ထိုင်းနိုင်ငံသို့ ပြောင်းပြန်လည်တင်ပို့ချိန် ယခင်နှစ်ထက် ပြောင်းဈေး ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ ပြီးတောင်သူများစျေးကောင်းရရှိနေ

ရွှေမန်း

ထိုင်းနိုင်ငံက ပြောင်းတင်ပို့မှုကို အကောက်ခွန်သက်သာခွင့်ပေးလိုက်တဲ့အတွက် တင်ပို့မှုများလာပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းထိမြင့်တက်လာရာ ​ပြောင်းတောင်သူများ စျေးကောင်းရှိနေကြောင်းသိရသည်။ပြောင်းစေ့များကို တရုတ်နိုင်ငံမှဝယ်ယူမူများရှိနေသည့်အပြင် ထိုင်းနိုင်ငံကုန်သွယ်ရေးမူအရ နှစ်စဥ် ဖေဖော်ဝါရီလ(၁)ရက်နေ့ မှ သြဂုတ်(၃၁)ရက်အထိကို အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်းဖြင့် ပြန်လည်တင်သွင်းခွင့် ရရှိနေခြင်းကြောင့် မြ၀တီနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့်ထိုင်းနိုင်ငံ သို့ပြောင်းဆန်များကို စတင်တင်ပို့နေပြီကြောင်း သိရသည်။“ရောင်းလိုအားကပုံမှန်ဖြစ်တယ်။ စျေးနှုန်းကတော့ အမြင့်စျေးမှာရှိတယ်။ အဓိက ဟိုဘက်က ဝယ်လိုအားပေါ့ ။ ထိုင်းကလဲ ဖေဖေိာ်ဝါရီ ၁ရက်နေ့ကစပြီးတင်ပို့နေရပြီ၊ နောက်ပြီး တရုတ်ဘက်ကလဲ စပြီး ဝယ်တဲ့အချိန်ဖြစ်တော့ ဝယ်လိုအားများပြီး စျေးနှုန်းကတက်သွားတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်း အသင်း မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ပြီးခဲ့သည့်နှစ်က ပြောင်း တစ်ပိဿာလျှင် ၆၀၀ကျော် သာရှိခဲ့ပြီး ယခုနှစ် ပြောင်းတင်ပို့ချိန်တွင် ပြောင်းတစ်ပိဿာလျှင် ၈၇၅ကျပ် ဝန်းကျင်ထိမြင့်တက်နေကြောင်းသိရသည်။ လက်ရှိ ထိုင်နိုင်ငံသို့ ကား တစ်ရက်လျှင် အစီးရေ နှစ်ရာ မှ သုံးရာကြားထိတင်ပို့နေပြီး တန်ချိန်အားဖြင့် ၅,၀၀၀ မှ ၇,၀၀၀ ကြား တင်ပို့နေကြောင်းသိရသည်။”ထိုင်းကိုတင်ပို့နေတာ မနှစ်က ၁၀၃ဘတ်ပေါ့ မြန်မာငွေနဲ့တွက် ရင် ၆၀၀ မှ ၇၀၀ ကြားသာရှိတယ်။ ၂၀၂၂ က စျေးအစဖွင့်ချိန်က ၈၄၅ကျပ် နဲ့စဖွင့်တာ အခုဆို တစ်ပိဿာ ကို ၈၇၅ကျပ်တို့ ၈၈၈ကျပ်တို့ ဖြစ်နေပြီ။ မနှစ်ကထက် ၁၇ရာခိုင်နှုန်းအထိမြင့်လာတယ်” ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။ယခုနှစ်တွင် မွေးမြူရေးလုပ်ငန်းများ ပြန်လည်တည်ငြိမ်လာသည့်အတွက် ပြည်တွင်း၌လည်း မနှစ်ကထက် ဝယ်လိုအားများလာကြောင်းလည်း ကုန်သည်များထံမှသိရသည်။ယခုနှစ်မှာတော့ နိုင်ငံရေးမတည်ငြိမ်မူ၍ နောက်ဆက်တွဲသက်ရောက်မှုများ၊ သွင်းအားစုစျေးကြီး မြင့်မှုကြောင့် စိုက်ပျိုးထုတ်လုပ်နိုင်မှုပမာဏ လျော့ကျနိုင်သောကြောင့် စျေးမတက်ခင် ပြည်တွင်း၌ဝယ်ယူသိုလှောင်ထားခြင်းများရှိကြောင်းသိရသည်။ ပြည်တွင်းအပြင် ပြည်ပနိုင်ငံများမှ ပြောင်းအထွက် နည်းနေပြီး လိုအပ်ချက်များရှိနေဦးမည်ဖြစ်၍ ပြောင်းစျေးကွက်အနေဖြင့် ပိုမိုကောင်းသည့် အလားလာ ရှိနိုင်ကြောင်း လုပ်ငန်းရှင်များကသုံးသပ်ကြသည်။နှစ်စဉ် ပြည်တွင်းမှာစိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်တစ်နှစ်ကို ၂သန်းခွဲ၀န်းကျင်ရှိသည်ဟု သိရပြီး ထိုင်းနှင့်တရုတ်သို့ အဓိကတင်ပို့ကာ ပင်လယ်ရေကြောင်းမှတဆင့် ပုံမှန်ကုန်သွယ်မှု အနေဖြင့် အိန္ဒိယ နှင့် ဗီယမ်နမ် ဘက်သို့အနည်းငယ်သာ တင်ပို့နေကြောင်းလည်းသိရသည်။ထို့နောက် တရုတ်နိုင်ငံသို့ပြောင်းစေ့အပြင် တိရိစ္ဆာန်အစာအဖြစ် ပြောင်းချဉ်ပတ်များကို လည်း တင် ပို့ရန်စမ်းသပ်တင်ပို့ဖို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးကြောင်းသိရသည်။ ထို့ကြောင့် သဘောတူညီမှုများအရ မြန်မာနိုင်ငံက ပြောင်းနှင့်တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များကို တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တရားဝင်တင်ပို့နိုင်မှာဖြစ်ကြောင်းသိရသည်။

11

Leave a Reply

Your email address will not be published.