မင်းဘူးခရိုင်ဘိုးဘွားရိပ်သာပြီးစီးမှုအခြေအနေကို တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းလွှတ်တော်ဥက္ကဌတို့ လာရောက်ကြည့်ရှု့

မကွေးတိုင်း မင်းဘူးမြို့အမှတ်၄ရပ်ကွက်‌မှာရှိတဲ့ ဆည်းဆာရိပ်တို့၏ခိုလုံရာ မင်းဘူးခရိုင်ဘိုးဘွားရိပ်သာပြီးစီးမှုအခြေအနေကို မေလ၁၇ရက်နေ့ နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနဲ့ တိုင်းလွှတ်တော်ဥက္ကဌ ဦးတာတို့ လာရောက်ကြည့်ရှု့ခဲ့ပါတယ်။
အဘိုးအဘွားတွေ နေထိုင်မှာဆိုတော့အဆောက်အဦးတွေကို ကောင်းမွန်စွာတည်ဆောက်စေချင်ပါတယ်၊ အရိပ်ကောင်းမဲ့သစ်ပင်တွေလဲစိုက်ပျိုးစေချင်ပါတယ်၊ဆည်းဆာရိပ်တို့၏ခိုလုံရာ ဘိုးဘွားရိပ်သာအဆောက်အဦးကြီးပြီးသွားရင် ပထမဦးဆုံး မင်းဘူးမြို့ပေါ်မှာရှိတဲ့ မှီခိုရာမဲ့‌နေတဲ့အဘိုးအဘွား၃၂ဦးကို စတင်ထားရှိသွားမှာဖြစ်ပါတယ်၊ အဘိုးအဘွား၃၂ဦးရဲ့ စားဝတ်နေရေး၊ ကျန်းမာ‌ရေးကိစ္စအဝဝကိုလည်း တိုင်းအစိုးရက ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
အဆိုပါဘိုးဘွားရိပ်သာကို မကွေးတိုင်းအစိုးရအဖွဲ့၏ ပံ့ပိုးငွေကျပ်သိန်း၅၅၀၊ မင်းဘူး/စကုမြို့နယ်က အများပြည်သူလှူဒါန်းငွေ ကျပ်၁၇၆သိန်းနဲ့ စတင်တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။
ဆည်းဆာရိပ်တို့၏ခိုလုံရာ ဘိုဘွားရိပ်သာ တည်ဆောက်ရေးကော်မတီဥက္ကဌဦးမျိုးမင်းက အဘိုးအဆောင်၊ အဘွားအဆောင်၊အိမ်သာ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ ရေစဉ်ပြီးစီးသွားပါပြီ၊ ပေ၃၂၀ရှိတဲ့ ကွန်ကရစ်လမ်းကို စတင်ခင်းနေပါပြီ၊ ကွန်ကရစ်လမ်းက ၃ပုံ၂ပုံပြီးပါပြီ၊ ကွန်ကရစ်လမ်းခင်းတာ ကျပ်သိန်း၁၈၀ ကုန်ကျပါတယ်၊ ပထမဦးဆုံးရည်မှန်းထားတာကတော့ မင်းဘူးခရိုင်အတွင်းက မှီခိုရာမဲ့ အဘိုးတွေ၊ အဘွားတွေ လာနေဖို့တည်ဆောက်တာပါလို့ ပြောပါတယ်။
ဆည်းဆာရိပ်တို့၏ခိုလုံရာဘိုဘွားရိပ်သာကြီးပြီးစီးသွားပါက တိုင်းဒေသကြီးအစိုးရ၏ ပံ့ပိုးငွေနဲ့ ရေရှည်တည်တံ့အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လက်ရှိအခက်အခဲမှာ CSRနဲ့ဆောက်ထားတဲ့အဆောက်အဦးတွေက ပြန်လည်ပြုပြင်ဖို့လိုအပ်နေကြောင်း၊ အစားအသောက်ချက်ပြုတ်တဲ့ အဆောက်အဦးတွေ ပြီးသွားပါက ဘိုးဘွားရိပ်သာဖွင့်လို့ရပြီဖြစ်ကြောင်း ဦးမျိုးမင်းက ဆိုပါတယ်။
Covid 19ကပ်ရောဂါပြီးသွားတဲ့အခါ ပထမဦးဆုံးအဘိုး၁၆ဦး၊ အဘွား၁၆ဦးလက်ခံဖို့စီစဉ်ထားပါတယ်၊ ဘယ်အသက်အရွယ်တွေ လက်ခံမလဲဆိုတာက နောက်ပိုင်း ထုတ်ပြန်ပေးပါမယ်၊
နောက်ထပ် အဆောက်အဦးတိုးချဲ့တည်ဆောက်သွားဖို့လဲ ရှိပါတယ်လို့
ဆည်းဆာရိပ်တို့၏ခိုလုံရာ ဘိုဘွားရိပ်သာတည်ဆောက်ရေးကော်မတီ ဥက္ကဌဦးမျိုးမင်းက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်







Leave a Reply

Your email address will not be published.