေ့ နေလည်ပိုင်းက မင်းဘူးစကုမြို့နယ် မကျည်းသုံးပင်ကျေးရွာတွင် ပါတီဝင်လျှောက်လွှာများပေးအပ်ကာ ပြည်သူများနှင့် တွေ့ဆုံ မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်

Post
“စက်တင်ဘာ(၁၀)ရက်နေ့ နံနက်(၈)နာရီဓာတ်ခွဲအဖြေထုတ်ပြန်မှုအရ မကွေးတိုင်းမှကိုဗစ်ပိုးတွေ့လူနာ(၃) ဦးရှိ”

“စက်တင်ဘာ(၁၀)ရက်နေ့ နံနက်(၈)နာရီဓာတ်ခွဲအဖြေထုတ်ပြန်မှုအရ မကွေးတိုင်းမှကိုဗစ်ပိုးတွေ့လူနာ(၃) ဦးရှိ”

မကွေး စက်တင်ဘာ ၁၀ “စက်တင်ဘာ(၁၀)ရက်နေ့ နံနက်(၈)နာရီဓာတ်ခွဲအဖြေထုတ်ပြန်မှုအရ မကွေးတိုင်းမှကိုဗစ်(၁၉)ပိုးတွေ့လူနာ(၃)ဦးရှိတယ်လို့ သိရပါတယ်။ “နတ်မောက်မြို့နယ်မှ(၂)ဦး၊ မြိုင်မြို့နယ်မှ(၁)ဦးဖြစ်ပါတယ်၊ နတ်မောက်မြို့နယ်က အသက်(၂၀)အရွယ်အမျိုးသားတစ်ဦး၊ (၁၈)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး မြိုင်မြို့နယ်မှအသက်(၂၃)အမျိုးသားတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။ “နတ်မောက်မြို့နယ်မှ (၂)ဦးမှာရန်ကုန်မှပြန်လာသူတွေဖြစ်ပြီး ကိုဗစ်ပိုးတွေ(KTV)ကို သွားလာခဲ့သူတွေပါ၊ မြိုင်မြို့နယ်မှ တစ်ဦးမှာ ရခိုင်ပြည်နယ်အမ်းမြို့မှပြန်လာသူဖြစ်တယ်လို့ မကွေးတိုင်းကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ “နတ်မောက်မြို့နယ်မှ ပိုးတွေ့သူ(၂)ဦးကို မကွေးသင်ကြားရေးဆေးရုံကြီးကိုပို့ဆောင်ကုသပေးမှာဖြစ်ပြီး မြိုင်မြို့နယ်မှပိုးတွေ့သူကို ပခုက္ကူဆေးရုံကြီးကိုပို့ဆောင်ကုသပေးမှာဖြစ်ကြောင်း မကွေးတိုင်းကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းကပြောပါတယ်။ “မကွေးတိုင်းမှ Quarantine ထားရှိထားသူ(၁၀၀၀) ကျော်ရှိပြီး ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲဦးရေ (၂၀၀)ကျော်ရှိတယ်လို့သိရပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်

Post
“ကိုဗစ်(၁၉)ကာလအနှိပ်ခန်းမှ ဖမ်းမိသူ(၁၃)ဦးကို သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေဖြင့်အရေးယူ”

“ကိုဗစ်(၁၉)ကာလအနှိပ်ခန်းမှ ဖမ်းမိသူ(၁၃)ဦးကို သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေဖြင့်အရေးယူ”

မကွေး စက်တင်ဘာ ၄ “Covid 19 ပြည်တွင်းကူးစက်မှုမြင့်မားနေသည်အချိန် ယနေ့ စက်တင်ဘာလ ၄ရက်နေ့ နံနက်၂နာရီ၃၀မိနစ်ခန့်က မကွေးမြို့၊ဖန်ခါးမြေဂေါက်ကလပ်ဟိုတယ်ဝင်းအတွင်း ဖွင့်ထားသည့် (BMB Beauty Spa)အနှိပ်ခန်းမှဖမ်းမိသူများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထားကြောင်း မကွေးမြို့မရဲစခန်းက သိရပါတယ်။ “မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီးပြီး သတင်းအရ ဝင်ဖမ်းခဲ့ကြောင်း သိရပြီးဖမ်းဆီးမှုမှာ (Beauty Spa) မန်နေဂျာအပါအဝင် အမျိုးသား(၁၀)ဦးအမျိုးသမီး(၃)ဦး စုစုပေါင်း(၁၃)ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ “အနှိပ်ခန်းမှာ တွေ့ရှိသူအကုန်လုံးကိုဖမ်းဆီးခဲ့တာပါ၊ သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅)နဲ့ အရေယူဖမ်းဆီးခဲ့တာပါလို့ မကွေးမြို့မြို့မရဲစခန်းမှူးဒုရဲမှူးဝင်းနိုင်က ပြောပါတယ်။ “ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ရေးအမိန့်နှင့်ညွန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ပြီး ဘေးအန္တရာယ်တစ်စုံတရာကျရောက်နိုင်သည်ကိုသိလျှက် အနှိပ်ခန်းဖွင့်လှစ်ဆောင်ရွက်နေတာကို တွေ့ရှိခဲ့ရတယ်၊အဲ့ဒီအတွက်အနှိပ်ခန်းမှာ တွေ့ရှိရတဲ့မန်နေဂျာ၊ အနှိပ်သမားနဲ့ လာရောက်တဲ့ဧည့်သည်တွေ၊ အနှိပ်ခန်းဖွင့်လှစ်ရာမှာအသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သက်သေအဖြစ်ဖမ်းဆီးခဲ့​ကာ ဒုရဲအုပ်သန့်ဇင်ထွန်းမှ တရားလိုပြုလုပ်တိုင်တန်းအမှူဖွင့်ထားပါကြောင်း စခန်းမှူးဒုရဲမှူးဝင်းနိုင်က ပြောပါတယ်။ ၎င်းတိုင်တန်းမှုကို (၂၀၁၃) နှစ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)ဖြင့်...

Post
“မင်းလှမြို့တွင် ကျောက်ကပ်အားနည်း၊အမောဖောက်၊ချောင်းဆိုးသွေးပါရောဂါဖြင့် Qဝင်နေသူတစ်ဦးသေဆုံး”

“မင်းလှမြို့တွင် ကျောက်ကပ်အားနည်း၊အမောဖောက်၊ချောင်းဆိုးသွေးပါရောဂါဖြင့် Qဝင်နေသူတစ်ဦးသေဆုံး”

မင်းလှ စက်တင်ဘာ ၄ “Covid 19ရောဂါ ပြည်တွင်းကူးဆက်မှုမြင့်မားနေသည့်အချိန် မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ မြို့နယ်ခန်းမ FQ Center တွင် Qဝင်နေသော ထိုင်းပြန်တစ်ဦး သေဆုံးမှု စက်တင်ဘာလ ၃ရက် ညနေ ၆နာရီက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးစက်ရုံတွင်အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်သို့ပြန်လည်ရောက်ရှိလာသော အထက်မင်းလှမြို့နယ် ပနီဆုံကျေးရွာနေထိုင်သူ ဦးချောင်(၂၃)နှစ်ကို သြဂုတ်လ ၃၀ရက်နေ့က စတင်ကာ Quarantine ဝင်စေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ “၎င်းသည် စက်တင်ဘာလ၃ရက် နံနက် ၁၁နာရီ ၅၀မိနစ်အချိန်တွင် Quarantine ဝင်နေရာမှ အမောဖောက်ပြီး အသက်ရှုမဝဖြစ်လာ၍ မကွေးတိုင်းပြည်သူ့ဆေးရုံသို့ နေ့လယ် ၁နာရီခွဲအချိန်ခန့် ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့ပါတယ်။ “မကွေးတိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့သည့် အဆိုပါနေ့ ညနေ ၆နာရီအချိန်တွင် ကျောက်ကပ်အားနည်းရောဂါ၊ အမောဖောက်၊ ချောင်းဆိုးသွေးပါရောဂါတို့ဖြင့်သေဆုံးသွားခဲ့ကြောင်း...

Post
မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါနှင့် စင်္ကြံလျှောက်လမ်း တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ

မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါနှင့် စင်္ကြံလျှောက်လမ်း တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ

မကွေး စက်တင်ဘာ ၂ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါနှင့် စင်္ကြံလျှောက်လမ်း တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဓါတ်လှေကားတည်ဆောက်မည့် နှစ်ကျိပ်ရှစ်ဆူဘုရားအောင်မြေ ရင်ပြင်တော်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပန္နက်တင် မင်္ဂလာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ရွှေစက်တော်ဘုရား ဩဝါဒ စရိယ ဆရာတော် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တဉာဏိက၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်မှတ်ထားသော နေရာအသီးသီးတွင် နေရာယူကာ မင်္ဂလာအချိန် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပန္နက်တိုင်းအား ၉...

Post
“ရခိုင်ပြည်နယ်ဘက်မှ မကွေးတိုင်းကိုဖြတ်သန်းသွားနေတဲ့ ကုန်တင်ယာဥ်တွေကိုစုစည်းပြီး ရဲတပ်ဖွဲ့ပွိုင့်ကားဖြင့် တိုင်းနယ်မြေအဆုံးထိ လိုက်ပါပို့ဆောင်ပေးနေ”

“ရခိုင်ပြည်နယ်ဘက်မှ မကွေးတိုင်းကိုဖြတ်သန်းသွားနေတဲ့ ကုန်တင်ယာဥ်တွေကိုစုစည်းပြီး ရဲတပ်ဖွဲ့ပွိုင့်ကားဖြင့် တိုင်းနယ်မြေအဆုံးထိ လိုက်ပါပို့ဆောင်ပေးနေ”

မကွေး စက်တင်ဘာ ၂“Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက်ရခိုင်ပြည်နယ် အမ်းမြို့ဘက်ကနေမကွေးတိုင်းကို ဖြတ်သန်းသွားလာနေကြတဲ့ကုန်တင်ကားတွေကိုစုစည်းပြီး မကွေးတိုင်းအဆုံးထိ ရဲတပ်ဖွဲ့ပွိုင့်ကားနဲ့ လိုက်ပါပို့ဆောင်ပေးနေတယ်လို့ မကွေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။“ရခိုင်ပြည်နယ်ဘက်ကလာတဲ့ ကုန်ကားတွေ မကွေးတိုင်းကိုဖြတ်သန်းကြတဲ့အခါ လမ်းခရီးမှာနားတာ၊ ကားသမားတွေလမ်းဘေးဆိုင်တွေ၊ ရွာတွေမှာလမ်းဆင်းလျှောက်တာတွေ မပြုလုပ်စေဖို့ ကုန်ကားတွေကိုစုပြီး တိုင်းနယ်နမိတ်အဆုံးအထိ ရဲတပ်ဖွဲ့ပွိုင့်ကားတွေနဲ့ လိုက်ပါပို့ဆောင်ပေးတာ​​ဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။“ကုန်တင်ကားတွေအနေနဲ့ မကွေးတိုင်းအတွင်းမှာ ဆီဖြည့်လိုပါကလည်းဆီဆိုင်တစ်ဆိုင်ကို သီးသန့်သတ်မှတ်ပေးထားတယ်လို့သိရပါတယ်၊ ကုန်ကားတွေအနေနဲ့ပုလင်းခွံတွေ၊ ဂဏန်းပုစွန်၊ သစ်သီး၊ ဆန်၊ဖွဲနု၊ ကတ္တူ၊ စပါး၊ ဇကွဲ၊ သံတိုသံစ၊ ငါး၊ကြက်ဥ၊လသီဟိုစေ့တွေကို သယ်ဆောင်တာများတယ်လို့ သိရပါတယ်။“ကိုဗစ်ဖြစ်ပွားမှုကြောင့် ကုန်ကားမောင်းသူတွေအနေနဲ့လည်း လမ်းခရီးမှာအခက်အခဲတွေကြုံတွေ့ရတယ်လို့ သိရပါတယ်၊ ဂိတ်တွေအဆင့်ဆင့်မှာ ရပ်နားစစ်ဆေးတာဖြစ်တဲ့အတွက် အစားအသောက်အခက်အခဲတွေလည်းကြုံတွေ့ရတယ်လို့ မင်းဘူးခရိုင် ငဖဲမြို့နယ်ပဒါန်းကျေးရွာ ပျဥ်းဝဂိတ်မှာ အစစ်ဆေးခံနေတဲ့ ရန်ကုန်-အမ်းကုန်ကားမောင်းသူ ကိုကျော်ခိုင်ကပြောပါတယ်။“ရခိုင်ပြည်နယ်ကနေ မကွေးတိုင်းကိုဖြတ်သန်းသွားလာတဲ့ ကုန်တင်ကားတွေကိုသြဂုတ်လ(၂၆)ရက်​နေ့မှ (၃၁)ရက်​နေ့အထိ အစီးပေါင်း(၂၄၅)စီးကို ရဲလုံခြုံရေးပွိုင့်ကားနဲ့...

Post
“မကွေးမြို့နယ်​မှာ  Covid 19 ပိုးကူးစက်ခံရသူတစ်ဦး စစ်ဆေးတွေ့ရှိ”

“မကွေးမြို့နယ်​မှာ Covid 19 ပိုးကူးစက်ခံရသူတစ်ဦး စစ်ဆေးတွေ့ရှိ”

မကွေး စက်တင်ဘာ ၁“မကွေးမြို့နယ်​ လျှောင်းတော်ဦးကျေးရွာမှာ Covid 19ပိုးကူးစက်ခံရသူတစ်ဦး စစ်ဆေးတွေ့ရှိတယ်လို မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။“ကျွန်တော်တို့ အောက်တို့ဘာ ၃၁ရက်ည ၁၁ နာရီလောက်မှာ သိခဲ့ရတာပါ၊ မကွေးမြို့နယ် ၊ လျောင်းတော်ဦးရွာက အသက် ၃၅ နှစ်အရွယ်အမျိုးသားမှာ Covid 19ပိုးတွေ့ရှိထားပါတယ်၊ ရောဂါပိုးတွေ့ရှိတဲ့ရာဇဝင်ကိုတော့ သေချာမသိရသေးပါဘူးလို့ မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းက ပြောပါတယ်။အဆိုပါပိုးတွေ့သူဟာ ယာဥ်မောင်းတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ် ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပန်းရံအလုပ်သမားတွေသွားပို့ပြီး ပြန်လာခဲ့သူဖြစ်တယ်လို့ သိရပါတယ်၊ သူ့လို ယာဥ်မောင်းသုံးဦးကို ပိုး ရှိ မရှိ စစ်ဆေးခဲ့တာဖြစ်ပြီး ကျန်နှစ်ဦးမှာတော့ ပိုးတွေ့ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။“သူနဲ့ ထိတွေပတ်သက်သူတွေကိုလည်း ကျန်းမာရေးစစ်ဆေး စောင့်ကြည့်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။“အဆိုပါပိုးတွေ့လူနာဟာ မကွေးတိုင်းရဲ့ ၄ ယောက်မြောက်...

  • 1
  • 2