“မကွေးတိုင်းအစိုရရုံး၊ တိုင်းဆေးရုံနှင့် သင်ကြားရေးဆေးရုံတို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအချို့တွင် Covid 19ရောဂါပိုးတွေ့ရှိ”

မကွေး ဒီဇင်ဘာ ၁၁

“မကွေးတိုင်းအစိုးရရုံး ဝန်ကြီးချုပ်ရုံးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ဦးစီးအရာရှိတွင် ယနေ့ နံနက်ပိုင်းက ပိုးတွေ့ရှိပြီး ဒီဇင်ဘာ ၁၀ရက်နေ့က တိုင်းဆေးရုံဝန်ထမ်းများနှင့် သင်ကြားရေးဆေးရုံဝန်ထမ်းအချို့တိုတွင်လဲ ပိုးတွေ့ရှိကြောင်း တိုင်းကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက သိရသည်။ “မနေ့က တိုင်းဆေးရုံနဲ့သင်ကြားရေးဆေးရုံက ဝန်ထမ်းအချို့မှာ ပိုးတွေ့တယ်ဆိုတာဟုတ်ပါတယ်၊ ဘယ်နှစ်ဦးဆိုတာကတော့ သေချာအောင်ထပ်စစ်ဆေးဆဲပါ၊ တိုင်းအတွင်း ကျန်းမာရေးဝန်ထမ်းတွေ ပိုးကူးစက်ခံရတာ ကနေ့အထိ(၃၄)ဦးရှိပါပြီ၊ ဒီနေ့မနက် တိုင်းအစိုးရရုံးကဝန်ထမ်းတဦး ပိုးတွေ့တာလဲဟုတ်ပါတယ်ဟု တိုင်းကျန်းမာရေးနှင့်ကုသရေဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းက အတည်ပြုပြောသည်။ ယနေ့ ဒီဇင်ဘာ(၁၁)ရက်နေ့ နံနက်ပိုင်းက တိုင်းအစိုးရရုံးအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများအပါအဝင် ဝန်ထမ်း(၁၅၀)ကိုCovid 19ရောဂါကူးစက်မှုရှိမရှိ RDTဖြင့်စစ်ဆေးရာ ဝန်ကြီးချုပ်ရုံးခန်းတွင် တာဝန်ထမ်းဆောင်နေသော ဦးစီးအရာရှိတဦးသာ ပိုးတွေ့ရှိတာဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေက ကနေ့မနက်ပိုင်း တိုင်းအစိုးရရုံးက ဝန်ထမ်း(၁၅၀)ခန့် ပိုးရှိမရှိစစ်ဆေးပြီးခဲ့ပါပြီ၊ ပိုးတွေ့တဲ့ဝန်ထမ်းလက်ရှိကျန်းမာရေးအခြေနေကောင်းပါတယ်ဟု ဒေါက်တာခင်မောင်သန်းက ဆိုသည်။ ကနေ့ ကျွန်တော်တို့ တိုင်းအစိုးရအဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်သူတွေကို RDTနဲ့စစ်ဆေးခဲ့ကြပါတယ်၊ ဝန်ထမ်းတဦးမှာ ပိုးတွေ့ပြီး ကျွန်တော်အပါအဝင် ဝန်ကြီးချုပ်၊ ဝန်ကြီးတွေ၊ ဝန်ထမ်းတွေအားလုံးမှာ ပိုးမတွေ့ရှိပါဘူး၊ တိုင်းအတွင်းကူးစက်မှုများလာတယ်၊ မကွေးမှာလဲ လက်ရှိအခြေနေဒီထက်ပိုဆိုးလာရင် Stay at Homeလုပ်သင့်ရင်လုပ်ဖို့စီစဥ်နေပါတယ်ဟု တိုင်းအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။ “တိုင်းအတွင်း Covid 19ရောဂါကူးစက်မှုများပြားလာသည့် အောင်လံနှင့်တောင်တွင်းကြီးမြို့ပေါ်ရပ်ကွက်များကို အသွားအလာကန့်သတ်ခဲ့ရပြီး၊ မကွေး၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ မင်းဘူး၊ ပွင့်ဖြူမြို့နယ်များရှိ ကျေးရွာအချို့ကိုလဲ အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။ တိုင်းအတွင်း ယနေ့ ဒီဇင်ဘာ နေ့လယ်(၂)နာရီအထိ ပိုးတွေလူနာစုစုပေါင်း (၁၇၁၂)ဦးရှိပြီး တိုင်း၊ ခရိုင်၊ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများတွင် တက်ရောက်ကုသနေသော ပိုးတွေ့လူနာ(၂၉၉)ဦးနှင့် သေဆုံးသူ(၄)ဦးရှိကြောင်း သိရသည်။

သက်မှူးအိမ်(မကွေးဂျာနယ်)

Leave a Reply

Your email address will not be published.