မြသလွန်ဘုရားအပါအဝင် လူထူထပ်နေရာတွေ တပ်မတော်က ပိုးသတ်ဆေးဖျန်းပေး

မကွေးမြို့အတွင်း လူထူထပ်တဲ့ ဘုရားတွေ၊ ဆေးရုံတွေ၊ ဘဏ်တွေ၊ စာသင်တိုက်‌တွေ၊ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို မကွေးတပ်မ၈၈နဲ့ မကွေးတပ်ပေါင်းစုံ စုပေါင်း၍ အရာရှိ၅ဦး၊ စစ်သည်၁၅ဦးဖြင့်မတ်လ၃၁ရက်‌နေ့ နံနက်၁၀နာရီအချိန်
ကလိုရင်းပိုးသတ်ဆေးရည် လိုက်ဖြန်းပေးခဲ့‌ကြောင်း သိရပါတယ်။
စာသင်တိုက်အတွင်းရှိ စာသင်သားများ၊သီလရှင်များအား‌ ဆေးသွင်းပေးခြင်း၊အပူချိန်တိုင်းပေးခြင်း၊ မြသလွန်ဘုရား၊ခရစ်ယန်ချပ်စ်‌ကျောင်း၊ သာသနာ့ဂုဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ စီပွားရေးဘဏ်တို့တွင် COVID-19ကာကွယ်ဆေးရည်များဖြန်းပေးခဲ့ကြောင်း သိရပါတယ်။
ကလိုရင်းဆေးရည်အစွမ်းဟာ ပိုးရှိတယ်ဆိုရင် အဲဒီပိုးဟာ ၅မီနစ်အတွင်းမှာ သေစေနိုင်ပါတယ်၊ အဲဒီဆေးရဲ့အာနိသင်ဟာ ၃ရက်ခံပါတယ်၊ ၃ရက်ပြည့်သွားရင် ထပ်ပြီးဖြန်းပေးမှာပါ၊ ဘုရားဖူး၊ ဝတ်ပြုသူတွေအန္တရာယ်ကင်းအောင်လို့ လာပြီးတော့ဖြန်းပေးရတာပါလို့ မကွေးတပ်မ၈၈မှ ဗိုလ်ကြီးနိုင်လွင်ဦးက‌ ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.