ရွှေမန်း

နိုင်ငံြခားပြောင်း အဝယ် FOB စာချုပ်များ ဒီဇင်ဘာအထိ ရှိနေသဖြင့် ရန်ကုန်ပြောင်းဈေး အတက်ဘက်သို့ ဦးတည်လာနိုင်၊ ပြောင်းတစ်တန်လျင်၂၄၅ ဒေါ်လာအထက် ဖြစ်လာနိုင်ချေရှိကြောင်းသိ ရသည်။ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အတက်/အကျ ပြောင်းလဲနေတဲ့ ပြောင်းဈေးက ယခုလ (နိုဝင်ဘာ) မှာ ဈေးကောင်းရပြီး တရိပ်ရိပ်တက်လာတယ်လို့ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးအသင်း မှ သိရသည်။အောက်တိုဘာလတွင် နိုင်ငံခြားသင်္ဘောတင်သူများက နိုင်ငံခြားဒေါ်လာငွေ ဝင်ငွေလဲလှယ်ခြင်း (earning) အပေါ် ဈေးတည်တွက်ချက်ခဲ့ခြင်းကြောင့် ပြောင်းအဝယ် အဖွင့်ဈေးတွေက နေ့စဉ်အပြောင်းအလဲ ဖြစ်ခဲ့ကြောင်းသိရသည်။တစ်ဖက်ကလည်း ရှမ်း(မြောက်)နဲ့ ကချင်ပြည်နယ်က ထွက်ရှိတဲ့ ပြောင်းတွေကို မန္တလေးအထိ လာရောက်ရောင်းချခြင်းကြောင့် ဒေါ်လာဈေးအကျနဲ့ ရောင်းလိုအားများပြီး ပြောင်းဈေး အကျပိုင်းကို ဦးတည်ခဲ့ကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။တရုတ်နယ်စပ်ဂိတ်များ ြပန်လည်ဖွင့်ရန်ရှိသဖြင့် ပြောင်းစျေးကောင်း ရနိုင်သဖြင့် သိုလှောင် စုဆောင်း နေသည့် ပွဲရုံအဝယ်များလည်ရှိတာ ကြောင့် ရန်ကုန် မန္တလေး ပြောင်း နှင့် နယ် စျေးနှုန်း ကွာခြား ချက် နည်းလာကြောင်းသိရသည်။လက်ရှိမှာ နိုင်ငံခြားသင်္ဘောတင်သူများရဲ့ FOB စာချုပ်များက ဒီဇင်ဘာလအထိ ရှိနေပြီး သင်္ဘောတင်ပြောင်းကုန် အချိန်မှီရရှိဖို့ အရေးကြီးတာကြောင့် FOB ဈေးက တစ်တန်ကို ဒေါ်လာ ၂၄၀ မှ ၂၆၀ အထိ ဈေးတန်းဖွင့်နိုင်ပြီး ရန်ကုန်ပြောင်းဈေးက အတက်ဘက်ကို ဦးတည်လာနိုင်ကြောင်းသိ သည်။မြဝတီဘက် မှာလည်း ပြောင်းဈေးများနေပြီး ပြောင်းစိုထိုင်းစ ၁၅% ဖြင့် အထက်ကို ဈေးစကား သိပ်မပြောရဘဲ (ဈေးမဖြတ်)တာကြောင့် ရောင်းချသူများ များလာကြောင်းသိရသည်။ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေထံ ပြောင်းတန်ချိန် ၂.၃ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံကို အများဆုံး တင်ပို့ရောင်းချနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ပြောင်း တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၃၆၀ ခန့် ရရှိခဲ့ပြီး မြန်မာ့ပြောင်းကို ထိုင်းအပြင် တရုတ်၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ကလည်း ဝယ်ယူမှုရှိ​ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.