တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်နယ်စပ်၌ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုပမာဏနှင့် တန်ဖိုးများ တိုးတက်လာ

ရွှေမန်း

တရုတ်-မြန်မာ နယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်၌ မေလအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်ပို့ဆောင်မှုပမာဏ နှင့် ကုန်စည်ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးများမှာ တိုးလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

မုန်တိန်အကောက်ခွန်ဌာန၏ စာရင်းပြုစုမှုအရ မုန်တိန်-ချင်းရွှေဟော်နယ်စပ်၌ မေလအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်ပို့ဆောင်မှုပမာဏ တန်ချိန် ၈၆,၈၀၀ ရှိပြီး ယခင်နှစ်ကာလတူထက် ၈၀.၆ ရာခိုင်နှုန်း တိုးလာပြီး ကုန်စည်ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးမှာ ယွမ် ၃၃၄ သန်းရှိကာ ယခင်နှစ်ကာလတူထက် ၁၃၃.၆ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။

နှစ်စဉ် ဒီဇင်ဘာလမှ နောက်တစ်နှစ် မေလအထိ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၌ ကြံစိုက်ပျိုးမှုနှင့် ရိတ်သိမ်းရာသီသို့ ဝင်ရောက်ခဲ့ပြီး နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံမြောက်ပိုင်း၌ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး နှင့် တောင်သူများ ဝင်ငွေတိုးပွားစေရေး တို့အတွက် ယခုနှစ်မှစ၍ အဆိုပါ နယ်စပ်စစ်ဆေးရေးဂိတ် မှတဆင့် မြန်မာနိုင်ငံက တင်သွင်းသော ကြံတန်ချိန် ၁၁၃,၀၀၀ ကို ဂိတ်ဖြတ်သန်း တင်ပို့ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.