ရွှေမန်း

တရုတ်နယ်စပ်ဂိတ်များ အောက်တိုဘာ ၆ ရက်နေ့မှစတင်ကာ လုံးဝပိတ်သွားသည့် အခြေအနေများကြောင့် ပြည်တွင်း ပဲနှမ်းဈေးကွက် ကျဆင်းလာ ပြီး ဆက်လက်ကျဆင်းလာနိုင်သော်လည်း အိန္ဒိယပို့ကုန်ပဲများ ဖြစ်သည့် ပဲစင်းငုံ ၊မတ်ပဲ ၊ပဲတီးစိမ်း ဈေးများကျဆင်းမှု မရှိ တည်ငြိမ်နေ ကြောင်းသိရသည်။

အောက်တိုဘာ လဆန်း ရက်များတွင် ပုံမှန်အမြင့်ဈေးဖြင့်အရောင်းအ၀ယ်ဖြစ်နေသည့် ပဲ၊နှမ်းဈေးကွက်မှာ တရုတ်နယ်စပ်ဂိတ်များ အားလုံးပိတ်သွယ်သည့် အောက်တိုဘာ ၆ ရက်နေ့တွင် ပဲ၊နှမ်း အမျိုးအစားအလိုက် ဈေးကွက်ကျဆင်းသွားသော်လည်း အိန္ဒိယပို့ကုန်ပဲများမှာ ပြည်တွင်းလက်ကျန်နည်းပါးလာခြင်း ကြောင့် အပြောင်းအလဲ မရှိဈေးကွက်တည်ငြိမ်နေကြောင်း၊ တရုတ်ပို့ကုန် လိုင်းမှ မြေပဲ ဈေးမှာ တစ်ပိသာကျပ် ၁၀၀ ခန့်နှင့်အခြားပဲ နှမ်းများမှာသုံးတင်းဝင်တစ်အိတ်လျှက် အမျိးအစားအလိုက် ကျပ် ၅၀၀၀-၁၀၀၀၀ထိ ကျဆင်း သွား ကြောင်းနှင့် ဆက်လက်ကျဆင်းနိုင်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင် ဦးကျော်သွင် ကပြော သည်။

“ တရုတ်နယ်စပ်ဂိတ်တွေ အားလုံးပိတ်တဲ့သတင်းတွေ ကြောင့် မန္တလေး ပဲ၊နှမ်းဈေးကွက်ကျဆင်းသွားပါတယ်။ မြန်မာပြည်နေ တရုတ်နိုင်ငံကို ပို့ကုန်အားလုံးရပ်နေတာနေ ပြန်ဖွင့်မလိုနဲ့ အခုတော့ အကုန်ရပ်ကုန်တာဆိုတော့ ဒီနေ့ကစပြီးဈေးကျသွားတာမှာ မြေပဲဆို တစ်ပိသာကျပ် ၁၀၀ လောက်ကျသွားတယ်။ နှမ်းဆိုကျပ် သုံးတင်းဝင်တစ်အိတ်ကျပ် ၅၀၀၀ လောက်ဈေးကျသွားတယ်။ အရင်က တရုတ်ပို့ကုန်လိုင်းကို ပင်လယ်ရေကြောင်းကနပို့တဲ့လမ်းကလည်း ပို့ကုန်သမားတွေ ဒေါ်လာငွေတွေကို တစ်လ အတွင်း စာရင်းပြောင်းရမယ်ဆိုတာကလည်း ပို့ကုန်သမားတွေ တုန့်ဆိုင်းသွားတယ်။ ပဲတီစိမ်းကတော့ကျပ် ၅၀၀၀ လောက်ဈေးကျသွားပေးမယ့် လက်ကျန်မရှိတော့ပါဘူး။ ပြည်တွင်းသုံးပဲမျိုးစုံကတော့ ပုံမှန်ဈေးပဲရှိပါတယ်။ မတ်ပဲ ၊ပဲစင်းငုံကတော့ ဈေးတန်းနေပါတယ်။ တရုတ်လိုင်းပို့ကုန်ပဲ၊နှမ်း တွေကတော့ ဆက်လက်ကျဆင်းနိုင်ပါတယ်။ ” ဟု ၄င်းကပြောသည်။

မြေပဲ

တရုတ်နယ်စပ်ဂိတ်များ ပိတ်သွားသည့် သတင်းကြောင့် မြေပဲ ဈေးနှုန်းမှာ မန္တလေးကုန်စည်ဒိုင် ညနေပိုင်း အပိတ်ဈေး အဖြစ် မြေပဲဆံ မျိုးစုံ တစ်ပိသာ ကျပ် ၁၀၀ မှ ၂၀၀ ကျော် ဈေးနှုန်း ကျဆင်းသွားသလို အ၀ယ် ပေးသွားကြောင်းသိရသည်။ သို့သော်လည်း မြေပဲဆီဈေးနှုန်းမှာ တစ်ပိသာကျပ် ကျပ် ၆၅၀၀ ဖြင့်ရောင်းလိုအားကောင်းနေဆဲ ဖြစ်ကာ စားသုံးဆီဈေးမှာ ဒေါ်လာဈေး ကျဆင်းမှု အတူ တစ်ပိသာကျပ် ၁၀၀ ခန့်ဈေးဆင်းလာသည်။ အောက်တိ်ုဘာ ၆ ရက်နေ့တွင် မြေပဲ လုံးဆံ တစ်ပိသာ ကျပ်၂၉၀၀-၃၀၀၀၊ အနီလုံးဆံ တစ်ပိသာကျပ် ၂၇၀၀-၂၈၅၀ ပေါက်ဈေး၊ပြည်တွင်း မြေပဲဆီ တစ်ပိသာ ကျပ် ၆၅၀၀ ၊ နေကြာဆီ တစ်ပိသာ ကျပ် ၆၅၀၀ ၊ စားအုန်ဆီ တစ်ပိသာ ကျပ် ၄၈၄၀ ပေါက်ဈေးရှိကြောင်း နှင့် ယနေ့ဈေးနှုန်းများမှာ ဆက်လက်ကျဆင်းနိုင်ကြောင်း ပဲ၊နှမ်း ကုန်သည်များက သုံးသပ်ထားသည်။

နှမ်းနက် ၊ပဲတီစိမ်း

နှမ်းမျိုးစုံးဈေးကွက်မှာလည်း တရုတ်ပို့ကုန် အတွက် အ၀ယ် အေးသွားတာကြောင့် အမျိုးအစား အရည်အသွေးအလိုက် ယခင်ထက် တစ်အိတ်ကျပ် ၅၀၀၀ ခန့် ဈေးကျဆင်းသွားသည်။ အမြင့်ဈေးဖြစ်လာမည့်နှမ်းမျိုးစုံးဈေးမှာ ယနေ့ညနေပိုင်းမှ စတင်ကာ ဈေးနှုန်းကျဆင်းလာခြင်းဖြစ်သည်. နှမ်းနက် စမုန်မှာ အရည်အသွေးမလိုက် တစ်အိတ် ကျပ် ၁၃၀၀၀၀မှ ၂၁၀၀၀၀ ဈေးကျဆင်းသွားသည်။အခြား နှမ်းဖြူ သစ်များမှာ တစ်အိတ်လျှင် ကျပ် ၁၅၅၀၀၀ ၊ နှမ်းဖြူ(ဂျပန်) တစ်အိတ် ကျပ် ၁၆၀၀၀၀ ၊ နှမ်းညို(သစ်) ကျပ် ၁၂၅၀၀၀ အသီးသီး ဈေးကျဆင်းသွားသည်။ ပဲတီစိမ်းမှာ လမ်းပဲ များ ကျပ် ၁၄၅၀၀၀ ပေါက်ဈေးရှိသော်လည်းတရုတ်နယ်စပ်ဂိတ်ပိတ်သတင်းများကြောင့် ပဲတီစိမ်း( အညာ) မှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ သာဈေးရှိတော့ပြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀၀၀ ဈေးကျဆင်းသွားသည် ။

ပဲစင်းငုံ ၊မတ်ပဲ

အိန္ဒိယ ပို့ကုန် ပဲစဉ်းငုံ ဈေးမှာ မန္တလေးဈေးကွက်တွင် အရောင်း အ၀ယ်မရှိတော့ဘဲ မတ်ပဲမှာ ဈေးနှုန်းမှာ အောက်တိုဘာ ၆ ရက်နေ့တွင် တစ်အိတ်လျှင် ကျပ် ၁၉၅၀၀၀ ပေါက် ဈေးဖြစ်တည်ငြိမ်နေသည်။ ယင်းပို့ကုန် ပဲနှစ်မျိုးမှာ ဒေါ်လာဈေးကျဆင်းလာသော်လည်း ပြည်တွင်းလက်ကျန် နည်းပါးတာကြောင့် ဈေးကွက်ကျဆင်းမှု နည်းကာ တည်းငြိမ်နေကြောင်းပဲကုန်သည်များက သုံးသပ်ထားသည်။ အောက်တိုဘာ စပါးရိတ်သိမ်းမှုများ အပြီး ဒီဇင်ဘာလ နှောင်းပိုင်းနှင့် ဇန်နဝါရီလများတွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မတ်ပဲစတင်စိုက်ပျိုးရာသီဖြစ်တာကြောင့် မျိုးစေ့လိုအပ်ချက်များနိုင်တာကြောင့်လည်း ဈေးကျဆင်းမ ရှိနိုင်ကြောင်းသိရသည်။မြန်မာနိုင်ငံမှာ ပို့ကုန်ပဲများ အပြင် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ပဲမာလိုင်းများနှင့် နှမ်းဈေးကွက်မှာ လက်ရှိ အောက်တိုဘာ လဆန်းပိုင်းဈေးများထက်လာမည့် ရက်များတွင် ဆက်လက်ကျဆင်း အ၀ယ်အေးသွားနိုင်သော်လည်း ပြည်တွင်းလက်ကျန်နည်းလာသည့် ပဲစင်းငုံ ၊ပဲတီစိမ်းနှင့် စိုက်ပျိ်ုးချိန်နီးလာသည့် မတ်ပဲဈေးမှာ ဈေးကွက်ကျဆင်းမှုမရှိတည်ငြိမ်နေနိုင်ကြောင်း ပဲ၊နှမ်းကုန်သည် များက သုံးသပ်ထားသည်။တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုမှာ အရေးကြီးကုန်စည်ဖြစ်သည့် ဆေးဝါးများမှလွဲ၍ အခြားပို့ကုန်များ သွင်း ကုန် များကို နယ်စပ်ဂိတ်အားလုံးမှ တင်ပို့မှုမရှိ လုံးဝရပ်နားသွားကြောင်းနှင့် ပြန်လည်ဖွင့်လှစ်ရန် အချိန်ကြာမြင့်နိုင်ကြောင်း တရုတ်နယ်စပ်ကုန်သည်များထံမှ သိရသည်။

1181183 Comments13 SharesLikeCommentShare

Leave a Reply

Your email address will not be published.