“ရန်ကုန်ကနေ မကွေးကို ဝင်လာတဲ့ကုန်တင်ကားတွေကို ယာယီရပ်နားစခန်းမှာပဲ ကုန်တင်ကုန်ချခွင့်ပြုမည်”

မကွေး စက်တင်ဘာ ၁၄

“Covid 19ပိုး ပြည်တွင်းကူးစက်မှုမြင့်မားနေတဲ့အချိန်အခါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မကွေးမြို့ကိုဝင်လာမယ့် ရန်ကုန်ကလာတဲ့ကုန်တင်ကားတွေကို မြို့ထဲထိအဝင်မခံဘဲ ယာယီရပ်နားစခန်းမှာ ကုန်တင်ကုန်ချခွင့်ပြုမှာဖြစ်တယ်လို့ ပုဂ္ဂလိကလုပ်ငန်းသုံးယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။ “ကုန်တင်ကားတွေအတွက် ယာယီရပ်နားစခန်းကို မကွေးမြို့နယ် မကြီးကန်ကျေးရွာအထက(ခွဲ)ကျောင်းဝန်းထဲမှာ ထားရှိတာဖြစ်ပါတယ်၊ ဒါ့အပြင်ရန်ကုန်ကနေ ကုန်ကားမောင်းနှင်လာတဲ့ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေအနေနဲ့လည်း မကွေးမြို့တွင်းကိုဝင်ခွင့်မရှိဘဲ မကွေးဒေသခံဖြစ်နေရင် Q(၁၄)ရက်ဝင်ပြီးမှသာ ဝင်ခွင့်ပြုမယ်လို့ သိရပါတယ်။ “မကွေးမြို့မှာ ကုန်စည်စီးဆင်းမှုမရပ်တန့်စေဖို့၊ ရောဂါကြိုတင်ကာကွယ်ဖို့အတွက် ယာယီရပ်နားစခန်းမှာဘဲ ကုန်တင်ကုန်ချပြုလုပ်ရမှာဖြစ်တယ်လို့ ပုဂ္ဂလိကလုပ်ငန်းသုံးယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီ ဥက္ကဌဦးမြင့်စိုးကပြောပါတယ်။ “ကုန်စည်စီးဆင်းမှု မပြတ်​တောက်စေဖို့အတွက် ကုန်ကားအဝင်အထွက်ကိုတော့ပိတ်သွားမှာမဟုတ်ဘဲ မကွေးတိုင်းပြင်ပခရီးသည်ယာဥ်လိုင်းတွေကတော့စက်တင်ဘာ၁၄ရက်နေ့မှ စတင်ကာယာယီရပ်နားထားဖို့ တိုင်းဒေသကြီးကို ဗစ်၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက စာထုတ်ထားတာဖြစ်ပါတယ်၊ မကွေးတိုင်းအတွင်းပြေးဆွဲနေတဲ့ယာဥ်လိုင်းတွေကတော့ ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေးက ချမှတ်ထားတဲ့စည်းကမ်းတွေနဲ့အညီပြေးဆွဲရမှာလို့ သိရပါတယ်။ “Covid 19ပိုး ပြည်တွင်းကူးဆက်မှုမြင့်မားနေချိန် တိုင်းပြင်ပပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေပိတ်လိုက်တဲ့အတွက် စိတ်ပူပန်မှုအနည်းငယ်လျော့ကျသွားတယ်လို့ မကွေးမြို့ဒေသခံဦးနေမိုးဆွေကျော်က ပြောပါတယ်။ “မကွေးမြို့ကိုဝင်ရောက်မယ့် ကုန်တင်ကားတွေကို စက်တင်ဘာ၁၃ရက်နေ့မှစတင်ကာယာယီရပ်နားစခန်းမှာဘဲ ရပ်နားစေပြီး၊စတင်ရပ်နားတဲ့နေ့မှာ စားသောက်ကုန်၊စက်ပစ္စည်းတွေပါဝင်တဲ့ ကုန်တင်ကား၃၇စီးရှိတယ်လို့သိရပါတယ်၊ ယာယီရပ်နားစခန်းကို ဝင်ရောက်လာတဲ့ကုန်တင်ကားတွေကို ပိုးသတ်ဆေးဖြန်းတာတွေအပြင် ယာဥ်မောင်းတွေ၊ ယာဥ်​နောက်လိုက်တွေ နေထိုင်ဖို့ စီစဥ်ပေးထားပြီး ကျန်းမာရေးစစ်ဆေးမှုတွေလည်း လုပ်​ဆောင်နေတယ်လို့ သိရပါတယ်။ရွာသား(မကွေး)

မကွေးဂျာနယ်

Leave a Reply

Your email address will not be published.