တောင်တွင်းကြီးမြို့နယ် အဝင်အထွက်ဂိတ်များတွင် Covid 19ရောဂါကာကွယ်ရေး ကျန်းမာရေးစိစစ်မှု များပြုလုပ်

မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်တွင် Covid 19ကူး စက်ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တောင်တွင်းကြီး
မြို့သို့ဝင်ရောက်လာသော ခရီးသည်တင်ကားများအား ပရပ်ကျယ်စစ်ဆေးရေးဂိတ်၊ဆတ်သွားစစ်ဆေးရေးဂိတ် ဘိုကုန်းစစ်ဆေးရေးဂိတ်၊ခင်တဲစစ်ဆေးရေးဂိတ်တို့ကနေ ဝင်ရောက်လာသမျှခရီသည်များကိုကျန်းမာရေးစစ်ဆေး တာတွေကို နေ့စဉ်ပြုလုပ်ပေးလျှက်ရှိကြောင်းသိရ ပါတယ်။
ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရာတွင် ကိုယ်အပူချိန်တိုင်း ခြင်း၊ခရီးသွားရာဇဝင်မှတ်တမ်းမေးမြန်ခြင်း၊မြို့နယ်အတွင်နေထိုင်သည့်လိပ်စားများအားမှတ်သားထားခြင်း၊သက် ဆိုင်ရာကျေးရွာများအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ကလာရောက်ခေါ်ဆောင်ပြီး မိမိတို့ရွာရှိစောင့်ကြည့်ရေး စခန်းများသို့ပို့ဆောင်ပေးခြင်းများဆောင်ရွက်ပေးလျှက် ရှိသည်။
ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာတွင် မြို့နယ်အုပ် ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင် မြင်နှင်ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင် ညိုနှင့်ရဲတပ်ဖွဲ့ဝင်များ၊ကျန်မားရေးဝန်ထမ်းများ၊ကြက် ခြေနီအသ်းဝင်များ၊Myanmar Rescue အရေးပေါ် အသက်ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊အရပ်ဖက်ပရဟိတ လူမှုကူးညီရေးအသင်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကျန်းမာရေးစစ်ဆေးမှု များဆောင်ရွက်ပေးလျှက်ရှိသည်။
အလားတူ ဆတ်သွားဘူတာ၊တောင်တွင်းကြီးဘူတာများ ၌လည်း ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေး လျှက်ရှိကြောင်း တောင်တွင်းကြီးမြို့ မြို့နယ်စည်ပင်သာ ယာရေး အထောက်အကူပြု ဥက္ကဌ ဦးမောင်ဌေး၏ပြော ပြချက်အရသိရှိရသည်။

စာပေသစ္စာဖြင့်
ဟင်္သာ(တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.