မြေပဲဆံတစ်မျိုးတည်းသာ စံချိန်တင်အမြင့်ဈေးဖြင့် အဝယ်သွတ်နေသော်လည်း အခြားပဲမျိုးစုံဈေးကွက် ပုံမှန်ဈေးကွက်သာရှိနေ

ရွှေမန်း

မြေပဲဆံတစ်မျိုးတည်းသာ စံချိန်တင်အမြင့်ဈေးဖြင့် အဝယ်သွတ်နေသော်လည်း အခြားပဲမျိုးစုံဈေးကွက် ပုံမှန်ဈေးကွက်သာ ရှိနေကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရ သည်။
မန္တလေးပဲနှမ်းဈေးကွက်တွင် ဆီစက်ပိုင်များ ဝယ်ယူမှု ကောင်းနေခြင်း တရုတ်ဝယ်လက်များ ဆုံနေခြင်းကြောင့် မြေပဲဆံဈေးမှာ တစ်ပိသာကျပ် ၄၄၀၀ ထိပေါက်ဈေးရှိလာသည်။ ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု မှာ ဈေးတည်ပြီး ပုံမှန်အရောင်းအဝယ်သာ ရှိနေသည်။ပဲဈေးကွက်အတွင်း ပဲမျိုးစုံရောင်းဝယ်ရာတွင် ငွေပေးချေမှု ပုံစံပေါ်မှုတည်ပြီး တစ်အိတ်ကျပ် ၂၀၀၀.၃၀၀၀ ခန့်ကွာခြားမှုရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

“ မြေပဲဆံမှာ မန္တလေးဈေးကွက်တွင်သာ ပြည်တွင်းဆီစက်ပိုင်များ နှင့် တရုတ်ဝယ်လက်များ ဝယ်လိုအားကောင်းတော့ တစ်ပိသာကျပ် ၄၄၀၀ ဈေးပြန်ဖြစ်လာပါတယ်။ ပဲတီစိမ်းမှာ တစ်အိတ် ၁၅၃၀၀၀-၁၅၄၀၀၀ ဈေးတက်လာပါတယ်။ ပို့ကုန် မတ်ပဲနဲ့ ပဲစင်းငုံမှာ ဈေးမှာ အရောင်းအဝယ်ပုံမှန်သာ ရှိနေပါတယ်။ မတ်ပဲ ဈေးက တစ်အိတ် ၁၅၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပဲစင်းငုံ တစ်အိတ် ၁၃၀၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ မြေပဲလုံဆံကတော့ တင်ပို့မှု ကန့်သတ်ထားပေမယ့် တရုတ်ကုန်သည်တွေ အဝယ်ရှိနေပါတယ်။ ပြည်တွင်းသုံးကုလားပဲအုပ်စုနဲ့ ပဲမာလိုင်းများကတော့ ဈေးကွက်ပုံမှန်လေးနဲ့ သွားနေပါတယ်။ ” ဟု ၎င်းက ပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း

ပို့ကုန် မတ်ပဲနှင့် ပဲတီစိမ်းမှာ ပုံမှန်အရောင်းအဝယ်ငြိမ်နေသော်လည်း ယခင်သီးတင်းပတ်ထက် ဈေးအနည်းငယ်မြင့်တက်လာရာ ဇွန် ၁၆ ရက်နေ့ တွင် ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၃၀၀၀၀ ခန့်ဖြင့်ဈေးတည်ငြိမ်နေသည်။ မတ်ပဲ တစ်အိတ် ကျပ် ၁၅၀၀၀၀ ၊ ပဲတီစိမ်းရွှေဝါ တစ်အိတ်ကျပ် ၁၅၄၀၀၀ ပေါက်ဈေးဖြစ်လာရာ ယခင်သီတင်းပတ်ထက် ဈေးအနည်းငယ်မြင့်တက်လာသည်။ ပို့ကုန်ပဲများ ၏ ငွေပေးချေမှုပေါ်မှုတည်ပြီး တစ်အိတ်ကျပ် ၂၀၀၀-၃၀၀၀ ဈေးကွာခြားမှုဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသည်။

မြေပဲ

မြေပဲဆံကို ပို့ကုန်တင်ပို့ ကန့်သတ်ထား သော်လည်း တရုတ်နိုင်ငံသို့ တင်ပို့မှု ရှိနေခြင်းနှင့် အတူ ပြည်တွင်း ဆီစက်ပိုင်များမှ ဝယ်ယူကောင်းလာတာကြောင့် တစ်ပိသာ ကျပ် ၄၄၀၀ ဈေးထိ မြင့်တက်လာသည်။ ဇွန် ၁၆ ရက်တွင် S1မြေပဲဆံတစ်ပိဿာ ငွေကျပ်၄၄၀၀-၄၄၅၀ ပေါက်ဈေးဖြစ်လာသည်။ အနီလုံးဆံနှင့် နှင့်အခြား အမျိုးအစားများမှာ တစ်ပိသာကျပ် ၄၂၀၀ နှင့်အောက်တွင်ပေါက်ဈေးရှိနေသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၉၀၀၀-၉၅၀၀၊ နှမ်းဆီတစ်ပိဿာ ၈၀၀၀ ၊စားအုန်းဆီမှာ ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်မရှိကြောင်းသိရသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ကုလားပဲဗွီးတူး ကျပ် ၁၅၂၀၀၀၊ ကုလားပဲအမျိုးအစားအလိုက် တစ်အိတ် ၅၀၀၀ကျပ် ဈေးမြင့်တက်လာ ပြီး၊ပဲယင်းတစ်အိတ်ကျပ် ၁၄၀၀၀၀ ၊ ပဲကြီးတစ်အိတ်ကျပ် ၁၈၀၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၄၂၀၀၀ ၊ စွန်တာပြာ တစ်အိတ် ကျပ် ၁၃၂၀၀၀၊မြေထောက်ပဲ တစ်အိတ် ကျပ် ၁၈၅၀၀၀ ၊ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၂၈၅၀၀၀ အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.