ရပ်တန့်အစစ်ဆေးခံခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူပေါင်းရဲတပ်ဖွဲ့ များကပိတ်ဆို့ဖမ်းဆီ;

တောင်တွင်းကြီး စက်တင်ဘာ (၁၆)

နေပြည်တော်ဘက်မှ တောင်တွင်းကြီးဘက်သို့ဦးတည် မောင်းနှင်လာသောမော်တော်ယာဉ်(၂)စီးမှာ ပူပေါင်းပိတ် ဆို့စစ်ဆေးရေးဂိတ်များတွင် ရပ်တန့်အစစ်ဆေးခံခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူပေါင်းရဲတပ်ဖွဲ့ များကပိတ်ဆို့ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရပါတယ်။ုဖြစ်ပုံကဒီလိုပါ ၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၅နာရီ ၁၂ မီနစ်အချိန်ခန့်က တောင်တွင်းကြီးမြို.နယ်၊ ဆတ်သွားနယ်မြေရဲစခန်းပိုင် ဝံအော်ကြီးရဲကင်းတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယရဲအုပ် ထွန်းထွန်းနိုင် ဦးစီးသောရဲတပ်ဖွဲ့ဝင်များက ဝံအော်ကြီးရဲကင်းရှေ့ နေပြည်တော် – ချောင်းနက်ကာလမ်းပေါ်တွင် ပိတ်ဆို့စစ် ဆေးဆောင်ရွက်နေစဉ် နေပြည်တော်ဘက်မှမောင်းနှင် လာသော YGN 9H 5905 Honda airwave ခဲရောင် မော်တော်ယာဉ်နှင့်YGN 5k 3185 Advan အဖြူရောင် မော်တော်ယာဉ်တို့အားရပ်တန့်စစ်ဆေးရန်အချက်ပြခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ချောင်းနက်လမ်းဆုံရဲကင်းရှေ့တွင်ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေသည့် ဒုတိယရဲအုပ် ကိုကိုမင်း ဦးစီးသောရဲတပ်ဖွဲ့ အားချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ချောင်းနက်လမ်းဆုံရဲ ကင်းတွင်လည်းရပ်တန့်ခြင်းမရှိဘဲ တောင်တွင်း – အောင် လံကာလမ်းမကြီးအတိုင်းဆတ်သွားကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း၊၎င်းမှတဆင့်ဆတ် သွားကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေသည့် ဒုတိယရဲအုပ် ဝင်းသက်နိုင်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များအားချိတ်ဆက်ဆောင်ရွက်ခဲ့သော်လည်း မော်တော်ယာဉ်(၂)စီးမှာရပ်တန့်စစ်ဆေးခံခြင်းမရှိဘဲ အောင်လံဘက်သို့မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဆို၏ ။ထိုနောက် ဒုတိယရဲအုပ် ဝင်းသက်နိုင်မှ ပရပ်ကြယ်ရဲကင်း စခန်းရှေ့တွင် ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်နေသည့် ဒုတိယရဲအုပ် အောင်မြင့်မြတ် ဦးစီးသော ရဲတပ်ဖွဲ့များ အားချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဒုတိယရဲအုပ် အောင်မြင့် မြတ် ဦးစီးသောရဲတပ်ဖွဲ့မျာမှ ပရပ်ကြယ်ရဲကင်းစခန်း ရှေ့ရှိပိတ်ဆို့စစ်ဆေးရေးဂိတ်တွင် ဘယ်ရီဂိတ်(အတား အဆီး)များချထား၍စောင့်ဆိုင်းနေစဉ် အဆိုပါမော်တော် ယာဉ်(၂)စီးမှာ စစ်ဆေးရေးဂိတ်အနီးအရောက်တွင် ရပ်တန့်ခြင်းမရှိဘဲ အောင်လံ – တောင်တွင်း ကာလမ်းမ အတိုင်းဆတ်သွားကျေးရွာဘက်သို့ ပြန်လည်မောင်းနှင် ထွက်ပြေးသွားခဲ့သည်ဆို၏ ။အဆိုပါထွက်ပြေးနေသော ယာဉ်(၂)စီးနောက်သို့ ဒုတိယ ရဲအုပ်အောင်မြင့်မြတ် ဦးစီးသောရဲတပ်ဖွဲ့များကထပ်ကြပ် မကွာလိုက်ပါလာခဲ့ပြီး ဆတ်သွားကျေးရွာ စစ်ဆေးရေး ဂိတ်သို့ဖြတ်သန်းစဉ် ရပ်တန့်ခြင်းမရှိဘဲ ဘယ်ရီဂိတ် (အတားအဆီး)များအား ကားဖြင့်တိုက်ကာ ချောင်းနက် ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ချောင်းနက်အရှေ့စုရွာသို့အရောက်တွင် မော်တော်ယာဉ် (၂)စီးမှာ ချောင်းနက် အနောက်စုရွာဘက်သို့မောင်းနှင် ထွက်ပြေးသွားသဖြင့် ချောင်းနက်လမ်းဆုံတွင်အသင့် စောင့်ဆိုင်လျှက်ရှိသည့် ဒုတိယရဲအုပ် ကိုကိုမင်းဦးစီး အဖွဲ့နှင့်နောက်မှလိုက်ပါလာသော ဒုတိယရဲအုပ် အောင် မြင့်မြတ် ဦးစီးအဖွဲ့မှလိုက်လံပိတ်ဆို့ခဲ့ရာ မော်တော်ယဉ် (၂)စီးမှာ ချောင်းနက် အနောက်စုကျေးရွာသွားမြေသား လမ်းဆုံရှိ သံလမ်းဘေးရေထုတ်မြောင်းအတွင်းရှေ့ဘီး ကျကာ ရပ်တန့်သွားပြီး ယာဉ်(၂)စီးလုံးပိတ်မိသွား၍ မော်တော်ယာဉ် (၂)စီးပေါ်တွင်ပါရှိသည့် ကျော်ဆန်းဝင်း (၃၇)နှစ်၊ကိုကိုချစ် (၃၀)နှစ်၊ရဲကျော်(၃၈)နှစ်၊မိုးဆွေကျေး ရွာ၊ဥတ္တရသီရီမြို့နယ်၊နေပြည်တော်နေသူတို့(၃)ဦးအား ထွက်ပြေးစဉ်ဖမ်းဆီးရမိခဲ့သည်ဆို၏ ။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ(၃)ဦးအား သက်ဆိုင်ရာရဲတပ်ဖွဲ့က ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီဆက်လက်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်းသက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

စာပေသစ္စာဖြင့် ဟင်္သာ

(တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.