အိန္ဒိယ၏ ပဲ လိုအပ်ချက် မြင့်မားနေတာကြောင့် ပို့ကုန်မတ်ပဲဈေး မြင့်တက်လာ

ရွှေမန်း

အိန္ဒိယ၏ ပဲ လိုအပ်ချက်မြင့်မား နေတာကြောင့် ပို့ကုန်မတ်ပဲဈေး မြင့်တက်လာတာနှင့်အတူ အခြား ပဲမျိုးစုံဈေးကွက်လိုက်ပါမြင့် တက်နေကြောင်း ပဲကုန်သည် များထံက သိရသည်။
ပို့ကုန်မတ်ပဲဈေးမြင့်တက် လာတာနှင့်အတူ ပဲစင်းငုံဈေးလည်း လိုက်ပါမြင့်တက်လာသလို ပဲတီ စိမ်းမှာ ပုံမှန်ဈေးကွက်ပေါက်ဈေး ဖြင့် အဝယ်သွက်နေကြောင်း၊ တ ရုတ်ဝယ်လက်များ မြေပဲဆန် ပြန် လည်ဝယ်ယူလာတာကြောင့် ဈေး အနည်းငယ်ကျဆင်းနေရာမှ ဈေး ပြန်လည်တက်လာကြောင်း ကုလား ပဲအုပ်စုများ ဈေးအနည်းငယ်ကျ ဆင်းနေပြီး ပြည်တွင်းသုံးပဲမာလိုင်း များ တည်ငြိမ်နေကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) ကပြောသည်။
“ပို့ကုန်ပဲအနေနဲ့ အဓိက မတ်ပဲဈေးကောင်းနေပါတယ်။ ငွေ လက်ငင်းချေစနစ်တစ်အိတ်လျှင် ငွေ ကျပ် ၁၆၅၀၀၀ တစ်လဆိုင်းဆို ရင်တစ်အိတ်ငွေကျပ်၁၇၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပဲစင်းငုံက လည်း တစ်အိတ်ငွေကျပ် ၅၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ သင်္ဘောလည်း တင်ကာနီးဆိုတော့ အဝယ်လိုက်နေပါတယ်။ မတ်ပဲ ဈေးကတော့ ဆက်လက်မြင့်တက် နိုင်ပါသေးတယ်။ တရုတ်ဝယ် လက်တွေ မြေပဲဆန် ပြန်လည် အဝယ်ရှိလာတော့ ဈေးကျဆင်း မှုမရှိတော့ဘဲ တစ်ပိဿာ ငွေကျပ် ၄၀၀၀-၄၂၀၀ ပေါက်ဈေးနဲ့ အဝယ် သွက်နေပါတယ်။ ပြည်တွင်းသုံးပဲ မာလိုင်းတွေကတော့ ပုံမှန်ဈေး ကွက်အတိုင်းရှိနေပါတယ်။ ပဲနှမ်း ဈေးကွက်တစ်ခုလုံးကို သုံးသပ် ရရင် ပို့ကုန်မတ်ပဲတစ်မျိုးသာ ဈေးအကောင်းဆုံးဖြစ်နေပါတယ်´´ ဟု ၎င်းကပြောသည်။
ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း
အိန္ဒိယပဲလိုအပ်ချက်မြင့်မား နေတာကြောင့် ပို့ကုန်ပဲအမျိုးအစား အလိုက် အဝယ်ကောင်းနေပြီး မတ် ပဲဈေးမှာ အကောင်းဆုံးဖြစ်လာရာ ပဲစင်းငုံဈေးမှာလည်း ပုံမှန်အဝယ် မှ အဝယ်ပြန်ကောင်းလာရာ ဇွန် ၃၀ရက်တွင် ပဲစင်းငုံမှာ တစ်အိတ် ငွေကျပ် ၁၃၅ç၀၀၀ အဝယ်သွက် နေသည်။ မတ်ပဲတစ်အိတ် ငွေကျပ် ၁၆၃၀၀၀-၁၆၅၀၀၀၊ ပဲတီစိမ်း ရွှေဝါတစ်အိတ် ငွေကျပ် ၁၅၄၀၀၀ ပေါက်ဈေးဖြစ်လာရာ အဝယ်သွက် လာသည်။ မတ်ပဲဈေးမှာ တစ်အိတ် ကျပ် ၁၀၀၀၀ခန့် မြင့်တက်လာသ လို ဆက်လက်မြင့်တက်နိုင်သေး ကြောင်း ပဲကုန်သည်များက သုံး သပ်ထားသည်။
မြေပဲ
မြေပဲဆန်ဈေးအနည်းငယ် ကျဆင်းနေရာမှ တရုတ်ဝယ်လက် များ ပြန်လည်အဝယ်သွက်လာရာ ဇွန် ၃၀ရက်တွင် S1 မြေပဲဆန် တစ်ပိဿာငွေကျပ် ၄၀၀၀-၄၃၅၀ ပေါက်ဈေး ပြန်ဖြစ်လာသည်။ အနီလုံးဆန်နှင့် အခြားအမျိုးအစား များမှာ တစ်ပိဿာငွေကျပ် ၄၂၀၀ ဈေးတန်းကို ပြန်လည်မြင့်တက်လာ သည်။ မြေပဲဆီပေါက်ဈေးမှာ တစ် ပိဿာငွေကျပ် ၉၀၀၀-၉၅၀၀၊ နှမ်းဆီတစ်ပိဿာ ငွေကျပ် ၈၀၀၀၊ စားအုန်းဆီမှာ တစ်ပိဿာ ငွေကျပ် ၈၅၀၀ခန့် ပေါက်ဈေးဖြင့် ဈေး ကွက်အတွင်း ပြန်လည်ဝင်ရောက် လာသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ကုလားပဲ V2 တစ်အိတ် ငွေ ကျပ် ၁၅၁၀၀၀၊ ကုလားပဲ အမျိုး အစားအလိုက်တစ်အိတ်ငွေကျပ် ၄၀၀၀ခန့် ဈေးကျဆင်းသွားသည်။ပဲယင်းတစ်အိတ် ငွေကျပ် ၁၃ç ၅၀၀၀၊ ပဲကြီးတစ်အိတ် ငွေကျပ် ၂၁၅၀၀၀၊ ပဲထောပတ် တစ် အိတ် ငွေကျပ်၁၄၅၀၀၀၊ စွန်တာ ပြာတစ်အိတ် ငွေကျပ် ၁၃၃၀၀၀၊ မြေထောက်ပဲတစ်အိတ် ငွေကျပ် ၁၉၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ငွေကျပ် ၃၀၀၀၀၀ အသီးသီး ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.