မကျီးသုံးပင်ကျေးရွာကို ၀န်ကြီးချုပ်နဲ့အဖွဲ့မဲဆွယ်”

မင်းဘူး စက်တင်ဘာလ ၁၂ “၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရှုံးခဲ့တဲ့ မင်းဘူးမြို့နယ် မကျီးသုံးပင်ကျေးရွာပြည်သူလူထုနဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းအောင်နိင်ရေးဥက္ကဌ ဦးတာ နဲ့ တိုင်းလွှတ်တော်ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းတို့ တွေ့ဆုံမဲဆွယ်စည်းရုံးခဲ့ပါတယ်။ မဲဆွယ်ပွဲကို စက်တင်ဘာလ (၁၀)ရက်နေ့က မင်းဘူးမြို့နယ် မကျီးသုံးပင်ကျေးရွာ ပါတီဝင်ဦးကြည်လေးအိမ်မှာ ပြုလုပ်ခဲ့တာပါ။ တွေ့ဆုံပွဲမှာ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြည်တွင်းပြည်ပ ကိစ္စအမျိုးမျိုးကိုဖြေရှင်းနိုင်ဖို့ ခိုင်မာအားကောင်းပြီး ဒေါင်ဒေါင်မည် အစိုးရဖြစ်ဖို့လိုတယ်လို့ကြောင်း၊ ဒါအပြင် အရင်အစိုးရ (၅)နှစ်သက်တမ်းအတွင်း ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေး ၊ လမ်း တံတား ဆောင်ရွက်ခဲ့တဲ့အခြေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် (၅)နှစ် ူအတွင်း ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေး ၊ လမ်း တံတား ဆောင်ရွက်ခဲ့တဲ့အခြေအနေတွေကို နှိုင်းယှဥ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညို ၊တိုင်းအောင်နိင်ရေးဥက္ကဌ ဦးတာ၊ တိုင်းလွှတ်တော်ဒုတိယ ဥက္ကဌ ဦးဇော်မျိုးဝင်း၊ မင်းဘူး စကုမြို့ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အောင်နိင်ရေးတာဝန်ရှိသူများ တက်ရောက်ကြပါတယ်။ တွေ့ဆုံပွဲမှာ ဒေသခံပြည်သူပြည်သူ (၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး ပြည်သူတွေက ကျေးလက်ကျန်းမာရေးဆေးခန်းရရှိရေးအတွက် တောင်းဆိုခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ပွင့်လင်းမြင်သာမှုရှိပြီး တိုင်း ခရိုင် မြို့နယ် အဆင့်တာဝန်ရှိသူတွေနဲ့လည်း တင်ပြပြောဆို ခွင့်တွေရလာတယ်လို့ မကျီးသုံးပင်ကျေးရွာက ဦးအေးကျော်က ပြောပါတယ်။ ၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတုန်းက မကျီးသုံးပင်ကျေးရွာမှာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲအပြတ်အသတ်နဲ့နိုင်ခဲ့တယ်လို့ ကျေးရွာပြည်သူတွေက ဆိုပါတယ်။

ရွာသား(မကွေး)

မကွေးဂျာနယ်

Leave a Reply

Your email address will not be published.