အိန္ဒိယက အရန်မတ်ပဲကို မြန်မာနိုင်ငံမှ ဝယ်ယူဖြည့်တင်းသွားမည့်အခြေအနေကြောင့် ပြည်တွင်းမတ်ပဲဈေး အတက်သို့ ဆက်လက်ဦးတည်နေ

ရွှေမန်း


အိန္ဒိယက အရန်မတ်ပဲကို မြန်မာနိုင်ငံမှ ဝယ်ယူဖြည့်တင်းသွားမည့်အခြေအနေကြောင့် ပြည်တွင်းမတ်ပဲဈေး အတက်သို့ ဆက်လက်ဦးတည်နေကြောင်း ပို့ကုန်ပဲကုန်သည်များထံက သိရသည်။
နိုင်ငံတကာဈေးကွက်သတင်းများအရ အိန္ဒိယက အရန်ပဲအဖြစ် မြန်မာမတ်ပဲကို ဝယ်ယူမည့်သတင်းကြောင့် ဇူလိုင် ၂ရက်နေ့တွင့် သုံးတင်းဝင်တစ်အိတ် ကျပ် ၁၆၅၀၀၀ စျေးထိ ပြည်တွင်းမတ်ပဲ စျေးမြင့်တက်လာ​ေကြာင်းသိရသည်။
ဧပြီလအထိ ဈေးငြိမ်ခဲ့သည့် ပြည်တွင်းမတ်ပဲဈေးနှုန်းက ပြီးခဲ့တဲ့ မေလမှ စတင်ကာ ဇူလိုင်လဆန်းပိုင်းအထိ နေ့စဉ်အတက် မှာသာ ရပ်တည်နေပြီး တစ်ရက်ချင်းစီ ဈေးနှုန်းကွာခြားချက်လည်း မြင့်တက်လာကြောင်း ဧရာကုန်သွယ်မှုဗဟိုဌာနက ထုတ်ပြန်​ထားသည်။

မြန်မာ့မတ်ပဲ အဓိကဝယ်ယူသူ အိန္ဒိယရဲ့ ယခုနှစ် မိုးသီးနှံစိုက်ပျိုးမှုက ဧရိယာနှင့် အထွက်နှုန်းကျဆင်းနေပြီး မိုးရရှိမှုနည်းပါးတာကြောင့် တောင်သူများအနေနဲ့ ဝါနဲ့ ပဲပုတ်ကို ပိုမိုစိုက်ပျိုးလာကြကာ စပါးနဲ့ ပဲမျိုးစုံစိုက်ပျိုးမှု ကျဆင်းနေကြောင်းလည်းသိရသည်။
တစ်ဖက် မှာလည်း မတ်ပဲစိုက်ပျိုးထုတ်လုပ်ပြီး အိန္ဒိယကို တင်ပို့နေသည့် ပါကစ္စတန်ကလည်း မတ်ပဲထွက်ရှိမှုကျဆင်းနေတာကြောင့် မြန်မာ့မတ်ပဲ ဝယ်လိုအားကောင်းနေခြင်းဖြစ်သည်။
ထိုသို့ မတ်ပဲ ဝယ်လိုအားကောင်းလာသလို ပေါက်စျေးမြင့်တက်လာချိန်တွင် မြန်မာတောင်သူအများစုထံတွင်မတ်ပဲ မရှိတော့ဘဲ လှောင်လက်ကုန်သည်များထံတွင်သာ ကျန်ရှိနေပြီး လက်ကျန်ပမာဏ နည်းလာပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင်နိုင်ငံတကာမတ်ပဲ စျေးမြင့်တက်နေချိန်မှာ အိန္ဒိယအစိုးရအနေဖြင့်ပဲလိုအပ်ချက် များပြားနေသော်ခည်း ဈေးနှုန်းထိန်းညှိရန် မူဝါဒတစ်စုံတစ်ရာ ထုတ်ပြန်လာနိုင်ကြောင်းကိုသတိထားရန်လိုအပ်ကြောင်း ကုန်သည်များကသုံးသပ်ထားသည်။

Leave a Reply

Your email address will not be published.