ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

မကွေး သြဂုတ် ၂၅ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။

လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်(၅)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး(၅)ဦးတို့က ပြန်လည်ဖြေကြား ခဲ့သည်။ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး အပင်နှင့် သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်ရေးနှင့် နှိမ်နင်းရေးဥပဒေကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီး ဓာတ်ပုံ၊ ပန်းချီ၊ ပန်းပုစသည့်ပြပွဲများ ဥပဒေကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့(စတုတ္ထနေ့)လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ အကြောင်းအရာ တို့ကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ဩဂုတ်လ (၂၆) ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးပိုင် ပစ္စည်းများရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် အောင်လံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့သည်။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ဆည်မြောင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့သည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယ နေ့ကို ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ရပ်နားပြီးစီးခဲ့ကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။သန်းနိုင်ဦး(ငဖဲ)

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမကွေး သြဂုတ် …

Posted by မေကြးဂ်ာနယ္ on Tuesday, August 25, 2020

Leave a Reply

Your email address will not be published.