ပြည်ပပို့ကုန်ပဲများ၊ ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် မြေပဲဆန်ဈေးများ ဆက်လက် မြင့်တက်နေ

ရွှေမန်း

ပြည်ပပို့ကုန်ပဲများ၊ပြည်တွင်း သုံး ကုလားပဲ၊ မြေပဲဆန်ဈေးများ ဆက်လက် မြင့်တက်လာကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။
ပို့ကုန်ပဲများအတက်ရပ် ဈေးငြိမ်နေပြီး အမြင့်ဈေးဖြင့် အရောင်းအဝယ် သွက်နေရာ မတ်ပဲတစ်အိတ် ငွေကျပ်၂၀၀၀၀၀၊ပဲစင်းငုံ တစ် အိတ် ငွေကျပ်၁၈၅၀၀၀၊ပဲတီစိမ်း တစ်အိတ် ငွေကျပ် ၁၅၀၀၀၀ အသီးသီး ဈေးမြင့်တက်လာပြီး ပြည်တွင်းသုံး ကုလားပဲနှင့်မြေပဲ ဆန်ဈေးများလည်း ယခင်သီတင်း ပတ်ထက် ဆက်လက်မြင့်တက် နေကြောင်း၊ပြည်တွင်းသုံးပဲမာ လိုင်းများ အမြင့်ဈေးနဲ့ အရောင်း အဝယ်ပုံမှန်သာရှိကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှု လုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

‘”ပို့ကုန်ပဲတွေ အကုန်ဈေး မြင့်တက်သွားရာကနေ လက်ရှိမှာ အမြင့်ဈေးနဲ့ အရောင်းအဝယ်သွက် နေပါတယ်။ အချို့ဒေသတွေမှာ လက်ကျန်ပဲ မရှိသလောက်ဖြစ် သွားပါပြီ။ အချို့လည်း ဈေးကွက် ကို စောင့်ကြည့်ရောင်းချနေပါ တယ်။ပို့ကုန်ပဲတွေ ဈေးတက် ရပ်သွားပေမယ့် ယခင်သီတင်းပတ် ထက် ဆက်လက်မြင့်တက်နေပါ တယ်။ မတ်ပဲတစ်အိတ် ငွေကျပ် ၂၀၀၀၀၀ အထိ စံချိန်တင် မြင့် တက်လာသလို ပဲစင်းငုံမှာလည်း ငွေကျပ်၁၈၅ç၀၀၀အထိ လိုက်ပါ မြင့်တက်လာပါတယ်။ ဈေးကွက် မှာ အရောင်းအဝယ်အကောင်းဆုံး ကတော့ ကုလားပဲအုပ်စုနှင့်မြေပဲ ဆန် ဖြစ်ပါတယ်။ တရုတ်လိုင်းအဝယ်ရှိသည့် မြေပဲလုံးဆန် တစ်ပိဿာငွေကျပ် ၆၅၀၀-၆၈၀၀ ဈေးဖြစ်သော် လည်း မြေပဲဆီဆန်များတွေက တော့ ၆၀၀၀ ကျော်လောက်သာ ရှိပါတယ်။ နှမ်းမျိုးစုံ ဈေးကွက် ကလည်း ဈေးကောင်းအဝယ် လိုက်နေရာ နှမ်းနက် သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၂၈၀ç၀၀၀၊ နှမ်းဖြူ ငွေကျပ်၂၇၀ç၀၀၀ အထိ ပေါက်ဈေး ဖြစ်လာပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းတွေလည်း အမြင့်ဈေးအတိုင်းသာ ပုံမှန် အရောင်းအဝယ်ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
မတ်ပဲ၊ ပဲတီစိမ်း ၊ပဲစင်းငုံ
ဒေါ်လာဈေးအပြောင်းအလဲ ကြောင့် ပြည်တွင်းပို့ကုန်ပဲများ ဈေးကွက်အတွင်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၀ç၀၀၀ ခန့် ဈေးမြင့်တက်သွားရာ ယခု သီတင်းပတ်တွင် လက်ကျန်နည်း သွားသည့် အခြေအနေကြောင့် မတ်ပဲမှာ တစ်အိတ် ငွေကျပ် ၂၀၀ç၀၀၀ အထိ စံချိန်တင်မြင့် တက်ခဲ့သည်။ နယ်လက်ကျန် နည်းသွားသည့် ပဲစင်းငုံမှာလည်း တစ်အိတ် ငွေကျပ် ၁၈၅ç၀၀၀ အထိ ပေါက်ဈေးဖြစ်ခဲ့သည်။ မန္တလေးပဲဈေးကွက်၊ ရန်ကုန်ပဲ ဈေးကွက်တွေမှာ အရောင်းအဝယ် အသွက်ဆုံး ပဲဈေးကွက်ဖြစ်နေရာ ယခုသီတင်းပတ်တွင် စက်သုံးဆီ ဈေးမြင့်တက်မှုနှင့်အတူ ဝယ်ယူ ရန် အခက်အခဲရှိလာတာကြောင့် ပြည်တွင်းတန်ဆာခများ ဈေးမြင့် တက်လာမှုကြောင့် ပဲဈေးကွက် ဈေးမြင့်တက်မှု ရပ်တန့်သွားခဲ့ ကြောင်း သိရသည်။
မြေပဲ
ပြည်တွင်းသို့ စားအုန်းဆီ တင်သွင်းမှုလျှော့ချလာတာကြောင့် စားဆီဈေးကွက်မှာ ဈေးမြင့်တက် လာသလို ပြည်တွင်း မြေပဲဆီမှာ လည်း လိုက်ပါဈေးမြင့်တက်လာ ရာ S1 မြေပဲလုံးဆန် တစ်ပိဿာ ငွေကျပ် ၆၉၀၀၊ အနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၆၇၀၀-၆၉၀၀၊ ဆီဆန် တစ်ပိဿာ ငွေကျပ် ၆၅၀၀-၆၆၀၀ ပေါက် ဈေးရှိသည်။ စားဆီဈေးကွက်မှာ လည်း အခြေခံရည်ညွှန်ဈေး တစ်ပိဿာ ငွေကျပ် ၄၀၀၀ ကျော် သတ်မှတ်ထားသော်လည်း ပြင်ပ ဈေး တစ်ပိဿာကျပ် ၉၀၀၀ ကျော် ပေါက်ဈေးရှိနေသည်။မြေပဲဆီ တစ်ပိဿာငွေကျပ် ၁၅၀၀၀၊နှမ်းဆီတစ်ပိဿာ ငွေကျပ် ၁၀၀၀၀ ကျော်ပေါက်ဈေး ဖြစ် လာသည်။
ပြည်တွင်းသုံးကုလားပဲအုပ်စု အရောင်းအဝယ်သွက်လာတာနှင့် အတူ ပဲမာလိုင်းများ အနည်းငယ် ဈေးမြင့်တက်လာရာ ပဲအမျိုးအစား အလိုက် တစ်အိတ် ငွေကျပ် ၅၀၀၀ မှ ၂၀၀၀၀ ခန့် ဆက်လက် ဈေးမြင့်တက်လာရာ ဩဂုတ် ၁၈ ရက်တွင် ကုလားပဲ V2တစ်အိတ် ငွေကျပ် ၁၉၅၀၀၀၊ ပဲယင်း တစ်အိတ် ငွေကျပ် ၁၄၅၀၀၀၊ ပဲကြီးတစ်အိတ်ငွေကျပ် ၂၃၅၀၀၀၊ ပဲထောပတ် တစ်အိတ် ငွေကျပ် ၁၆၀၀၀၀၊ စွန်တာပြာ တစ်အိတ် ငွေကျပ် ၁၄၅၀၀၀၊မြေထောက်ပဲ တစ်အိတ် ငွေကျပ် ၂၃၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်ငွေကျပ် ၃၅၀၀၀၀ အသီးသီးဈေးမြင့်တက် လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.