ဘဏ္ဍာနှစ် ၇ လနီးပါးအတွင်း ပဲတင်ပို့မှု အမေရိကန်ဒေါလာ သန်း ၆၉၀ နီးပါးရှိပြီးပဲတီစိမ်းကိုအများဆုံးတင်ပို့

ရွေမန်း

အခုဘဏ္ဍာနှစ် ၇ လနီးပါးအတွင်း ပြည်ပကို ပဲမျိုးစုံတန်ချိန် ၈ သိန်း ၇ သောင်းကျော် တင်ပို့မှုကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၉၀ နီးပါး ရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာ ၂၁ ရက်အထိ ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံတန်ချိန် ၇ သိန်း ၃ သောင်းကျော်နဲ့ နယ်စပ်ကနေ တန် ၁ သိန်း ၄ သောင်းကျော် တင်ပို့ထားတာပါ။ ပင်လယ်ရေကြောင်းတင်ပို့မှုက ဝင်ငွေ ကန်ဒေါ်လာ သန်း ၅၉၀ နီးပါးနဲ့ နယ်စပ်တင်ပို့မှုကနေ သန်း ၁၀၀ ကျော် ရရှိထားသည်။

အခုဘဏ္ဍာနှစ်အတွင်းမှာ ပဲတီစိမ်းကို အများဆုံး တင်ပို့ထားတာဖြစ်ပြီး တန်ချိန် ၃ သိန်း ၄ သောင်းကျော်အထိ တင်ပို့ခဲ့သည်။ မတ်ပဲတင်ပို့မှုတန်ချိန် ၂ သိန်း ၉ သောင်းကျော်နှင့် ပဲစင်းငုံ တန်ချိန် ၆ သောင်း ၈ ထောင်ကျော် တင်ပို့ထားကြောင်းစီးပွား/ ကူးသန်းက ထုတ်ပြန်ထားခြင်းဖြစ်သည်။

အိန္ဒိယက လာမည့် ၂၀၂၃ ခုနှစ် မတ်လကုန်အထိ မတ်ပဲနှင့် ပဲစင်းငုံကို အကန့်အသတ်မရှိ တင်သွင်း ခွင့်ပြုထားတာကြောင့် ပဲတင်ပို့မှု ဆက်များနိုင်မည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်းက သုံးသပ်ထားသည်။

ပြည်တွင်းပဲမျိုးအသစ်ထွက်ရာသီဖြစ်သည့် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် ပဲစျေးကွက် အရောင်းအဝယ်သွက်သည့်လများဖြစ်ပြီး ယခုနှစ်တွင်ပဲမျိုးစုံ စိုက်ပျိုးမှုလျော့နည်းသည့်ဒေများရှိနေတာကြောင့် ယခင်နှစ်ထက် အထွက်လျော့ကျနိုင်ကြောင်း ပဲကုန်သည်များထံကသိရသည်။

Leave a Reply

Your email address will not be published.