ဆင်ဖြူကျွန်းမြို့တွင် ပြည်ပမှပြန်လာသူ ၈၀ဦး ကျန်းမာရေးစောင့်ရှောက်မှု၂၁ရက်ပြည့်၊ နေထိုင်ရာ ကျေးရွာများသို့ပြန်လွှတ်ပြီး ပြည်တွင်းပြန် ၄ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နေ

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့တွင် ပြည်ပမှပြန်လာသူ ၈၀ဦးအား ကျန်းမာရေးစောင့်ရှောက်မှု၂၁ရက်ပြည့်၍‌ ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ပြန်လွှတ်ပြီး ပြည်တွင်းပြန် ၄ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နေကြောင်း သိရှိရပါတယ်။
Qထားတဲ့လူတွေကို ၂၁ရက်ပြည့်လို့ ဒီနေ့ပြန်လွှတ်တော့မှာပါ၊ ကျန်းမာရေးအခြေအနေ အကုန်ကောင်းကြပါတယ်၊ပြည်တွင်းကပြန်လာသူတွေထားတာ ၄ဦးရှိပါတယ်၊ ပြည်တွင်းပြန်၄ဦးက ကျန်းမာရေးစိုးရိမ်စရာမရှိပါဘူး၊ ဖျားတာ၊နာတာ၊အပူချိန်တက်တာ လုံးဝမရှိပါဘူးလို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ စလင်းမဲဆန္ဒနယ်အမှတ်၂မှ ဦးသက်ခိုင်က ပြောပါတယ်။
ယခုပြန်ကျသူများသည် ဆင်မကျွန်ကျေးရွာနေကြသူများဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က ပြန်လာသူ ၄ဦးသာကျန်ရှိတော့ကြောင်း၊ ဒေသန္တာရအမိန့်ကို မလိုက်နာကြသဖြင့် လုပ်ရကိုင်ရတာ ခက်ခဲကြောင်း၊ ၊ပြည်သူလူထုက ဒေသန္တာရအမိန့်တွေ၊ ညွှန်ကြားချက်တွေသိပြီး လိုက်နာဖို့လိုပါတယ်လို့ ဦးသက်ခိုင်က ဆိုပါတယ်။
ရန်ကုန်ကပြန်လာတဲ့၄ဦးက ဧပြီလ၂၀ရက်နေ့ကရောက်ပါတယ်၊ ညအိပ်ညနေ လက်မခံဖို့ ဒေသန္တာရအမိန့်ထုတ်ထားပါတယ်၊ အဲဒါမလိုက်နာကြဘူး၊ မလိုက်နာပဲလက်ခံထားကြတယ်၊ ခုကြတော့၂ရက်လောက်ရှိမှပတ်ဝန်းကျင်နဲ့ ပြဿနာတက်ပြီးပြောတော့မှ ခုမှထိန်းသိမ်းထားရတာပါ၊ ပြည်သူတွေအနေနဲ့ MOHSကထုတ်တဲ့ ညွှန်ကြားချက်တွေ၊ ရပ်ရွာမှာထုတ်ထားတဲ့ ကျန်းမာရေးအသိပညာပေး စာစောင်တွေကိုဖတ်ပြီးကျန်းမာရေးအတွက် လိုက်နာဖို့လိုပါတယ်၊ရှေ့လျှောက်ပြီး ရောဂါပြန့်ပွားမှုမရှိစေရန်ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားတော့မှာပါလို့ ဦးသက်ခိုင်ကပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.