သတင်းထောက်များစုပေါင်း၍ စားဝတ်နေရေးခက်ခဲသူ များအားလှူဒါန်း

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ဝိုင်းမော်မြို့နယ်၊စမ်း ကားကျေးရွာအုပ်စု၊တာစန်းကျေးရွာတွင် စားဝတ်နေရေး ခက်ခဲသော အိမ်ထောင်စု(၅၄)စုအား ဟင်္သာသတင်းအေ ဂျင်စီ သတင်းထောက်များစုပေါင်း၍ တာစန်းကျေးရွာ
စမ္မာသုခ စမ္မာရုံကြီးတွင် ယနေ့ ဧပြီ ၂၇ ရက်နံနက်၁၀နာရီ ချိန်က ဆန်(၄)ပြည်အိတ်(၅၄)အိတ်၊ကြက်ဥ(၅၄၀)လုံး၊ ဆီ(၅၀)သား(၅၄)ဗူး၊ကြက်သွန်နီ(၅၄)ပိသာ၊ဆား(၅၄)ပိ သာ၊ကုလားပဲ(၂၁၆)ဗူး၊ခရမ်းချဉ်သီး(၅၄)ပိသာလှူဒါန်း ခဲ့ပြီးရွာဦး ဓမ္မသုခဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော် ဦးပန်နိတဆရာတော်ကြီးနှင့်ကျောင်းရှိသံဃာ (၆)ပါးအား တစ်ပါးလျှင်ဝတ္ထုငွေ(၁၀၀၀၀)ကျပ်နှုန်းဖြင့် (၆၀၀၀၀)ကျပ် ကပ်လှူခဲ့ကြောင်း သိရသည်။
တကယ့်ကို စားစရာခက်ခဲပြီး ဆန်ပြုတ်သောက်နေရတဲ့ မိသားစု(၃)စုကို ကိုယ်တိုင်လေ့လာတွေ့ရှိလို့ အခုလိုစု ပေါင်းလှူဒါန်းဖြစ်တာပါ။အမှန်တကယ် စားရေးခက်ခဲနေ တဲ့မိသားစုတွေကို ကိုယ်တိုင်လေ့လာပြီး ခုလိုစုပေါင်းလာ ရောက်လှူဒါန်းဖြစ်တာပါ။တကယ်တော့ ကျန်တော်တို့ လည်း မပြေလည်ပါဘူး။ ဒါပေမယ့် ကျန်တော်တို့ထက် ခက်ခဲနေတာတွေရတော့ ကျန်တော်တို့တတ်နိုင်သ၍စု ပေါင်းပြီး ခက်ခဲနေတဲ့ပြည်သူတွေကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးတာပါ။လှူဒါန်းရာမှာလည်း ကျေး ရွာအုပ်ချုပ်ရေး၊ကျန်းမာရေး၊ရပ်မိရပ်ဖတွေကပါဝင်ကူး
ညီဆောင်ရွက်ပေးပါတယ်။ဒုတိယအကြိမ် လှူဒါန်းမှုကို တော့ ဂျက်ကော်ကျေးရွာမှာ စားရေးခက်ခဲနေတဲ့ အိမ် ထောင်စု(၃၅)စုကို ယ္ခုလကုန် ဧပြီ ၃၀ရက် နံနက်မှာ သွားရောက်လှူဒါန်းပေးသွာမှာပါ။ ကျန်တော်တိုနဲ့အတူ ပါဝင်လှူဒါန်ပေးဖို့ မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက် နေ စေတနာရှင်ဦးတင်ရွှေ ၊ဒေါ်ဝင်းရီ မိသားစုမှဆန် တစ်အိတ် လာရောက်ပါဝင်လှူဒါန်းပေးထားပါတယ် ဟု H N A ကချင်ပြည်နယ်သတင်းတာဝန်ခံ ဇီးကွက် (မြစ်ကြီးနား)ကပြောသည်။

စာပေသစ္စာဖြင့်
ဟင်္သာ(တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.