ရွှေမန်း

သီတင်းကျွတ်လပြည့်ကျော် အခါရက်များတွင် နှစ်စဉ် ပဲ၊နှမ်း စျေးကွက် အေးနေကျဖြစ်သော်လည်း နှမ်းနက်တစ်မျိုး တည်းသာ ထူးထူးခြားခြား စျေးကွက်ကောင်း အ၀ယ်လိုက်နေ တာကြောင့် အမြင့်စျေး ပြန်လည်ရောက်ရှိလာ ကြောင်းသိရသည်။

အောက်တိုဘာ လကုန်ပိုင်း သီတင်းကျွတ်ပိတ်ရက်များ အတွင်း နှစ်စဉ် ပဲမျိုးစုံစျေးကွက်မှာ အရောင်းအ၀ယ် အေးကျဆင်းသွားသော်လည်း နှမ်းနက်တစ်မျိုးတည်းသာ တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ရန် တရုတ်၀ယ်လက်များ အ၀ယ်လိုက်သဖြင့် ယခင် အမြင့်ဆုံးစျေး သုံးတင်း၀င်တစ်အိတ်ကျပ် ၂၇၀၀၀၀ ကျော်စျေးကို မရောက်ရှိသေးသော်လည်း အောက်တိုဘာ ၂၄ ရက်နေ့တွင် သုံးတင်း၀င်တစ်အိတ် ကျပ် ၂၅၀၀၀၀ ထိ အမြင့်စျေးသို့ တဖြေးဖြေးရောက်ရှိလာကြောင်း ၊လက်ရှိအချိန်တွင် အသစ်၀င်နှမ်းများ နည်းလာသလို အတ်စစ်လွတ်ထိပ်စနှမ်းနက်များစျေးကောင်းလာသလို အတ်စစ်မလွတ်သည့် နှမ်းများလည်း အရည်အသွေးအလိုက် စျေးမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္က ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ မှပြောသည်။

“ နှမ်းနက်တစ်ခုတည်း စျေးကောင်း အ၀ယ်လိုက်နေပါတယ်။ နှစ်စဉ် သီးတင်းကျွတ်ကာလ အခါရက်တွေမှာ အရောင်းအ၀ယ်ရပ်ပြီး ပဲ၊နှမ်းစျေးကွက်ကျဆင်းလေ့ရှိပါတယ်။ နှမ်းနက်က လှောင်သမား၀ယ်လက်တွေ အများကြီးရှိပါတယ်။ လက်ရှိမှာ နှမ်းနက်ပစ္စည်းအသစ်၀င်ရောက်မှုနည်းလာသလို တရုတ်နိုင်ငံဘက်တင်ပို့ရာမှာ ရေလမ်းကြောင်းကနေ အေးအေးဆေးဆေး တင်ပို့နိုင်လိုသလို ရက်ကြာလည်းပြသနာမရှိဘူး။ ဒီနှစ်နှမ်း၀ယ်ယူမှုမှာ အက်စစ်လွတ် ထိပ်စတွေကိုပဲ စျေးကောင်းပေး၀ယ်တယ်။ အက်စစ်မလွတ်ရင် စျေးလျော့တယ်။ လက်ရှိမှာ နှမ်းအသစ်၀င်ရောက်မှုနည်းလာတော့ ဒီစျေးတန်းကနေ ကျဆင်းစရာမရှိ တော့ ပါဘူး။ အခြား ပဲစဉ်းငှုံနဲံ မတ်ပဲအပါအ၀င်ပဲမျိုးစုံကတော့ အကျ စျေးတွေနဲ့ အရောင်းအ၀ယ်ပျောက်နေပါတယ်။ ” ဟု ၄င်းကပြောသည်။ နှမ်းနက်

စျေးကွက်ထဲ မှာ အခြား အရောင်းအ၀ယ် ပဲစျေးကွက်က နည်းသွားတာကြောင့် နှမ်း အမျိုးအစားအလိုက် အက်စစ်လွတ်တာရော မလွတ်တာရော သူ့အရည်အသွေးအလိုက် အရောင်းအ၀ယ်သွတ်နေပြီး ရန်ကုန်လိုင်း နှမ်းကုန်သည်များ အ၀ယ်ရှိနေတာကြောင့် နှမ်းနက်စျေးကွက် အမြင့်စျေးသို့ရောက်ရှိလာသည်။ သီးတင်းကျွတ်ပိတ်ရက်များ အလွန် အောက်တိုဘာ ၂၄ ရက်နေ့တွင် နှမ်းနက် ထိပ်စ ၄၅ပိသာသုံးတင်း၀င် တစ်အ်ိဆ်လျှင်ကျပ် ၂၅၀၀၀၀ ပေါက်စျေးရှိလာရာ ၁၀ရက်အတွင်း နှမ်းတစ်အိတ်ကျပ် ၃၅၀၀၀ ထိ သိသိသာသာ စျေးမြင့်တက်လာခြင်းဖြစ်သည်။ နှမ်းနက် စမုန်မှာ အရည်အသွေး အလိုက် တစ်အိတ် ကျပ် ၁၄၀၀၀၀မှ ၂၅၀၀၀၀ စျေးဖြင့် အမျိုးအစားအလိုက် တစ်အိတ်ကျပ် ၅၀၀၀ မှ ၃၅၀၀၀ထိ စျေးတက်လာသည်။ နှမ်းဖြူ သစ် ဂျပန် များမှာ တစ်အိတ်လျှင် ကျပ် ၁၇၀၀၀၀ ၊ နှမ်းဖြူ သစ်ရိုးရိုးမှာ တစ်အိတ် ကျပ် ၁၅၀၀၀၀ ၊ နှမ်းညို(သစ်) ကျပ် ၁၂၃၀၀၀ ပေါက်စျေးရှိ အ၀ယ်သွတ်လာသည်။

မြေပဲ

မြေပဲလုံးဆံတွေကတော့ စျေးနှုန်းတည်ငြမ်နေပြီးအရောင်းအ၀ယ် စျေးခပ်အေးအေးဖြစ်နေသည်။ အဓိကတော့ တရုတ်နယ်စပ်ကနေ တင်ပို့ခွင့်မရဘဲ ပြည်တော်ပြန်မြေပဲတွေ စျေးကွက်ထဲ ပြန်၀င်တာကြောင့် စျေးမြင့်တက်မှုမရှိဘဲ စျေးကွက်အေးခြင်းဖြစ်သည်။ အောက်တိ်ုဘာ ၂၄ ရက်နေ့တွင် မြေပဲ လုံးဆံ တစ်ပိသာ ကျပ်၂၉၀၀-၃၀၅၀၊ အနီလုံးဆံ တစ်ပိသာကျပ် ၂၆၅၀ပေါက်စျေး၊ပြည်တွင်း မြေပဲဆီ တစ်ပိသာ ကျပ် ၆၅၀၀ ၊ နေကြာဆီ တစ်ပိသာ ကျပ် ၆၅၀၀ ၊ ပေါက်စျေးဖြင့် စျေးငြိမ်နေပြီး စားအုန်ဆီ တစ်ပိသာ ကျပ် ၄၅၆၀ သို့ အသီးသီး တစ်ပိသာကျပ် ၅၀ မှ ၁၀၀ ယခင် သီတင်းပတ်ထက် ကျဆင်းလာကြောင်းသိရသည်။

ပြောင်း

ပြောင်းစျေးက နိုင်ငံခြားပို့ကုန်စျေးကွက်တစ်ခုတည်းရှိခြင်း ဒေါ်လာစျေးကျဆင်းသွားခြင်း ၊ ရှမ်တောင်/မြောက် ဒေသအစုံက ပြောင်းလိုင်လိုင်ထွက်ရှိလာခြင်း ၊ ထိုင်းနိုင်ငံသို့တင်ပို့သည့် ပို့ကုန်လမ်းကြောင်းပိတ်ထားချိန်ဖြစ်ခြင်း ပင်လယ်ရေကြောင်းတစ်ခုတည်းကိုသာ တင်ပို့နေရခြင်း တို့ကြောင်း ပြောင်းစျေးကွက်မှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။ ထိုသို့စျေးဆင်းသွားသ်ေလည်း ယခင်နှစ်က ပြောင်းပေါ်ချိန်စျေးတက် ပြောင်းစျေးပိုမိုရရှိနေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။“ ပြောင်းစျေးကွက်က နိုင်ငံခြားတင်ပို့နိုင်မှုပေါ်မှာ မူတည်ပြီးစျေးကောင်းတာပါ။ လက်ရှိမှာတော့ ဒေါ်လာစျေးပြန်ကျတာရယ် ၊ဒေသအစုံ ပြောင်းလိုင်လိုင်ပေါ်လာတာရယ် ၊မြ၀တီလိုင်းပိတ်ထားချိန် ရေကြောင်းတစ်ခုတည်းအားကိုးနေရတော့ ပြောင်းကုန်သည်တွေ စျေးချ၀ယ်ယူလာတော့ စျေးနည်းနည်းပြန်ကျသွားတာပါ။ ဒါတောင် သယ်ယူစရိတ်တွေလည်း ဒေသအကွာအဝေးအလိုက် ဆီစျေးတက်တော့ တန်ဆာခတွေလည်းစျေးတက်လာပါတယ်။လက်ရှိပြောင်းပေါက်စျေးက တောင်သူတွေ ယခင်နှစ်ထက်တော့ ပိုရနေပါတယ်” ဟု ၄င်းကပြောသည်။အောက်တိုဘာ ၂၅ရက် ပြောင်းပေါက်စျေးမှာ ရန်ကုန် မြောင်းတကာအရောက် ပေါက်စျေး တစ်ပိသာ ကျပ် ၆၁၀-၆၃၀ ၊ မန္တလေး ကုန်စည်ဒိုင်စျေး ၅၄ ပိသာတစ်အိတ် ကျပ် ၃၁၅၀၀ ၊ ရှမ်းပြည်နယ်စျေး နောင်ချို တစ်ပိသာ ကျပ် ၅၅၀-၅၆၀ ပေါက်စျေးရှိကြောင်း ပြောင်းကုန်သည်များထံ မှသိရသည်။သီတင်းကျွတ်ကာလ ပိတ်ရက်များ တွင် အခြားပို့ကုန် ပဲစဉ်းငုံ ၊မတ်ပဲ ၊ပဲတီစိမ်းများမှာ စျေးကွက်အတွင်း အရောင်း အ၀ယ်မရှိသလောက် အေးသွားပြီး ပို့ကုန်အလားအလာကောင်းနေသည့် နှမ်းနက်တစ်မျိုးတည်းသာ စျေးကွက်အတွင်း အရောင်းအ၀ယ်ရှိနေကြောင်း မန္တလေး ပဲ၊နှမ်းကုန်သည်များထံ မှသိရသည်။

Leave a Reply

Your email address will not be published.