ပြည်တွင်းသုံး ကုလားပဲများ အရောင်းအဝယ်ပုံမှန်သာ ရှိ၊ ပို့ကုန်ပဲများ ဈေးငြိမ်နေ စားအုန်းဆီလက်ကျန်နည်းလာတာကြောင့် မြေပဲဆံဈေး ပြန်လည်မြင့်တက်လာ

ရွှေမန်း



ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်း သုံး ကုလားပဲများ အရောင်းအဝယ် ပုံမှန်သာ ရှိ၊ ပို့ကုန်ပဲများဈေးငြိမ် နေပြီး စားအုန်းဆီလက်ကျန်နည်း လာတာကြောင့် မြေပဲဆံဈေး ပြန်လည်မြင့်တက်လာကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရ သည်။
ပြည်တွင်းသုံးကုလားပဲအုပ်စု နှင့် ပဲတီစိမ်း ဈေးကွက်မှာ ပုံမှန် အရောင်းအဝယ်ကောင်းနေသော် လည်း ပြည်တွင်းမြေပဲဆံဈေးကွက် မှာ နိုင်ငံခြားတင်ပို့မှုကန့်သတ် ချက်ကြောင့် ရက်ပိုင်းအတွင်း ဈေးကျဆင်းသွားရာမှာ ပုံမှန်ဈေး သို့ ပြန်လည်မြင့်တက်လာကြောင်း အခြားပဲမာလိုင်းများမှာ ဈေး အနည်းငယ်ကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ)က ပြော သည်။
]ပြည်တွင်းစားအုန်းဆီလက် ကျန်နည်းပါးလာတော့ ဈေးကွက် အတွင်းမှာ စားဆီဈေးမြင့်တက် လာပါတယ်။ စားဆီဈေးနဲ့ အတူ တင်ပို့မှုကန့်သတ်လိုက်လို့ တစ် ပိဿာငွေကျပ် ၄၀၀ လောက် ဈေးကျဆင်းသွားရာနေ ဒီရက်ပိုင်း အရင်အမြင့်ဈေးတစ်ပိဿာ ၄၀၀၀ ဝန်းကျင်ကို ပြန်ဖြစ်လာပါတယ်။ ပို့ကုန်ပဲတွေမှာ ပဲတီစိမ်းကတော့ အရောင်းအဝယ်သွက်နေပါတယ်။ ပြည်တွင်းသုံးကုလာပဲတွေမှာ ဗွီး ဆဲဗင်း ပဲကတော့ တစ်အိတ် ၁၄၅၀၀၀ထိ ဈေးမြင့်တက်လာပါ တယ်။ ပဲမာလိုင်းအားလုံး ဈေးငြိမ် နေပါတယ်}ဟု ၎င်းက ပြောသည်။
ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း
ပို့ကုန်ပဲများတွင် ပဲတီစိမ်း ဈေးကွက်မှာ အရောင်းအဝယ်သွက် နေပြီ မတ်ပဲ၊ ပဲစင်းငုံဈေးမှာ အနည်းငယ်ကျဆင်းနေသည်။ ပဲတီစိမ်းမှာ တရုတ်အဝယ်လိုက် လာသဖြင့် အညာပဲတီစိမ်းများပါ လိုက်ပါ ဈေးကောင်းလာခြင်းဖြစ် သည်။ မေ ၁၂ ရက်တွင် မတ်ပဲ တစ်အိတ်ငွေကျပ်၁၃၇၀၀၊ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၂၇၀၀၀၊ ပဲတီစိမ်းရွှေဝါ တစ်အိတ် ငွေကျပ် ၁၅၄၀၀၀၊လမ်းပဲတီစိမ်းတစ်အိတ် ငွေကျပ် ၁၄၆၀၀၀ပေါက်ဈေးရှိ နေသည်။
မြေပဲ
မြေပဲဆံကို ပြည်ပတင်ပို့မှု ကန့်သတ်ချက်များကြောင့် ဈေးကွက် အတွင်း ရက်အနည်းငယ်ဈေး ကျ ဆင်းသွားရာ ပြည်တွင်းမှာစားအုန်း ဆီ လက်ကျန်နည်းကာ မြေပဲဆီ ဈေးမြင့်တက်လာတာကြောင့် မြေပဲဆံဈေးမှာ ယခင် အမြင့်ဈေး ကို ပြန်လည်ရောက်ရှိလာသည်။ မေ၁၂ရက်တွင် လုံးဆံတစ်ပိဿာ ငွေကျပ်၃၈၀၀ ပေါက်ဈေးဖြစ်လာ သည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၈၅၀၀၊ နှမ်းဆီတစ်ပိဿာ ငွေကျပ်၈၀၀၀၊ ပြင်ပတွင် စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၇၀၀၀ကျော် ပေါက်ဈေး သာရှိပြီး ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် မရှိကြောင်း သိရ သည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ကုလားပဲဗွီးတူး ငွေကျပ် ၁၄၀၀၀၀၊ ပဲယင်းတစ်အိတ်ငွေကျပ် ၂၀၀၀၀၀၊ ပဲကြီးတစ်အိတ်ငွေကျပ် ၁၉၀၀၀၀၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၁၃၀၀၀၀၊ စွန်တာပြာ တစ်အိတ် ငွေကျပ် ၁၃၀၀၀၀၊ မြေထောက်ပဲ တစ်အိတ် ငွေကျပ် ၁၆၀၀၀၀၊ကျွန်းစားတော်ပဲတစ်အိတ် ငွေကျပ် ၂၆၀၀၀၀ ပေါက်ဈေး အသီးသီးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.