ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းနှင့် အရည်အသွေးကောင်းသစ်သီးများထုတ်လုပ်မှုစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း ပို့ချ

ရွှေမန်း

ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းနှင့်အရည်အသွေးကောင်းသစ်သီးများထုတ်လုပ်မှုစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း ကို စဉ့်ကိုင်မြို့နယ် ဆည်ရွာရှိ သဇင်နွယ်သရက်ခြံတွင် နိုဝင်ဘာ ၂၅ရက်မှ ၂၆ ရက်ထိဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန ၊နေပြည်တော် မှသီးနှံကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်လင်း က အဖွင့်အမှာစကားပြောကြာပြီး မန္တလေးတိုင်းဒေသကြီးတိုင်းဦးစီး ဦးတိုးမင်း ၊ သဇင်နွယ်သရက်ခြံပိုင်ရှင် တို့က သင်တန်းဖွင့်အမှာ စကားပြော သည်။

ထိုနောက် သင်တန်း ပို့ချပေးရာ ဒေါက်တာဝဏ္ဏထွန်း၊ ဒေါက်တာခင်ညွှန့်ရီ တို့က ပိုးရောဂါကာကွယ်နှိမ်နှင်းခြင်း၊GAP ရိတ်သိမ်းခူးဆွက်မှုနည်းပညာ ၊မြေဆီလွှာပြုပြင်မဥ ပိုးသက်ဆေးစနစ်တကျသုံးခြင်း စသည့်ဘာသာရက်များကို ပ်ို့ချပေးခဲ့ကြောင်းသိရသည်။

GAP စနစ်ဖြင့်သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်း များအကြောင်း ၊ အော်ဂဲနစ်စိုက်ပျိုးရေးစနစ် ၊ ဈေးကွက်မြင့်တင်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်း၊ GAP အသိအမှတ်ပြုလက်မှတ်များ ရရှိ အောင် ဆောင်ရွက်ခြင်း ၊ အကြောင်းကို ဒေါက်တာဝဏ္ဏထွန်း ကရှင်းလင်းပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းကို Mekong-Lancang Cooperation အစီအစဉ်ဖြင့် စိုက်ပျိုးရေး ဆိုင်အသိ ပညာဖြန့်ဝေပေးခြင်းကို စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲမှာ အကောင်အထည်ဖော် ပို့ချပေးသည့် အစီအစဉ်ဖြင့်ပို့ချပေးသောသင်တန်းဖြစ်ပြီး စဉ့်ကိုင်မြို့နယ် အတွင်းရှိ သရက် ခြံပိုင်ရှင်းများ သင်တန်းသား ၄၅ ယော က်ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.