ဥပဒေကို ဥပဒေအတိုင်း လုပ်တဲ့အစိုးရပဲလိုချင်တယ်

ရွေးကောက်ပွဲ အနိုင်ရဖိုပဲ ကြည့်တဲ့ အစိုးရ မဖြစ်စေချင်ဘူး။
တည်ဆဲဥပဒေတွေနဲ့ အညီ လုပ်ကိုင်ဆောင်ရွက်တဲ့ အစိုးရတရပ်ကသာ တိုင်းပြည်ကောင်းဖို့ လုပ်နိုင်မှာဖြစ်တယ်။
နိုင်ငံတနိုင်ငံမှာ အစိုးရတရပ် အပြောင်းအလဲဖြစ်ရင်၊ မင်းပြောင်းမင်းလွဲဖြစ်ရင် အများအားဖြင့် စစ်ဦးဘီလူးလိုမျိး ဖြစ်ပြီး အရင်က အုပ်ချုပ်ခဲ့၊ အာဏာရခဲ့၊ စီးပွားဖြစ်ခဲ့သူတွေကို နောက်တက်လာသူတွေက နှိပ်ကွပ်တာတွေပဲ အဖြစ်များတယ်။ ပေဖြစ်တုန်းက ခံရသမျှ၊ ကိုယ်တူဖြစ်လာတော့ အပြတ်နှံကြတဲ့ အလေ့အထကများပါတယ်။ လက်စားခြေတာထက် သင်ပုန်းချေတာက ကောင်းပါတယ် ဆိုပေမယ့် လူမိုက်အားပေးတာမျိုး ဖြစ်မသွားသင့်ပါဘူး။ လူမိုက်တွေက လူလိမ္မာတွေရဲ့ မြင့်မြတ်တဲ့စိတ်ထားကို အခွင့်ကောင်းယူသွားတာမျိုး အစ်ြသင့်ဘူး။
ဥပဒေကို၊ ဥပဒေနဲ့ အညီ လုပ်ကိုင်ဆောင်ရွက်တဲ့အစိုးရတရပ်ရဲ့ အောက်မှာ လူဆုး၊ လူညစ်တွေ မျက်နှာသာ ရနေမှာမဟုတ်ပါဘူး။
ပြည်သူလူထုနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို ဆုတ်ယုတ်စေတဲ့ ဥပဒေတွေ အမိန့်တွေကိုလည်း ဖျက်ပစ်ရမှာပါ။ ပြည်သူလူထုကို အကျိုးမဲ့စေတဲ့ ဥပဒေတွေကို ပယ်ဖျက်ရဲတဲ့ အစိုးရဖြစ်ဖို့လိုပါတယ်။ မိမိအဝန်းအဝိုင်းကိုပဲ အကျိုးဖြစ်စေတဲ့၊ မျက်နှာသာရစေတဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေဆိုတာ ကိုယ်အနိုင်ရတဲ့ အခါမှာပဲ ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေမှာပါ။ ကိုယ်ရှုံးနိမ့်တဲ့အခါ ကိုယ်ကို ဖိနှိပ်တဲ့ယန္တယားတွေအဖြစ်ကြုံရမှာပါ။
အောက်ခြေက ပြည်သူတွေအတွက်က ဘယ်အစိုးရတက်တက် မမှန်ကန်၊ မမျှတတဲ့ ဥပဒေမှန်သမျှက သူတို့ အမြဲရင်ဆိုင်နေရတဲ့ မတရားဖိစီး နှိပ်စက်နေတဲ လက်နက်တွေပါ။
သူတို့မဲပေးရွေးချယ်လိုက်တဲ့ အစိုးရက သူတို့ အပေါ်မတရားပြုနေတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးစေချင်ကြတာပါ။
သူတို့ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရတရပ်က ဥဒေကို ဥပဒေနဲ့ အညီ ကျင်သုံးစေချင်ပါတယ်။ ဥပဒေနဲ့ အညီ မလုပ်ရင် မျက်နှာသာရတာ၊ အခွင့်အရေးရတာက အာဏာနဲ့ငွေကြေး အသာစီးရနေသူတွေပါ။
ပြည်သူမျက်နှာ မထောက်ရင်၊ ပြည်သူကို မငဲ့ရင် ပြည်သူတွေ နာကျဉ်းမုန်းတီးတာကို တနေ့ကြုံရမှာပါ။
ကြုံနေရတဲ့သူတွေ၊ အဖွဲ့အစည်းတွေကိုလည်း မြင်နေရပြီ၊ တွေ့နေရပြီ။ အဲ့ဒီသူတွေလျှောက်ခဲ့တဲ့ လမ်းမှားကို မလျှေက်ချင်ကြပါနဲ့။ မတရားတဲ့ ဥပဒေတွေကို ဖယ်ရှားဖျက်သိမ်းပါ။ တရားမျှတတဲ့ ဥပဒေတွေ ပေါ်ထွန်းလာအောင် ဆောင်ရွက်ပါ။
ပြည်သူလူထုက ဥပဒေကို ဥပဒေနဲ့အညီ ဆောင်ရွက်မယ့်အစိုးရကိုပဲ လိုချင်တယ်။ 

အယ်ဒီတာ့အာဘော်

Leave a Reply

Your email address will not be published.