ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ  ဘဏ္ဍာရေးမွဳးဦးကြည်ထွန်းနှင့်အင်တာဗျူး
မကွေးတိုင်းပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဘဏ္ဍာရေးးလည်းဖြစ် မကွေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အမှတ်(၈) နယ်မြေမှနေ၍ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်အရွေးခံမည့် ဦးကြည်ထွန်းနှင့် မကွေးဂျာနယ်တို့အင်တာဗျူးခဲ့သည်။
မေး – ၂၀၂ဝမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းရာထားတာကို ဘယ်လိုရှိပါသလဲ
ေမး – ကျေးလက် ကိုယ်စားလှယ်ပါဝင်မှု၊ အကျိုးသက်ရောက်မှုကေရာ
ပါတီက အသင်းဘ၀ကစလို့ ကျေးလက်ဖွံ့ဖြိုးရေးကို အခြေခံခဲ့တယ်၊ မြို့ပြကို ဂရုမစိုက်တာ မဟုတ်ဘူး၊ ကျေးလက်ကစပြီး မြို့ပြ ဖွံ့ဖြိုးဖို့ ဆိုတဲ့ မူဝါဒချမှတ်ပြီး ခိုင်ခိုင်မာမာလုပ်ခဲ့တာပါ။ ပါတီဝင်အများစုက ကျေးလက် အကြောင်းကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်တွေ အဖြစ်ပါဝင်လာတယ်ဆိုတာ ကျေးလက် ပြည်သူကို တိုက်ရိုက်ကိုယ်စားပြုတဲ့ သဘောပါပဲ။ တဆင့်ပြောတာ တဆင့်တင်ပြလို့ သိရတာမျိုး မဟုတ်ပဲ၊ ကိုယ်တိုင်က ကို ကျေးလက်ပြည်သူတွေရဲ့ ပကတိအခြေအနေတွေကို သိတဲ့ ခံစားတတ်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ရင်တော့ ကျေးလက်အတွက် ပိုအကျိုးရှိမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျေးလက်က ကိုယ်စားလှယ်လောက်း (၂)ဦး ထည့်သွင်းရွေးချထားတာပါ၊ ပါတီရဲ့ မူကို အကောင်အထည်ဖော်တဲ့အခါ အထောက်အကူ ကြီးကြီးမားမား ရရှိနိုင်မှ ဖြစ်ပါတယ်။
ေမး – ကိုဗစ်ကာလကြောင့်ခက်ခဲနိုင်မလား၊ အခြားပါတီတွေရော
ခက်ခဲပါတယ်။ ပြည်သူ့ကျန်းမာရေးနဲ့ အသက်အန္တရာယ် နဲ့ ပတ်သက်နေတော့ ရွေးကောက်ပွဲ က ဒုတိယအဆင့်မှာပဲ စဉ်းစားပါတယ်။ ပါတီအောင်နိုင်ရေးစည်းရုံးရတာ ခက်တာ လွယ်တာထက် ဒီလိုအချိန် မျိုးမှာ ရွေးကောက်ပွဲကို ဘယ်လိုမှ မလုပ်သင့်သေးဘူးဆိုတာလဲ ပါတီရဲ့ သဘောထားပါ။ ဒါကြောင့် စည်းရုံးရေး လုပ်ငန်း တွေထက် ကိုဗစ် ကာလာ ကူညီထောက်ပံ့ရေးတွေကို ပိုလုပ်နေပါတယ်။ ခက်တာကတော့ ကော်မရှင်က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ညွှန်ကြားချက်မှာ ကိုဗစ်နဲ့ ပတ်သက်လို့ လှူတာတွေကို ကိုယ်စားလှယ်လောင်း အသုံးစရိတ်မှာ ထည့်ရမယ်ဆိုတော့ဗျာ လှူရတာ ထောက်ပံ့ရတာကို အကန့်အသတ်လုပ်လိုက်သလို ဖြစ်တာပေါ့ အရင်လိုထောက်ပံ့နိုင်ဖို့ မလွယ်တော့ဘူး။ တစ်ဖက်က ပြိုင်ဖက်မှာတော့ အစိုးရက ထောက်ပံ့တဲ့နေရာမှာ လိုက်ပြီး လုပ်ခွင့်ရနေတော့ ခက်တာပေါ့ဗျာ။
ေမး – နေရာစုံပြိုင်နိုင်တာ ၂ ပါတီပဲရှိတာကနေ ပိုတိုးလာတဲ့အပေါ်သဘောထား
ပါတီစုံခေတ်ပဲဗျာ၊ ပိုကောင်းတာပေါ့ ပြည်သူတွေ ရွေးချယ်ခွင့်ပိုရလာတာပေါ့ ဒီလိုပဲ သဘောထားပါတယ်။
ေမး – ၂၀၁၅ကထက် ပိုပြီးပြင်ဆင်ထားတာရှိလား၊ ပိုပြီးခက်ခဲနိုင်လား
ပိုပြင်ရတာပေါ့ ၂၀၁၅၄တုန်းက အတွေ့အကြုံတွေ အားနည်း အားသာချက်တွေ အပေါ်မှာ ပြင်ဆင်ရတာပေါ့၊ ပိုပြီးခက်ခဲ လာတာမျိုးတော့ ရှိမယ် မထင်ဘူး။ ဘာလို့လဲ ဆိုတော့ အစိုးရနှစ်ကြိမ် နှိုင်းယှဉ်ပြီးရွေးချယ်ဖို့ ပြည်သူတွေမှာ အခွင့်အရေးပိုရသွားပြီ။ ဘယ်အစိုးရ ကောင်းတယ် မကောင်းဘူးဆိုတာလဲ သိပါပြီ။
Leave a Reply
Your email address will not be published.