ဓါတ်မြေသြဇာသွင်းအားးစုတွေ ဈေးမြင့်တက်နေတာကြောင့် နွေစပါးစိုက်ပျိုးမှုအစား နွေနှမ်းကို ပြောင်းလဲ စိုက်ပျိုးလာ


ရွှေမန်း
ပြည်တွင်းဓါတ်မြေသြဇာ သွင်းအားစုတွေ ဈေးမြင့်တက်နေတာကြောင့် နွေစပါးစိုက်ပျိုးမှုအစား နွေနှမ်းကို ပြောင်းလဲ စိုက်ပျိုးလာ ကြောင်းသိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းမှ လယ်မြေများကို စက်မှု ပုံစံကျ ဖော်ဆောင်ထားပြီး တစ်နှစ်ပတ်လုံး မိုးစပါး၊ ကုလားပဲ နှင့်နွေစပါးအစား နွေနှမ်းကို ပြောင်းလဲစိုက်ပျိုးနေသည်မှာ သုံးနှစ်ခန့်ရှိပြီးဖြစ်ပြီး စိုက်ပျိုးစရိတ်သက်သာသလို သီးနှံဈေးကွက်လည်း နွေစပါးစိုက်ပျိုးမှုထက် ပိုမိုအကျိုးအမြတ်များကြောင်း ကြောင်း ပုသိမ်ကြီးမြို့နယ်မှ တောင်သူ ဦးမျိုးသန့်ထံမှသိရသည်။
“၁၂လပိုင်းကောက်ကြီးမိုးစပါးရိတ်သိမ်းမှုအပြီး ၁လပိုင်းထဲမှာ ကုလားပဲကိုတော့ ကြားသီးနှံ အဖြစ်စိုက်ပျိုး ပါတယ်။ မတ်လမှာ ကုလားပဲသိမ်းပါတယ်။ မနှစ်ကစပြီ သွင်းအားစုဈေးတွေ ကောင်းလာတော့ နွေစပါးအစား ဆီထွက်သီး နှမ်းကို ပြောင်းလဲ စိုက်ပျိုးပါတယ်။ ဇွန်လ မှ နှမ်းကိုရိုတ်သိမ်းရပါမယ်။နှမ်းပြီးရင် ကောက်ကြီး စပါးမျိုးထုတ်စိုက်ပျိုးပါတယ်။တစ်နှစ်ကိုသုံးသီးစားစိုက်ပျိုးပါတယ်။မိုးစပါးပြီးတာနဲ့ ကြားသီးနှံ ကုလားပဲ စိုက်ပျိုးတာကလည်းကုန်ကျစရိတ်အမျာ းဘူး။ကြားသီးနှံကုလားပဲကို သွင်းအားစု သုံးစွဲမှုလျော့နည်းတော့ မြေလပ်ထားမယ့်အစား ကြားသီးနှံကုလားပဲကို သေချာစိုက်စေ ချင်ပါ တယ်။ကြားသီးနှံစိုက်ပြီး နှမ်းစိုက်တော့ နှမ်းရိုးပုတ်တွေက ဓါတ်မြေသြဇာ သုံးစွဲမှု လျော့နည်းစေ ပါတယ်။အရေးကြီးတာကတော့ လယ်ကို စက်မှုလယ်ယာပုံစံကျ စနစ်တကျနဲ့ ရေနှုတ်မြောင်းတွေ ဖော်ဆောင်ထားဖို့တော့လိုပါတယ် ” ဟု ၎င်းကပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်ရေသောက် လယ်မြေများတွင် နွေစပါး၊ မိုးစပါး နှစ်သီးသာ အများဆုံးစိုက်ပျိုးကြပြီး ကြားသီးနှံ ကုလားပဲကို စိုက်ပျိုးမှုလျော့နည်းလာကြောင်း စိုက်ပျိုးရေးဦးစီးဌာန ၏ စာရင်းများအရသိရသည်။
လွန်ခဲ့သော်နှစ်က ကိုဗစ်၁၉ ရောဂါဖြစ်ပွားမှုများနှင့်ပြည်တွင်းသွင်းအားစုများ မြင့်တက်လာတာကြောင့် ကြားသီးနှံကုလားပဲစိုက်ပျိုးမှုနည်းကာ အထွက်နှုန်းကျဆင်းမှုများရှိနေသည်။ထို့အပြင် ပြည်တွင်းစားသုံးမှုပါများ လာသည့် ကုလားပဲဈေးကွက်မှာ ယခင်နှစ်များထက် ပဲအသစ်ပေါ်ချိန် ဈေးကောင်းရှိခဲ့သည်။
နိုင်ငံခြားသို့ဆန်တင်ပို့မှုလျော့ကျလာတာနှင့် အတူ ပြည်တွင်းသွင်းအားစု ဈေးမြင့်တက်လာတာကြောင့် နွေစပါး စိုက်ပျိုးမှုမှာ တွက်ခြေကိုက်မှုနည်းလာတာကြောင့် ဦးမျိုးသန့်အပါအဝင် အနီးအနားမှ တောင်သူများမှာ နွေစပါးအစား နွေနှမ်းကို မနှစ်ကတည်းကပြောင်းလဲစိုက်မျိုးလာခြင်းဖြစ်သည်။
သီးနှံပြောင်းလဲစိုက်ပျိုးခြင်းကွင်းဆက်အရ မိုးစပါးစိုက်ပျိုးချိန်တွင် နှမ်းရိုးများ ကြောင့် မြေဆီပြုပြင်အားဖြည့်ပြီး ဖြစ်တာကြောင့် သွင်းအားစုထည့်သွင်းမှုကိုလျော့ချနိုင်သည့်အပြင် နောက်မိုးစပါးအတွက်လည်း ဖြစ်ထွန်းမှု ပိုမို အားကောင်းစေကြောင်း တစ်နှစ်ပြီး တစ်နှစ် စပါးပြီးစပါး စိုက်ပျိုးသည့် အခြားလယ်မြေများထက် သူ့၏ လယ်မြေမှာ မြေပိုမိုကောင်းမွန်ကြောင်းကို တစ်နှစ်ပတ်လုံး သုံးသီးစိုက်ပျိုးသည့် တောင်သူကြီးဦးမျိုးသန့်က ရှင်းပြသည်။

Leave a Reply

Your email address will not be published.