Home 2020 April

Month: <span>April 2020</span>

Post
ဂန့်ဂေါမြို့နယ်တွင် ခေတ္တနေထိုင်သူ၂ဦးတို့သည် Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူ ထောင်ဒဏ်၃လစီချမှတ်

ဂန့်ဂေါမြို့နယ်တွင် ခေတ္တနေထိုင်သူ၂ဦးတို့သည် Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူ ထောင်ဒဏ်၃လစီချမှတ်

မတ်လ၂၆ရက်နေ့က ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်သို့ အမေရိကန်နိုင်ငံမှပြန်လည်ရောက်ရှိလာသူ၂ဦး Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူခဲ့ရာ ၎င်းတို့၂ဦးကို ထောင်ဒဏ်၃လစီချမှတ်လိုက်ကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရပါတယ်။ မတ်လ၂၆ရက်နေ့က ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်သို့ အမေရိကန်နိုင်ငံမှပြန်လည်ရောက်ရှိလာတဲ့ ဦးတင်ယမန်း(ဘ)ဦးပိုင်လင်း၊ စည်ပင်ရပ်ကွက် ဂန့်ဂေါမြို့နယ်နှင့် ဦးဆန်းဇော်ဦး(ဘ)ဦးဗွေးထောင်း၊ ကျောတိုက်ရပ်ကွက်၊ဂန့်ဂေါမြို့နယ်ခေတ္တနေထိုင်သူ၂ဦးတို့သည် Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း သတ်မှတ်ရက်မပြည့်မီ ၎င်းတို့သဘောဆန္ဒအလျှောက် ဂန့်ဂေါမြို့မှ မတူပီမြို့သို့ထွက်ခွာသွားရာ ဒေသန္တရအမိန့်ထုတ်ပြန်ခြင်းအပေါ် ဖောက်ဖျက်ကျူးလွန်ခဲ့ပါသဖြင့် တာဝန်ရှိသူတို့မှ အမှုဖွင့်တိုင်းတန်းသဖြင့် ဧပြီလ ၆ရက်နေ့က ဂန့်ဂေါမြို့နယ်တရားရုံးမှ ဦးတင်ယမန်း(ဘ)ဦးပိုင်လင်းအမှုအမှတ်(၃၆၁/၂၀၂၀)နှင့် ဦးဆန်းဇော်ဦး(ဘ)ဦးဗွေးထောင်း၊ အမှုအမှတ်(၃၆၂/၂၀၂၀)တို့အား ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ၁၈အရထောင်ဒဏ်၃လစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။ ပြည်သူအများ ကျန်းမာရေးအတွက်သေရေးရှင်ရေးအရေးကြီးကာလမှာ စည်းကမ်းချိုးဖေါက်သူတွေကို ဆက်ပြီးအရေးယူသွားမှာပါလို့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကမကွေးဂျာနယ်ကို ပြောပါတယ်။ ကောင်းပါတယ်၊အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန်မှာ စည်းကမ်းမလိုက်နာသူတွေကို အရေးယူသင့်ပါတယ်၊ သင်္ကြန်ရက်မှာလဲစည်းကမ်းမလိုက်နာသူတွေကို အခုလိုအရေးယူစေချင်ပါတယ်လို့ မကွေးဒေသခံ၁ဦးက ပြောပါတယ်။...

Post
မကွေးမြို့ ကားကြီးကွင်းအတွင်းရှိ ခရီးသယ်ယာဉ်မော်တော်ယာဉ် လိုင်းအားလုံးမဟာသင်္ကြန်ရုံးပိတ်ရက်ကာလ ယာယီပိတ်သိမ်းထားရန် အထူးမေတ္တာရပ်ခံထား

မကွေးမြို့ ကားကြီးကွင်းအတွင်းရှိ ခရီးသယ်ယာဉ်မော်တော်ယာဉ် လိုင်းအားလုံးမဟာသင်္ကြန်ရုံးပိတ်ရက်ကာလ ယာယီပိတ်သိမ်းထားရန် အထူးမေတ္တာရပ်ခံထား

မကွေးမြို့ ကားကြီးကွင်းအတွင်းရှိ ခရီးသယ်ယာဉ်မော်တော်ယာဉ် လိုင်းအားလုံးမဟာသင်္ကြန်ရုံးပိတ်ရက်ကာလ ယာယီပိတ်သိမ်းထားရန် အထူးမေတ္တာရပ်ခံထားကြောင်း မကွေးမြို့ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။ COVID-19ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မကွေးမြို့ကားကြီးကွင်းအတွင်းရှိ မကွေးမြို့အခြေပြု ယာဉ်လိုင်းများနှင့်အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအခြေပြုယာဉ်လိုင်းများ အားလုံးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ ပန်ကြားချက်အား လေးစားလိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံချက်တစ်စောင်ထွက်ဆိုထားတယ်လို့ မကွေးမြို့ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီ ဥက္ကဌဦးမြင့်စိုးထံက သိရပါတယ်။ ​ COVID-19အဆုတ်ရောင်ရောဂါသည် ထိတွေ့မှုမှတစ်ဆင့် ကူးစက်သည့်အပြင်လေထုထဲမှ တစ်ဆင့်လည်းကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHOမှ အသိအမှတ်ပြုကြေငြာလိုက်ပြီဖြစ်ပါတယ်၊လေထုထဲမှတစ်ဆင့် ကူးစက်ခြင်း၊ ရိုးရိုးသာမန်စကားပြောရုံမျှဖြင့် ကူးစက်ခြင်းကိုနိုင်ငံများက လက်ခံကြပြီဖြစ်ပါတယ်၊COVID-19ကူးစက်ရောဂါပြန့်ပွားမှုကိုထိန်းချုပ်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းမှာ မိမိနေအိမ်တွင်နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦးထိတွေ့မှုမရှိအောင်နေထိုင်ခြင်း(Physical Distancing)တို့ဖြစ်ပါတယ်။ ဒါကြောင့် မကွေးတိုင်းဒေသကြီးအတွင်း COVID-19ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် မကွေးမြို့ကားကြီးကွင်းအတွင်းရှိ ခရီးသယ်ယာဉ်မော်တော်ယာဉ်လိုင်းအားလုံးသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်သည့် ဧပြီလ ၁၀ရက် နံနက်၁နာရီအချိန်မှ ဧပြီလ ၁၉ရက်...

Post
ငဖဲမြို့နယ် မင်းဘူး-အမ်းကားလမ်းမမှာ ကျောက်သည်ကား ချောက်ထဲထိုးကျ၊ ၂ဦးသေ၊ ၄ဦးပြင်းထန်ဒဏ်ရာများရ

ငဖဲမြို့နယ် မင်းဘူး-အမ်းကားလမ်းမမှာ ကျောက်သည်ကား ချောက်ထဲထိုးကျ၊ ၂ဦးသေ၊ ၄ဦးပြင်းထန်ဒဏ်ရာများရ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ်၆၄/၅ ဂုတ်စီးရိုးကျေးရွာအနီးတွင်‌ ကျောက်မှုန့်များသယ်ဆောင်လာသော ၁၂ဘီးကားတစ်စီး ချောက်ထဲတိမ်းမှောက်မှု ဧပြီလ၇ရက် ည၇နာရီ၃၀မီနစ်အချိန်ခန့်တွင် ဖြစ်ပွား ခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဥ်မှာ ယာဉ်မောင်းဦးတိုးဝင်းမောင်းနှင်၍ ယာဉ်နောက်လိုက်စိုးမိုးအောင်၊အလုပ်သမားမျိုးမင်းဝေ(ခ)မျိုးသီဟကျော်၊ ညီညီထွေး၊ ဦးပေါ်တင်၊ ဦးဝင်းဇော်တို့ လိုက်ပါတဲ့ ယာဉ်အမှတ်3D-3625နံပါတ်ပါ NISSAN DIESELအမျိုးအစားအဖြူရောင်၁၂ဘီးကားသည် ပဒါန်းကျေးရွာဘက်မှ အမ်းမြို့ဘက်သို့ လမ်းခင်းကျောက်မှုန့်များ တင်ဆောင်မောင်းနှင်လာစဉ် မင်းဘူး-အမ်းကားလမ်းမိုင်တိုင်အမှတ်၆၄/၅ ဂုတ်စီးရိုးရွာအနီး အကွေ့အရောက်တွင်ကားဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲလမ်း၏လက်ဝဲဘက် အနက်၁၅၀ပေချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ဂုတ်ကြီးရဲကင်းစခန်းက သိရပါတယ်။ အဆိုပါယာဥ် ထိုးကျတိမ်မှောက်မှုကြောင့် ကားရှေ့ခေါင်းခန်းတွင် လိုက်ပါလာသေ ယာဉ်မောင်းဦးတိုးဝင်းနဲ့ ကားရှေ့ခေါင်းခန်းတွင် လိုက်ပါလာသေ ကိုမျိုးမင်းဝေ(ခ)ကိုမျိုးသီဟကျော်တို့ သေဆုံးခဲ့ပြီး ကျန်၄ဦးပြင်းထန်ဒဏ်ရာများ ရရှိတာကြောင့် မင်းဘူးဆေးရုံးမှာ ၂ဦး၊ ပဒါန်းဆေးရုံမှာ၂ဦး တက်ရောက်ဆေးကုသနေတယ်လို့ သိရပါတယ်။ နတ်မောက်က ကားလို့ သိရပါတယ်ည၇နာရီ၃၀မီနစ်အချိန်ခန့်က ဖြစ်တာပါ၊...

Post
အမြန်လမ်းမကြီးတလျောက် အသုံးပြုသွားလာလျက်ရှိသည့် ခရီးသည်တင် Express ယာဥ် များသည် ခရီးသည် ပို့ဆောင် ပြေးဆွဲခြင်းကို ဧပြီလ (၇) ရက်နေ့မှစရျ် ရပ်နား ထားရှိမည် ဖြစ်

အမြန်လမ်းမကြီးတလျောက် အသုံးပြုသွားလာလျက်ရှိသည့် ခရီးသည်တင် Express ယာဥ် များသည် ခရီးသည် ပို့ဆောင် ပြေးဆွဲခြင်းကို ဧပြီလ (၇) ရက်နေ့မှစရျ် ရပ်နား ထားရှိမည် ဖြစ်

အမြန်လမ်းမကြီးတလျောက် အသုံးပြုသွားလာလျက်ရှိတဲ့ ခရီးသည်တင် Express ယာဥ် များ ခရီးသည်ပို့ဆောင် ပြေးဆွဲခြင်းကို ဧပြီလ (၇) ရက်နေ့မှစရျ် ရပ်နား ထားရှိမည် ဖြစ်တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အမြန်လမ်းမကြီးတွင် အသုံးပြုသွားလာမယ့် ယာဥ်တွေ အရေအတွက်နည်းပါးပြတ်တောက်သွားမှာ ဖြစ်တဲ့အတွက် အမြန်လမ်းတွင် ခရီးသွားလာမယ့် ကိုယ်ပိုင်အိမ်စီးယာဥ်ငယ်များအနေဖြင့် မည်သည့် အကြောင်းဖြင့်ဖြစ်စေ ခေတ္တရပ်နားလိုပါက အမြန်လမ်းမကြီးတလျောက်မှာရှိတဲ့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲစခန်းနဲ့ ရဲကင်းများတွင်သာ ရပ်နားကြပါရန် ခရီးသွားပြည်သူတွေရဲ့အကျိုး ရှေးရှုရျ် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက အသိပေးပန်ကြားထားပါတယ်။ အမြန်လမ်းမကြီးမှာရှိတဲ့ ရဲစခန်းနဲ့ ရဲကင်းရှိတည်နေရာတွေကိုလဲ အခုလိုဖော်ပြထားပါတယ်၊ ရဲတပ်ဖွဲ့ ရဲစခန်းများသည် ပျမ်းမျှ မိုင် (၂၀) ခန့်အကွာတွင် ၄င်း၊ ရဲကင်းများသည် ပျမ်းမျှ (၅)မိုင်ခန့် အကွာတွင်၄င်း တည်ရှိကြောင်း ဖော်ပြထားပါတယ်။ အကူညီလိုအပ်ပါက ဖုန်း...

Post
စောင့်ကြည့်၁၄ရက်ပြည့်၍ ပြန်လည်စေလွှတ်သူ ၄၃၆၅ဦးရှိ

စောင့်ကြည့်၁၄ရက်ပြည့်၍ ပြန်လည်စေလွှတ်သူ ၄၃၆၅ဦးရှိ

မကွေးတိုင်းအတွင်းထိုင်း၊ တရုတ်နဲ့ နိင်ငံခြားကပြန်လာတဲ့သူတွေထဲမှ Covid-19ရောဂါ စောင့်ကြည့်၁၄ရက်ပြည့်၍ ပြန်လည်စေလွှတ်သူ ၄၃၆၅ဦးရှိပြီဖြစ်ကြောင်း တိုင်းအစိုးရထံက သိရပါတယ်။ မကွေးတိုင်းအတွင်းရှိ ၂၀၂၀ ဖေဖော်ဝါရီ၁ရက်နေ့မှ ဧပြီလ၅ရက်နေ့အထိပြည်သူ့ဆေးရုံများတွင် ကုသခဲ့သော COVID-19ရောဂါစောင့်ကြည့်/သံသယလူနာ၆၂ဦးမှ ဆေးရုံဆင်းလူနာ၄၂ဦး၊ အခြားရောဂါဖြင့်သေဆုံးသည့် လူနာ၆ဦး၊ဆေးရုံတက်ရောက်ဆဲလူနာ ၁၄ဦးရှိပြီးယနေ့ထိ Covid-19ပိုးတွေ့တဲ့ လူနာမရှိကြောင်း ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက မကွေးဂျာနယ်ကို ပြောပါတယ်။ တိုင်းအတွင်းပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၆၉၉၅ဦးရှိကြောင်း၊ပြည်တွင်းမှ စောင့်ကြည့်ခံရသူ၂၆ဦးရှိကြောင်း၊ စုစုပေါင်း စောင့်ကြည့်ခံရသူစုစုပေါင်း ၁၇၀၂၁ဦးရှိကြောင်း၊ Home Quarantineဆောင်ရွက်ထားသူ၅၃၃၂ဦး၊Facility Quarantineဆောင်ရွက်ထားသူ ၇၃၂၄ဦးရှိ​ပြီး မကွေးတိုင်းအတွင်း ဧပြီလ၆ရက် နံနက်၆နာရီအထိ ထူးခြားမှုမရှိကြောင်း သိရှိရပါတယ်။ ရွာသား(မကွေး) မကွေးဂျာနယ်

Post
ပြည်တွင်းမှ နယ်ရပ်ပြန် အလုပ်သမားများကို မြို့ရွာဒေသအစီမံဖြင့်သာQuarantine၁၄ရက် လုပ်ပေးနိုင်ဟု ဝန်ကြီးချုပ်မှပြော

ပြည်တွင်းမှ နယ်ရပ်ပြန် အလုပ်သမားများကို မြို့ရွာဒေသအစီမံဖြင့်သာQuarantine၁၄ရက် လုပ်ပေးနိုင်ဟု ဝန်ကြီးချုပ်မှပြော

ပြည်တွင်းမှာနေပြီး အနယ်နယ်အရပ်ရပ်မှအလုပ်လုပ်ပြီးပြန်လာသူတွေကို တိုင်းအစိုးရအစီအမံနဲ့၁၄ရက် Quarantine လုပ်ဆောင်ပေးထားတာမရှိပဲ ကိုယ်မြို့နယ် ကိုယ့်ဒေသအစီအစဉ်တွေနဲ့တာ စောင့်ကြည့်အဖြစ် ထားနိုင်တယ်လို့မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ ယနေ့ဧပြီလ၃ရက်နေ့ နံနက်ပိုင်းက တိုင်းအစိုးရရုံးအစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ရန်ပုံငွေ ဆေးနဲ့ ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲမှာ ပြောတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်က ဒီCOVID-19‌ရောဂါက ဘယ်လောက်သံသရာရှည်အုံးမလဲမသိနိုင်ပါဘူး၊ ခုအချိန်အထိတော့ မကွေးတိုင်းအတွင်းမှာတော့ COVID-19‌ရောဂါနဲ့ပတ်သက်ပြီးသံသယရှိသူအဖြစ် တဦးမှမတွေ့ရှိသေးပါဘူး၊COVID-19ရောဂါဖြစ်တာ ပြည်ခရိုင်ပေါက်ခေါင်းမှာ ၄ဦးဖြစ်တာဆိုတော့ ပြည်ခရိုင်နဲ့သရက်ခရိုင်က ခရိုင်ခြင်းရင်ကြားထိစပ်နေတယ်၊ သတိထားဖို့လိုအပ်နေပါပြီ၊ တောင်တွင်းကြီးက လှမ်းဖုန်းဆက်တာ၊ ပြည်ပကမဟုတ်ပဲနဲ့ ပြည်တွင်းကရှိတဲ့သူတွေပါ Quarantine လုပ်ခိုင်းနေပါတယ်လို့ ပြောလာတော့ ပြည်တွင်းကပြန်လာသူတွေကို Quarantineလုပ်မ‌ေပးနိုင်ခဲ့ဘူးလို့ ပြောပါတယ်။ မကွေးတိုင်းသို့ မန္တလေး၊ မြစ်ကြီးနား၊ ဖားကန့်၊ မူဆယ်၊လာရှိုး၊‌ မော်လမြိုင်အစရှိမြို့တွေက အလုပ်လုပ်ပြီး ပြန်လာသူတွေကို Quarantineလုပ်မ‌ေပးနိုင်ကြောင်းနဲ့...

Post
ကုန်ပစ္စည်းတွေ စျေးမြှင်တင်ရောင်းရင်၊ စျေးနှုန်းကစားရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ၅အရ အရေးယူခံရမယ်

ကုန်ပစ္စည်းတွေ စျေးမြှင်တင်ရောင်းရင်၊ စျေးနှုန်းကစားရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ၅အရ အရေးယူခံရမယ်

COVID-19ပတ်သက်ပြီး ကာကွယ်၊ထိန်းချုပ်၊ ကုသရေးရေးဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်း‌များ၊ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ၅အရ အရေးယူခံရမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။ COVID-19ပတ်သက်ပြီး ကာကွယ်၊ထိန်းချုပ်၊ ကုသရေးရေးဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်း‌များ၊ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို ၂၀၂၀ မတ်လ၃၀ရက်နေ့ကစပြီး အရေးကြီးကုန်စည်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်၊မတ်လ၃၀ရက်နေ့ကစပြီးဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ကုန်သွယ်ခြင်းဈေးကစားရန်ရည်ရွယ်ပြီးတော့မှသိုလှောင်ခြင်းမပြုရဆိုပြီးအမိန့်ထုတ်ပြန်လိုက်ပါပြီလို့ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးမြင့်ဝင်းက ပြောပါတယ်။ COVID-19ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ကော်မတီဖွဲ့စည်းပြီးတော့မှ တစ်နိုင်ငံလုံးအမျိုးသားရေးတာဝန်တရပ်အနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်၊ ဒီလိုCOVID-19ရောဂါဖြစ်တုန်း စားသုံးကုန်တွေ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့mask‌တွေ၊ လက်ဆေးပစ္စည်းတွေ၊ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ဆီ၊စားတွေကို ဈေးသည်၊ ကုန်သည်၊ ကုန်စည်လုပ်ငန်းရှင်တွေဘက်ကမတော်မတရား ဈေးနှုန်းမြှင့်တင် ရောင်းချမှုတွေဖြစ်လာတဲ့အတွက် တိုင်ကြားမှု‌တွေရှိလာပါပြီ၊ ရှိလာတဲ့အတွက်ဒီအ‌ပေါ်မှာအရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်လို့ ဦးမြင့်ဝင်းက ပြောပါတယ်။ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးမြင့်ဝင်းက ပြည်သူတွေကိုလဲ ပြောခြင်ပါတယ်၊...

  • 1
  • 3
  • 4