ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာ မဲမသမာမှု ကျေးရွာ ရွေး/ကော် ဥက္ကဌ တာဝန်မှ ယာယီရပ်ဆိုင်း၊ဖြစ်စဥ်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

ပခုက္ကူ၊အောက်တိုဘာ ၃၀

ပြည့်ဖြိုးကျော်

ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများကို ကြိုတင်ဆန္ဒမဲကောက်ယူသည့် အောက်တိုဘာလ ၂၉ရက်နေ့ တွင် ကျေးရွာရွေးကောက်ပွဲ ကော်မရှင်မှ မသမာမှုရှိသည်ဟု သံသယရှိသည့် အပေါ် ကျေးရွာ ကော်မရှင် ဥက္ကဌ အား တာဝန်မှ ယာယီရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။”နောက်ကြိုတင်မဲ ပေးမယ့် ကိစ္စရပ်တွေအတွက် ပြသနာလည်းဖြစ်နိုင်တယ်။ဖြစ်နိုင်တဲ့အတွက် ဒီလူကို ယာယီရပ်ဆိုင်းလိုက်တဲ့သဘောပါဘဲစုံစမ်းစစ်ဆေးချက်အရ ထုတ်ပယ်မယ်ဆိုရင် တိုင်းက ထုတ်ပယ်ရမှာ၊ ခန့်တာက တိုင်းက ခန့်ထားတာ၊တကယ်လို့ ထုတ်ပယ်မယ်ဆိုရင် သူတို့ရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ပယ်ရမှာ ။ ခရိုင်အနေနဲ့က လတ်တလော အရေးယူဆောင်ရွက်မှုအနေနဲ့ စုံခုံအဖွဲ့ စစ်ဆေးနေပါတယ်။စစ်ဆေးချက်ကိုလည်း ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြဖို့လည်း ညွန်ကြားထားတယ်။ သူတို့ရဲ့ တင်ပြချက်တွေကို UEC နဲ့ တိုင်းကို ဆက်လက်တင်ပြသွားမှာပါ” ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောသည်။ ကျေးရွာသားများအနေဖြင့် ရပ်ကျေးကော်မရှင် ဥက္ကဌ မရိုးဖြောင့်မှုကိုသာ ဖော်ထုတ်ခြင်းဖြစ်သည်ဟု ခရိုင်ကော်မရှင် ဥက္ကဌ က ဆိုသည်။”ကော်မရှင်ဖြစ်စေ သူတို့ရဲ့ မဲပေးခြင်းကို ဖြစ်စေ ပြသနာရှာတာမဟုတ်ဘူး။ဒီလူရဲ့ မရိုးဖြောင့်မှုကိုသာ ဖော်ထုတ်တာ။သူ့ကို မယုံကြည်တော့တဲ့ သဘောပေါ့။ ဒီခေတ်ထဲမှာ မဟုတ်တာလုပ်လို့မရတော့ဘူးဆိုတဲ့ အတွေးတခုကလည်း ပြည်သူလူထုကြားမှာ သိနေကြပါပြီ” ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က ပြောသည်။ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်နေ့က မဲပေးသူ သက်ကြီး ဘိုးဘွား ၄၀ ဦးရှိခဲ့ပြီး ၎င်းတို့ပေးခဲ့သည့် ကြိုတင်မဲများကို ပယ်ဖျက်ကာ မဲပြန်လည်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

61611 Comment13 SharesLikeCommentShare

Leave a Reply

Your email address will not be published.