ဆည်တော်ကြီးရေလှောင်တမံမှ​နွေစပါးနှင့် အခြားသီးနှံစိုက်​ဧက ၆၉၀၀၀ ကျော်အတွက် ဇွန်လ ၁၅ ရက်နေ့အထိ စိုက်ပျိုးရေများ ပေးဝေ သွားမည်

ရွှေမန်း

၂၀၂၁-၂၀၂၂ ခုနှစ်တွင် မန္တ​လေးတိုင်း​ဒေသကြီး မတ္တရာမြို့နယ်အ တွင်းရှိ ဆည်တော်ကြီးရေ​လှောင်​တမံမှ​ရေ​သောက်​ဧရိယာအတွင်း တောင်သူများစိုက်ပျိုးထားရှိသည့် နွေစပါးနှင့် အခြားသီးနှံစိုက်ဧက ၆၉၀၀၀ ကျော်အတွက် အောင်ရေပြည့်ဝစွာရရှိစေရန် ဇွန်လ ၁၅ ရက်နေ့အ ထိ စိုက်ပျိုးရေများပေးဝေသွားမည်ဖြစ်ကြောင်း မန္တ​လေးတိုင်း​ဒေသကြီး ဆည်​မြောင်း နှင့်​ရေအသုံးချ​မှုစီမံခန့်​ခွဲ​ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆည်တော်ကြီးရေလှောင်တမံမှ မန္တလေးခရိုင်နှင့် ပြင်ဦး လွင်ခရိုင်တို့်ရှိ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသောမြို့နယ်များ ကို ဖေဖော်ဝါရီလတတိယပတ်မှစ ၍ စိုက်ပျိုးရေများပေးဝေပြီး စိုက်ပျိုးခဲ့ရာ ယခုလက်ရှိအချိန်အ ထိ ကွင်းပိတ်စိုက်ပျိုးပြီး စိုက်ဧက အနေဖြင့် နွေစပါး ၆၈၀၅၈ ဧကနှင့် အခြားသီးနှံ ၁၁၆၂ ဧက စုစုပေါင်းစိုက်ပျိုးပြီးဧက ၆၉၂၂၀ ဧ ကဖြစ်ပြီး၊ ၎င်း စိုက်ဧကများ အ တွက် အောင်ရေပြည့်ဝစွာရ ရှိစေရန် ဇွန်လ ၁၅ရက်နေ့အထိ စိုက်ပျိုးရေများကို ပေးဝေသွားမည်ဖြစ်ကြောင်း မန္တ​လေးတိုင်း​ဒေသကြီး ဆည်​မြောင်းနှင့်​ရေအသုံးချ​မှုစီမံခန့်​ခွဲ​ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ခရိုင်တာဝန်ခံ က ​ပြော သည်။

” ရေလှောင်တမံကနေပြီးတော့ နွေသီးနှံစိုက်ပျိုးမယ့် တောင်သူ တွေအတွက်ကို ဖေဖော်ဝါရီလတတိယပတ်ကနေစပြီး ရေပြည့်​ဝစွာ​ပေး ဝေပြီးစိုက်ပျိုးခဲ့တာပါ။ နွေစပါးလျာထားစိုက်ဧကမှာ ၆၇၅၁၃ ဧကနဲ့ အခြားသီးနှံ ၁၁၆၂ ဧက စုစုပေါင်းလျာထားဧက ၆၈၆၇၅ ဖြစ်ပါ တယ်။ ဆည်ရေပေးဝေပြီး စိုက်ပျိုးနိုင်ခဲ့တဲ့ဧကမှာ နွေစပါးနဲ့ အခြား သီးနှံဧကပေါင်း ၆၉၂၂၀ ဧကဖြစ်ပါတယ်။ ယခင်လျာထားဧကထက် ကျော်ပြီးစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကွင်းပိတ်ပြီးဖြစ်သော်လည်း စိုက်ဧ ကများအတွက် လာမယ့်ဇွန်လ ၁၅ ရက်နေ့အထိ ရေလိုအပ်ချက်မရှိ စေပဲ အောင်မြင်ဖြစ်ထွန်းသည်အထိ ပေးဝေသွားမှာပါ။ တောင်သူ တွေအနေနဲ့ကလည်း ရေကိုစနစ်တကျသုံးစွဲဖို့လိုပါတယ်။ ရေပြည့်ဝ စွာပေးဝေနိုင်ဖို့အတွက် ဆည်တော်ကြီးရေလှောင်တမံမှာလည်း ရေ ပြည့်ဝစွာ သိုလှောင်ထားရှိပြီးဖြစ်ပါတယ်” ဟု ၎င်းက​ ပြော သည်​။

အဆိုပါ​ရေ​လှောင်​တမံမှ မန္တ​လေးခရိုင်​နှင့်​ပြင်​ဦးလွင်​ခရိုင်​တို့ရှိ​ရေ​သောက်​ဧရိယာအတွင်း​နွေစပါးအမှန်စိုက်​ဧကများမှာ မတ္တရာမြို့ နယ်​တွင် နွေစပါး ၄၄၃၈၈ ဧက၊ အခြားသီးနှံ ၁၁၆၂ ဧက၊ ချမ်းမြ သာစည်မြို့နယ်တွင် ၄၄ ဧက၊ ပုသိမ်​ကြီးမြို့နယ်​တွင်​၁၇၄၈၅ ဧက၊ အမရပူရမြို့နယ်တွင်​၆၁၄၁ ဧက စုစုပေါင်းစိုက်ဧကသည် ၆၉၂၂၀ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ထိုအတူ စဉ့်ကူးမြို့နယ်အတွင်းရှိ မာလဲနတ်တောင်ရေလှောင်တမံမှလည်း နွေစပါးနှင့် အခြားသီးနှံဧ က ၁၁၀၀ လျာထားစိုက်ပျိုးခဲ့ရာမှ ရေပြည့်ဝစွာဖြင့် စိုက်ပျိုးနိုင်ခဲ့ သည့် ဧကစုစုပေါင်းသည် ၂၀၂၃ ဧကဖြစ်ကာ လျာထားဧကထက် ကျော်လွန်စွာပေးဝေစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.