လက်ဆက်သီးနှံ အထူးပို့ကုန်စနစ် (Green Channel) စနစ်ဖြင့်တင်ပို့ခွင့်ရရှိနိုင်ရေး နှစ်နိုင်ငံတာ၀န်ရှိသူများ ဆွေးနွေးတောင်းဆိုပေးပါက တောင်သူများ အဆင်ပြေမည်

ရွှေမန်း

တရုတ်နိုင်ငံသို့ သရက်သီးတင်ပို့မှုများ အဆင်ပြေစွာတင်ပို့နိုင်ရေးအတွက် လက်ဆက်သီးနှံ အထူးပို့ကုန်စနစ် (Green Channel) စနစ်ဖြင့်တင်ပို့ခွင့်ရရှိနိုင်ရေး နှစ်နိုင်ငံတာ၀န်ရှိသူများ ဆွေးနွေးတောင်းဆိုပေးပါက တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း သရက်တောင်သူများထံမှ သိရသည်။

သရက်သီးအပါအ၀င်လက်ဆက်သီးနှံများကို ယခင်က ညနေစိုက်ခင်းက ခူးဆွတ်တင်ပို့လိုက်သည့် သရက်သီးကားသည် နောက်နေ့မနက် ၀မ်တိန်အသီးကွင်းတွင် တိုက်ရိုက်၀င်ရောက် ရောင်းချ နိုင်ခဲ့ကြောင်း ယခုအခါ ကိုဗစ်၁၉ ရောဂါစစ်ဆေးမှုများကြောင့် ရက်ကြာမြင့်မှုများဖြစ်ပေါ် နေသည်မှာ Green Channel စနစ်ဖြစ်ဖြင့် ဦးစားပေး စစ်ဆေးပေးနိုင်ပါက နာမည်ရပို့ကုန်တစ်ခုဖြစ်သည့် မြန်မာ့သရက်သီးတင်ပို့မှုမှာအဆင်ပြေနိုင်ကြောင်း နှင့် နယ်စပ်တွင် ကုန်အပြောင်း အချိန်ကား ငှားရမ်းခမှာလည်း သက်မှတ်စျေးထက်မြင့်မားနေခြင်းမှာ သရက်သီး တင်ပို့မှုအတွက် အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း အမရပူရမြို့နယ် ရေဘုတ်ကျေးရွာမှာ သရက်သီး တင်ပို့ရောင်းချနေသည့် ဦးအောင်ကိုဦးက ပြောသည်။

“ နယ်စပ်ပွဲရုံများမှာ တဆင့်တောင်သူတွေယုံကြည်စွာတင်ပို့ရောင်းချသည့် စနစ်ကတော့ လက်ရှိမှာ တရုတ်နိုင်ငံဖက်သို့ တင်ပို့ရောင်းချနေရသည့်စနစ်ဖြစ်လို့ မြန်မာ ပွဲစား တောင်သူ(၁၅)ဦင်္းခန့် ၀င်ရောက်ရောင်းချခွင့်ရရှိစေရန် နဲ့ အထူးကုန်အဖြစ် Green Channel စနစ်ကို G to G ညှိနိုင်းပေးနိုင်ပါက သရက်တောင်သူများ အတွက် စျေးကွက် စျေးကောင်းရရှိနိုင်သလို မလိုလားအပ်သည့် အပိုကုန်ကျစရိတ်များ လျော့ချနိုင်မည်ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံမှ တောင်သူပို့တိုက်ရိုက်ရောင်းချတင်ပို့သည့် နိုင်ငံခြားပို့ကုန် ကုန်ချောမှာ ဖရဲ၊သခွား ၊သရက် သုံးမျိုးသာ GACC ခွင့်ပြုချက်ရ သီးနှံအမယ်ဖြစ်ပြီး တောင်သူများ တိုက်ရိုက် တင်ပို့ ရောင်း ချနေခြင်းဖြစ်သည်။

ကိုဗစ်၁၉ ရောဖြစ်ပွားမှုကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုများမှာ ရပ်ဆိုင်းသွားလိုက် ပြန်ဖွင့်လိုက်နှင့် ဖြစ်ပေါ်နေသည့် အခြေအနေတွင် ပြန်လည်ဖွင့်လှစ်ရာတွင် ကန့်သက်ချက် ပေါင်းများစွာကို စီးပွားရေးသံမှူးများအပါအ၀င် ဆွေးနွေးညှိနှိုင်းခြင်း အချို့ကိစ္စတွေကတော့ နှစ်နိုင်ငံဆက်သွယ်ဆောင်ရွက်ရသည့် ကိစ္စများပါ၀င်တာကြောင့် ကိုယ်ဖြစ်ခငျြသည့် အတိုင်းမဖြစ်နိုင်ဘဲ လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကို ညှိနှိုငျးဆာင်ရွက်နေ ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးမိုးမြင့်က ပြောသည်။

မြန်မာ့သရက်သီးမှာ ယခင်နှစ်ကလညကေိုဗစျ ၁၉ ရောဂွါဖစ်ပှားမှုများကြောင့် တရုတ်နိုင်ငံသို့တင်ပို့နိုင်နည်းခဲ့သလို စင်ကာပူနိုင်ငံသို့ သင်္ဘောလိုင်းမှ တင်ပို့ရန် အအေးခန်း ကှနျတိနျနာအခက်အခဲကြောင့် တင်ပို့နိုင်မှုမရှိခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.