Month: <span>May 2020</span>

Post
Covid-19ကပ်ရောဂါကာလအတွင်း မင်းဘူး/စကုမြို့ပေါ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်းအပါး(၇၂၀)တို့အား ဆွမ်းဆန်စိမ်းလှူဒါန်း

Covid-19ကပ်ရောဂါကာလအတွင်း မင်းဘူး/စကုမြို့ပေါ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်းအပါး(၇၂၀)တို့အား ဆွမ်းဆန်စိမ်းလှူဒါန်း

Covid-19ကပ်ရောဂါကာလအတွင်း မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကာ မင်းဘူး/စကုမြို့ပေါ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များ ဆွမ်းအခက်အခဲမဖြစ်စေရန်အတွက် ဆွမ်းဆန်စိမ်းအပါအဝင် နဝကမ္မဝတ္ထုငွေများကို မေလ ၁၇ရက်နေ့ နံနက်ပိုင်းက ခရိုင်အားကစားကွင်းခန်းမတွင် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါလှူဒါန်းခြင်းအခမ်းအနားကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ တိုင်းလွှတ်တော်ဥက္ကဌ ဦးတာတို့တက်ရောက်ပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မင်းဘူးမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း ၅၃ကျောင်း၊ ရဟန်းသံဃာ၊ ကိုရင်ငယ် ၊သီလရှင်အပါဝင် အပါး၃၈၉ပါး၊ စကုမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း ၃၁ကျောင်း၊ရဟန်းသံဃာ၊ ကိုရင်ငယ် ၁၄၉ပါး၊သီလရှင်၁၇၈ပါး အားလုံးစုစုပေါင်းအပါး၇၂၀ကို Covid-19ကပ်ရောဂါကာလအတွင်း ဆွမ်းအခက်အခဲမဖြစ်စေရန်အတွက် လှူဒါန်းတာဖြစ်တယ်လို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောပါတယ်။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့မှာဆွမ်းဆန်စိမ်းအလှူခံကြွကြပါတယ်၊ တစ်မြို့လုံးမှာရှိတဲ့ရဟန်းရှင်၊ သာမဏေ၊သီလရှင်တွေကြွတာကို မြို့သူမြို့သားများက ဆွမ်းဆန်စိမ်း၊ဆီ၊ကုလားပဲစသည့်ဖြင့်လောင်းလှူကြပါတယ်၊ ဒီနှစ်ကတော့ COVID-19ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမလို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကြွလို့မရပါဘူး၊ ဆရာတော်တွေ ဝါတွင်းကာလနဲ့ COVID-19ကပ်ရောဂါကာလမှာ ဆွမ်းဘုန်းအဆင်ပြေနိုင်ရန်အတွက်...

Post
Covid-19ကပ်ရောဂါကာလအတွင်း မင်းဘူး/စကုမြို့နယ်ရှိ ရဟန်းသံဃာတော်များ၊ သီလရှင်များ ဆွမ်းအခက်အခဲမဖြစ်စေရန် ဆွမ်းဆန်စိမ်းလှူဒါန်းမည်

Covid-19ကပ်ရောဂါကာလအတွင်း မင်းဘူး/စကုမြို့နယ်ရှိ ရဟန်းသံဃာတော်များ၊ သီလရှင်များ ဆွမ်းအခက်အခဲမဖြစ်စေရန် ဆွမ်းဆန်စိမ်းလှူဒါန်းမည်

Covid-19ကပ်ရောဂါကာလအတွင်း မင်းဘူး/စကုမြို့နယ်ရှိ ရဟန်းသံဃာတော်များ၊ သီလရှင်များ ဆွမ်းအခက်အခဲမဖြစ်စေရန်အတွက် ဆွမ်းဆန်စိမ်းအပါအဝင် ဝတ္ထုငွေများကို မေလ ၁၇ရက်နေ့ နံနက်ပိုင်း မင်းဘူးခရိုင်အားကစားကွင်းတွင် လှူဒါန်းသွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောပါတယ်။ မင်းဘူးမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း ၅၃ကျောင်း၊ ရဟန်းသံဃာ၊ ကိုရင်ငယ် ၊သီလရှင်အပါဝင် အပါး၃၈၉ပါး၊ စကုမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း ၃၁ကျောင်း၊ရဟန်းသံဃာ၊ ကိုရင်ငယ် ၁၄၉ပါး၊သီလရှင်၁၇၈ပါး အားလုံးစုစုပေါင်းအပါး၇၂၀ကို Covid-19ကပ်ရောဂါကာလအတွင်း ဆွမ်းအခက်အခဲမဖြစ်စေရန်အတွက် လှူဒါန်းမယ်လို့ သိရပါတယ်။ COVIDကာလမှာ ဆန်တွေ ဆီတွေဝေဖို့လုပ်နေပါတယ်၊ နှစ်တိုင်း ကဆုန်လပြည့်နေ့မှာ ဆွမ်းဆန်စိမ်းအလှူပွဲပြုလုပ်ခဲ့ပေမဲ့ COVIDဖြစ်လို့ ဒီနှစ်မလုပ်ဖြစ်တဲ့အတွက်ဆရာတော်၊ သီလရှင်တွေအခက်အခဲဖြစ်မှာစိုးတာကြောင့် လှူတန်းမှုပြုလုပ်တာပါလို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးကပြောပါတယ်။ ဆန်အိတ်၁တင်းခွဲအိတ်၇၂၀၊ ဆီပုံး၇၂၀၊ ကြက်သွန်အိတ်၇၂၀နဲ့ ဝတ္ထုငွေ ၁ပါး ၁သောင်းကျပ်နှုန်း လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရပါတယ်။ မေလ၁၇ရက်နေ့မှာ အလှူပွဲကြီးပြုလုပ်မှာဖြစ်ပါတယ်၊ COVID-19စည်းမျဉ်းစည်းကမ်းဘောင်တွေနဲ့ညီအောင် ပြုလုပ်မှာဖြစ်ပါတယ်၊...

Post
ကိုဗစ်ကာလအဆင်မပြေသောစာရေးဆရာများနှင့်သတင်းထောက်များအား တပ်မတော်က စားသောက်ကုန်များ ထောက်ပံ့ကူညီ

ကိုဗစ်ကာလအဆင်မပြေသောစာရေးဆရာများနှင့်သတင်းထောက်များအား တပ်မတော်က စားသောက်ကုန်များ ထောက်ပံ့ကူညီ

မကွေးခရိုင် ၊တောင်တွင်းကြီးမြို့အတွင်ရှိအဆင်မပြေ သောမြန်မာနိုင်ငံစာရေးဆရာအသင်းဝင် မြို့နယ်စာရေး ဆရာအချို့နှင့်ဒေသအခြေစိုက် သတင်းမီဒီယာသမား အချို့အား ကိုဗစ်ကာလ စားသောက်ရေး ယာယီပြေ လည်စေရန်အတွက် မေ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်စာရေးဆရာအသင်းရုံး၌ ဒေသအခြေ စိုက် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်၊တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၏လမ်းညွှန်မှုဖြင့် ဗိုလ်မှူး တင်မင်းဦး ဦးစီးသော တပ်မတော်သားမျာက မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ထံအခြေခံစာသောက်ကုန် ဖြစ်သော ဆန်(၇)အိတ်နှင့် ကြက်ဥအလုံး(၅၀၀)အား ထောက်ပံ့ကူညီပေးအပ်ရာ ဥက္ကဌ မှလက်ခံရယူခဲ့ကြောင်း သိရသည်။ တပ်မတော်က ကိုဗစ်ကာလ အဆင်မပြေသောမြို့နယ် စာရေးဆရာအချို့နဲ့သတင်းမီဒီယာအချို့အတွက် ယနေ့ ဆန်(၇)အိတ်နဲ့ကြက်ဥအလုံး(၅၀၀)ထောက်ပံ့ကူညီ လှူ ဒါန်းခဲ့ပါတယ်။အမှန်တကယ်အဆင်မပြေတဲ့စာရေးဆရာ အချို့နဲ့သတင်းမီဒီယာသမားအချို့အား သင့်တော်သလို ပြန်လည်ခွဲဝေပေးနေပါတယ်။ယ္ခုချိန်ထိတော့ စာရေးဆ ရာနဲ့သတင်းမီဒီယာသမား (၁၂)ဦးကိုခွဲဝေပေးပြီးပါပြီ သတင်းသမာတစ်ဦးလျှင် ဆန်(၅)ပြည်၊ကြက်ဥ(၁၅)လုံး...

Post
တစ်ရက်တည်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှူကြောင့်​ မကွေးတိုင်းအတွင်း လူ၃ဦးသေဆုံး၊ ၃ဦးထိခိုက်ဒဏ်ရာရ၊ လူနေအိမ် (၂၁) လုံး ပြိုကျခဲ့ပြီး အိမ်ခြေ (၉၈၁) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးမှုဖြစ်ပွား

တစ်ရက်တည်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှူကြောင့်​ မကွေးတိုင်းအတွင်း လူ၃ဦးသေဆုံး၊ ၃ဦးထိခိုက်ဒဏ်ရာရ၊ လူနေအိမ် (၂၁) လုံး ပြိုကျခဲ့ပြီး အိမ်ခြေ (၉၈၁) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးမှုဖြစ်ပွား

မေလ (၁၁)ရက်နေ့ တစ်ရက်တည်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မကွေးတိုင်းအတွင်း လူ၃ဦးသေးဆုံး၊ ၃ဦးထိခိုက်ဒက်ရာရပြီး လူနေအိမ် (၂၁) လုံး ပြိုကျခဲ့ကာ အိမ်ခြေ (၉၈၁) လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးမှုဖြစ်ပွားခဲ့ကာ ပြည်သူ (၂၄၈၂)ဦး လေဘေးသင့်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရပါတယ်။ မေလ (၁၁)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က တိုက်ခက်သည့်လေပြင်းကြောင့် မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာအနီးတွင် လူ၂ဦးသစ်ပင်ပိသေဆုံးခဲကာ ၂ဦးခြေထောက်ကျိုးခဲ့ကြောင်း၊ မြို့သစ်မြို့နယ် ရေပြည့်အုပ်စု နတ်ရွာကျေးရွာတွင် မိုးကြိုးပစ်ခံရ၍ အမျိုး၁ဦးသေဆုံးပြီး အမျိုးသမီး၁ဦး ဒဏ်ရာရရှိခဲ့ပြီး တိုင်းအတွင်းက ကံမ ၊ မြို့သစ် ၊ မင်းတုန်း ၊ သရက် ၊ အောင်လံ ၊ နတ်မောက် ၊ မင်းဘူး၊ မကွေးမြို့နယ် (၇)မြို့နယ်မှာ...

Post
မင်းလှမြို့နယ်မှာ ပိုင်ရှင်မဲ့ တရာမဝင်သစ်များ ရှာဖွေတွေ့ရှိ

မင်းလှမြို့နယ်မှာ ပိုင်ရှင်မဲ့ တရာမဝင်သစ်များ ရှာဖွေတွေ့ရှိ

မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ်တွင် ပိုင်ရှင်မဲ့ တရားမဝင်သစ်များ ရှာဖွေတွေ့ရှိကြောင်း သိရပါတယ်။ သရက်ခရိုင် မင်းလှမြို့နယ်အတွင်း တရားမဝင်သစ်များ စုပုံထားရှိကြောင်း သတင်းရရှိသဖြင့် မေလ ၁၂ရက်နေ့ နေလယ်ပိုင်းက သရက်ခရိုင် ခရိုင်သစ်တောဦးစီးမှုး ဦးဇော်ဝင်းအောင်၏ ညွှန်ကြားချက်အရ မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မင်းလှမြို့နယ် လက်ပံတံခါး ရဲကင်းစခန်းနှင့် ရေနံမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းရရှိခဲ့သည့် မင်းလှမြို့နယ် မြို့သစ်ကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်း၏အရှေ့ဘက်၊ မြောက်မြှားကုန်းကျေးရွာ၏ အနောက်မြောက်ဘက် ဝါးတောထဲတွင် သွားရောက်ရှာဖွေခဲ့ကြရာမှ ယခုလို ရှာဖွေတွေ့ရှိကြောင်း သိရပါတယ်။ ရှာဖွေတွေ့ရှိသည့်သစ်များမှာ ၃”အောက် အင်ကြင်း(၁၄)လုံး ၁•၁၄၂၁ တန်၊ ၃”အောက် အင်ကြင်း(၁၈)လုံး ၀•၇၂ တန်၊ ၃”အောက် ကုက္ကိုလ် (၆ )လုံး ၀•၀၅၃၃ တန်၊ တိုင်...

Post
လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်း၍ မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာအနီး သစ်ပင်ပိ၍ လူ၂ဦးသေဆုံး၊ ၂ဦးထိခိုက်ဒဏ်ရာရ

လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်း၍ မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာအနီး သစ်ပင်ပိ၍ လူ၂ဦးသေဆုံး၊ ၂ဦးထိခိုက်ဒဏ်ရာရ

မေလ၁၁ရက်နေ့ ညနေ ၅နာရီ၃၀မိနစ်အချိန်ခန့် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းသဖြင့် မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာအနီး မကွေး- တောင်တွင်းလမ်းမပေါ်ရှိ ယာလုပ်သားများတဲတွင် မိုးခိုနေစဥ် သစ်ပင်ပိ၍ လူ၂ဦးသေဆုံး၊ ၂ဦးထိခိုက်ဒဏ်ရာရာရရှိကြောင်း မကွေးမြို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ သိရပါတယ်။ အလုပ်လုပ်နေရင်း မိုးသက်လေပြင်းများကျရောက်လာ၍ အနီးနားရှိ ယာလုပ်သားတဲတွင် ဝင်ရောက်နားခိုနေရာ ၎င်းတို့နားခိုနေသော အဆောက်အဦးပေါ်သို့ သစ်ကိုင်းကျိုးကျပြီး ထန်းပင်ပါ လဲကျပိသွားသဖြင့် (၁) ဦး ဘယ်ခြေကျိုး၊(၁)ဦး ညာ လက်ကျိုး၊( ၁) ဦးမှာ သစ်ပင်အောက်ခန္ဓာကိုယ်တစ်ခုလုံး ရောက်ရှိသွားပြီး နေရာတွင် သေဆုံးပြီး ကျန်သစ်ပင်ပိနေသော (၁)ဦးမှာလည်း အနီးအနားရှိ ပြည်သူများ ဝိုင်းဝန်းကယ်ထုတ်ခဲ့သော်လည်း သေဆုံးသွားကြောင်း သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသွားသော လူနာ ၂ ဦးကို ရောင်စုံမေတ္တာ အသင်းကားဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း...

Post
မကွေးပရဟိတအဖွဲ့က မကွေးအ​​ခြေစိုက် သတင်းထောက်(၁၀}ဦး ကို စားနပ်ရိက္ခာများထောက်ပံ့

မကွေးပရဟိတအဖွဲ့က မကွေးအ​​ခြေစိုက် သတင်းထောက်(၁၀}ဦး ကို စားနပ်ရိက္ခာများထောက်ပံ့

မကွေးပရဟိတအဖွဲ့က Covid-19ကပ်ရောဂါဖြစ်ပွားချိန်မှာ မကွေးအခြေစိုက် သတင်းထောက်(၁၀)ဦးကို မေလ၉ရက်နေ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ မကွေးပရဟိတအဖွဲ့ က ကနေ့ မနက်ပိုင်းမှာ မကွေးတိုင်းသတင်းစာဆရာအသင်းဥက္ကဌ ဆရာနေခြည်(မကွေး)ထံ မကွေးအခြေစိုက် သတင်းထောက် (၁၀)ဦးအတွက် စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်း စုစုပေါင်း (၁၀)မျိုးကို ထောက်ပံ့လှူဒါန်းခဲ့တာပါ။ သတင်းထောက်တစ်ဦးအတွက် ဆန် (၈ပြည်)၊ ကြက်ဥ(၁၀)လုံး၊ ဆီ၊ ငါး ခြောက်၊ ကြက်သွန်၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အချိုရည်ဘူး၊ ငါးပိ၊ Hand Gel စသည့်ပစ္စည်းအမယ် (၁၀)မျိုး စုစုပေါင်း ကျပ်၂၄၀၀၀တန်းဘိုရှိ စားနပ်ရိက္ခာများ ကို လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ Covidကြောင့် အားလုံးအခက်အခဲဖြစ်နေကြရတဲ့အချိန်မှာ နိုင်ငံတော်ကထောက်ပံ့တဲ့အစီအစဉ်တွေထဲ ကျနော်တို့မကွေးမြို့အခြေစိုက်သတင်းထောက်တွေ မပါသေးဘူးလို့သိရတာကြောင့် သီးခြား ထောက်ပံ့ဖို့စီစဉ်ဖြစ်တာပါလို့ မကွေးပရဟိတအဖွဲ့မှ ကိုမျိုးကြီးက ပြောပါတယ်။...

Post
မိုးနှင့်လေပြင်းတိုက်ခိုက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၇၇ သိန်းကျော် ပျက်စီးဆုံးရှုံး

မိုးနှင့်လေပြင်းတိုက်ခိုက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၇၇ သိန်းကျော် ပျက်စီးဆုံးရှုံး

မေလ ၆ ရက်နေ့ နေ့လည်ပိုင်း ၃ နာရီဝန်းကျင်ခန့်က မိုးနှင့်အတူလေပြင်းများတိုက်ခိုက်ခဲ့ခြင်းကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် အိမ် ၂၅ လုံး ပြိုကျပျက်စီးပြီး အိမ်အမိုးများလန်ခြင်းနဲ့ တစိတ်တပိုင်းပျက်စီးခြင်း ၃၁၄ လုံး၊ဘာသာရေးအဆောက်အဦး ၁၃ခုပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၂၇၇ သိန်းကျော် ရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရပါတယ်။ မိုးရွာသွန်းပြီး မိုးနဲ့အတူလေပြင်းပါ တိုက်ခတ်ခဲ့ရာ မကွေးမြို့နယ်တွင် လူနေအိမ် ခုနှစ်လုံး ပြိုကျပြီး တစိတ်တပိုင်းပျက်စီးမှု အိမ် ၁၁၇ လုံးနဲ့ လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူနေအိမ် ၁၈ လုံးပြိုကျပြီး တစိတ်တပိုင်းပျက်စီးမှု အိမ် ၁၃၉ လုံးရှိခဲ့ကာ ဘာသာရေးကျောင်း ၁၁ ကျောင်းနှင့် စေတီးမျာလည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။ သရက်မြို့နယ်တွင်...

Post
မကွေးတိုင်းပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း၂၄ဦးကို စောင့်ကြည့် Quarantine ထားသည့်ကိစ္စ စိုးရိမ်စရာမရှိ ဟုဆ

မကွေးတိုင်းပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း၂၄ဦးကို စောင့်ကြည့် Quarantine ထားသည့်ကိစ္စ စိုးရိမ်စရာမရှိ ဟုဆ

မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသူ ၂၄ဦးကို ပြီးခဲ့သည့် မေလ၃ရက်နေ့က စောင့်ကြည့် Quarantine အဖြစ်ထားရှိခဲ့ပြီး ၎င်းတို့မှာ စိုးရိမ်စရာအခြေနေမရှိတော့ကြောင်း တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောပါတယ်။ မကွေးတိုင်းဆေးရုံးကြီးက ကျန်းမာရေးဆရာ၊ဆရာမတွေQuarantineဝင်ရတာတော့ဟုတ်ပါတယ်၊ ဆိုးလို့မဟုတ်ပါဘူး၊ မကွေးဆေးရုံကြီး ကျန်းမာရေး သူနာပြုဆရာမ တစ်ယောက် အဖျားမကျလို့ စောင့်ကြည့်လူနာအနေနဲ့ တက်ရောက်နေတာ၊ လွန်ခဲ့တဲ့၂ရက်က သူနဲ့ထိတွေ့ခဲ့တဲ့ သူနာပြုဆရာမစုစုပေါင်း၂၄ဦးကို Quarantineထားတာပါ၊အဲဒီမှာ၁၅ဦးကတော့ ချမ်းမြေ့သာယာအိမ်ယာမှာထားပြီးတော့ ကျန်တဲ့၉ဦးကတော့ ကိုယ်အိမ်နဲ့ကိုယ်ပဲ သီးသန့်ခန်း၊ သီးခြားနေရာတွေမှာ Home Quarantineထားရှိတာပါလို့ ဆေးရုံအုပ်ကြီးဒေါက်တာမြတ်စိုးက ပြောပါတယ်။ အဆိုပါ စောင့်ကြည့်လူနာသူနာပြုဆရာမ၏ နှာခေါင်းတို့ဖတ် ၊အာခေါင်တို့ဖတ်တို့ကို ပြီးခဲ့သည့် တနင်္လာနေ့က ကျန်းမာရေးဝန်ကြီးဌာန ဓါတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခဲ့ရာ negative ထွက်ခဲ့​၍ စိုးရိမ်စရာမရှိတော့ကြောင်း ဆေးရုံအုပ်ကြီးက ​ရှင်းပြပါတယ်။ စောင့်ကြည့်လူနာက Negativeပါဆိုတော့ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဆရာ၊ ဆရာမတွေကို ဒီနေ့ဘဲ...