မိုးရာသီ စိုက်ပျိုုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည် ဖြစ်သော်လည်းလျာထားချက်ပြည့်မီအောင်ချေးယူသူမရှိ

ရွှေမန်း

မိုးရာသီ စိုက်ပျိုုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည် ဖြစ်သော်လည်းလျာထားချက်ပြည့်မီအောင်ချေးယူသူမရှိ ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း အစိုးကထုတ်ချေးပေးသော မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေလျာထားချက်ကျပ် သန်း ၅၀၀၀ကျော်လျာထားသော်လည်းပြည့်မီအောင် ချေးယူသူမရှိကြောင်းသိရသည်။

လက်ရှိတွင် သွင်းအားစုမြေဆီနှင့်စက်သုံးဆီစျေးများမြင့်တက်နေတာကြောင့် တောင်သူများအနေဖြင့် စပါးတစ်ဧက စိုက်ပျိုးစရိတ်မှာ ယခင်ထက် ၃ဆခန့် မြင့်တက်ကုန်ကျနေကြောင်းတောင်သူများထံက သိရသည်

မန္တလေးတိုင်းဒေသကြီး၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးအတွင်းရှိစိုက်ပျိုးတောင်သူများအား ၂၀၂၂ ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးရာတွင် ကျန်ရှိနေသူများအား စက်တင်ဘာလကုန် ထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး၊ဘဏ်ခွဲမန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောသည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ငွေကျပ် သန်း ၅၀၄၀၄ ကို ထုတ်ချေးပေးရန်လျာထားခွင့်ပြုထားပြီး ဇွန်လမှ စတင်ထုတ်ချေးပေးခဲ့ရာ စက်တင်ဘာ ၂၁ ရက်နေ့ထိ ငွေကျပ် ၃၉၇၅၁ ဒသမ ၆၀ သန်းထုတ်ချေးပေးပြီးဖြစ်သည်ဟုဆိုသည်။

“စိုက်ပျိုးတောင်သူတွေကို အတိုးနုန်းသက်သာစွာနဲ့ မိုး၊ ဆောင်း၊ မိုးကြို စတဲ့ ရာသီအလိုက် ချေးငွေထုတ်ချေး ပေးနေပါတယ်။မိုးရာသီ ချေးငွေထုတ်ဖို့ ကျန်နေတဲ့သူတွေအတွက် လာမယ့် စက်တင်ဘာ ၃၀ ၊လကုန်ထိ ထုတ်ချေးပေးမှာပါ.ဆောင်းရာသီ သီးနှံအတွက်လည်း ချေးငွေထုတ်ချေးပေးသွားဖို့ လည်းရှိပါတယ်”ဟု ၎င်းကပြောသည်။

တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာ တွင် စပါးသီးနှံစိုက် တစ်ဧကလျင် ကျပ် တစ်သိန်းခွဲ၊အခြားသီးနှံများဖြစ်သည့် မြေပဲ၊နှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ မတ်ပဲ ၊ပဲပုတ်၊ ဝါ စသည်တိုအတွက် တစ်ဧကလျင် ကျပ် တစ်သိန်းနုန်းဖြင့် ချေးငွေထုတ်ချေးပေးနေကြောင်း သိရသည်။

“စိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းဖြင့် တောင်သူတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ပေးနေ တာဖြစ်ပါတယ်။အတိုးနုန်းက ၅ ရာနုန်းဆိုတော့ သက်သာတဲ့ နှုန်းထားပါ။စိုက်ပျိုးရေးမှာ ရာသီချိန်အမှီ စိုက်ပျိုးနိုင်တော့ လယ်ယာက ဖွုံ့ဖြိုးတိုးတက်လာမယ်”ဟု ဆက်လက်ပြောကြားသည်။

အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တိုင်းဒေသကြီးအတွင်း ၂၃ မြို့နယ်မှ ကျေးရွာ ၆၂၃ ရွာမှ တောင်သူ ပေါင်း ၅၀၀၂၆ ဦးတို့၏ စပါးသီးနှံနှင့် အခြားသီးနှံ ဧကပေါင်း ၂၆၉၈၆၉ အတွက် ထုတ်ချေးပေးမည်ဖြစ်ပြီး စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published.