မြန်မာ့ပညာရေးလောကကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ရန်အတွက် ConceptX  မှ ဆန်းစစ်မှုများ ပြုလုပ်ရာတွင် ကောင်းမွန်သည့် ပညာရေးရရှိရန်မှာ အခြေခံလူတန်းစားမိသားစုများမှ ကလေးငယ်များအတွက် ငွေကုန်ကြေးကျများ အဖိုးအခကြီးလွန်းနေသည်ကို တွေ့ရှိခဲ့ပါတယ်



“မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း ပညာသင်ယူနိုင်ပါစေ” ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားသည့်အတွက် တစ်နိုင်ငံလုံးမှ မြန်မာကျောင်းသားကျောင်းသူတိုင်း ဖုန်း သို့မဟုတ် Tablet တစ်လုံးရှိရုံဖြင့် ကောင်းမွန်ပြည့်စုံသောပညာရေးအား ငွေကုန်ကြေးကျနည်းစွာဖြင့် ရရှိနိုင်စေရန်မှာလည်း ကျွန်ုပ်တို့၏ ရည်ရွယ်ချက် ဖြစ်သည်။


ပညာတတ်လူဦးရေ များပြားလာမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်သောကြောင့် မိုဘိုင်း Devices များ အသုံးတွင်ကျယ်လာနေသည့် ယနေ့ခေတ်အချိန်တွင် ConceptX Application ကို  သင်္ချာဘာသာရပ် ကျွမ်းကျင်သူ ဆရာဦးစိုးထက်မှ ဦးဆောင်ကာ နည်းပညာနှင့် ပညာရေးကို ပေါင်းကူးခြင်းဖြင့် စတင်ဖန်တီးလုပ်ဆောင်ခဲ့သည်။ Application ဖြင့် ဒသမတန်းသင်္ချာဘာသာရပ်ကို သင်ရိုးကုန် သင်ခန်းစာများအပြင် မေးခွန်းဟောင်းပုစ္ဆာများကိုပါ အခန်းအလိုက်၊ နှစ်အလိုက် စုစည်းဖော်ပြကာ ကျောင်းသားကျောင်းသူများ လွယ်လင့်တကူလေ့လာသင်ကြားနိုင်အောင် ဖန်တီးခဲ့သည်။




သက်တမ်း နှစ်နှစ်ရှိပြီဖြစ်သည့် ConceptX Application ကို ယခုအခါ အဆင့်မြှင့်တင်လိုက်ပြီဖြစ်သည်။ အသစ်ဖန်တီးထားသည့် Version 2.0 တွင် ဒသမတန်းသင်ရိုးဟောင်း သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်သင်ရိုးကုန် အခန်းစုံသင်ခန်းစာများအပြင် Grade-10 သင်ရိုးသစ် သင်္ချာ၊ ရူပဗေဒ၊ ဇီဝဗေဒ သာသာရပ်များကိုပါ သင်ရိုးကုန်အခန်းစုံ ထည့်သွင်းထားကာ တစ်နှစ်စာလုံးစာ အသုံးပြုခ ၁၉၉၀၀ ကျပ်တည်းဖြင့် တစ်နေရာတည်းတွင် ရယူသုံးစွဲနိုင်အောင် ဆောင်ရွက်ထားသည်။




သင်ခန်းစာများအား အမှတ်ပေးစည်းမျဉ်းနှင့်အညီ ရေးဆွဲထားကာ ရုပ်သံဖိုင် (Video) များဖြင့်လည်း အဆင့်တစ်ခုချင်းစီအလိုက် အသေးစိတ် ရှင်းလင်းပို့ချ သင်ကြားထားသည့်အတွက် ကျောင်းသားကျောင်းသူများအနေဖြင့် ရှင်းလင်းလွယ်ကူစွာ လေ့လာသင်ယူနိုင်မည် ဖြစ်သည်။
            ConceptX Application ၏ ထူးခြားကွဲပြားတဲ့ အစီအစဉ်သစ်တစ်ခု ရှိနေသေးပြီး “မျှဝေရယူ” ဆိုသည့် အစီအစဉ်ပါ။ ယင်းအစီအစဉ်တွင် ပါဝင်မည်ဆိုပါက ConceptX Application တွင် အကောင့်ဖွင့်ကာ မျှဝေခြင်းခေါင်းစဉ်အောက်တွင် “မျှဝေမည်” ဆိုသည်ကို ကလစ်နှိပ် ဝင်ရောက်ရမည် ဖြစ်သည်။ ထို့နောက် “ကူးယူမည်” ကို နှိပ်ကာ မိမိ၏ ကုတ်နံပါတ်အား လူမှုကွန်ရက်များဖြစ်သည့် Facebook, Viber နှင့် ဖုန်း SMS တို့မှတစ်ဆင့် မျှဝေရမည် ဖြစ်သည်။ မျှဝေပေးလိုက်သည့် ကုတ်နံပါတ်ကို အသုံးပြု၍ ConceptX Application ဝယ်ယူသူ တစ်ယောက်စီတိုင်းအတွက် မျှဝေပေးသူ မိမိနှင့် ဝယ်ယူသူတို့မှာ ငွေကျပ် ၅၀၀၀ စီ ခံစားခွင့်ရမည် ဖြစ်သည်။ ခံစားခွင့်ပမာဏအား ကျပ် ၂၅၀၀၀၀ (ကျပ် နှစ်သိန်း ငါးသောင်း) အထိ သတ်မှတ်ပေးထားကာ မျှဝေခဲ့သော လူစာရင်းအလိုက် ဆုကြေးငွေကို “ငွေထုတ်ယူမည်” မှ တစ်ဆင့် ထုတ်ယူနိုင်မည် ဖြစ်သည်။ ခံစားခွင့်ရသည့် ဆုကြေးကို ConceptX Team မှ တိကျသေချာအောင် အတည်ပြုပြီး (၂) ရက်အတွင်း ထုတ်ပေးသွားမည် ဖြစ်သည်။
            ConceptX သည် ကောင်းမွန်သောပညာရေးကို ငွေကြေးအကုန်အကျနည်းနည်းဖြင့် လူတိုင်းလက်လှမ်း မီရေးအတွက် အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီမှုများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ConceptX Application အသုံးပြုမှုကို ချိုသာသည့်ဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနေသည့်အပြင် ကျောင်းသားကျောင်းသူများ ပိုမိုကျယ်ပြန့်စွာ အသုံးပြုစေနိုင်ရန်အတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အစိုးရ အခြေခံအထက်တန်းကျောင်းများတွင် မိတ်ဆက်ပေးခြင်းနှင့် သုံးစွဲခွင့် လှူဒါန်းခြင်းများ ကိုလည်း လုပ်ဆောင်ထားသည်။

Leave a Reply

Your email address will not be published.