ရွှေမန်း

စျေးကွက် ပေါက်စျေးထက် ထက်၀က်ကျော်သက်သာသည့်စျေးနှုန်းဖြင့် တောင်သူများ စျေးနှုန်းသက်သာ စွာ သုံးစွဲနိုင်ရန် ပုလဲဓာတ်မြေသြဇာ ၆၇၅၀၀ တန် ကို စပါး၊ ဆီထွက်သီးနှံ၊ဝါနှင့်ကြံ စိုက် တောင်သူများထံ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။အရေးကြီးသီးနှံ စပါး၊ ဆီထွက်သီးနှံ၊ ဝါနှင့်ကြံစိုက်တောင်သူများကို စျေးကွက် အတွင်း တစ်အိတ်ကျပ် ၇၅၀၀၀ ခန့်ပေါက်စျေးရှိသည့် နိုင်ထရိုဂျင် ၄၆ ရာခိုင်နှုန်းပါ ပုလဲဓာတ်မြေသြဇာ ရန်ကုန်မြောင်းတကာ စက်ရုံထုတ် ၅၀ ကီလို တစ်အိတ် ကျပ် ၃၀၀၀၀+ဒေသအလိုက် သယ်ယူစရိတ် ခန့်မှန်းကျပ် ၂၀၀၀ စုစုပေါင်း ကီလို ၅၀ပါ တစ်အိတ်ကျပ် ၃၂၀၀၀ ခန့်ဖြင့် တစ်ဧက ၂၅ ကီလို-၅၀ကီလို နှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။စစ်ကိုင်းတိုင်းဒေသကြီး အတွက် ပုလဲဓါတ်မြေသြဇာ ၃၀၇၅ တန်ကို အရေးကြီးသီးနှံဖြစ်သည့် စပါး၊ ဆီထွက်သီးနှံ၊ဝါနှင့်ကြံစိုက် တောင်သူများကို သက်ဆိုင်ရာမြို့နယ်မြေသြဇာရောင်းချရေး ကောမတီမှ ပုလဲဓါတ်မြေသြဇာတစ်အိတ်လျှင် ကျပ် ၃၂၀၀၀ ခန့်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ကီလို ၅၀ ပါ အိတ် ၁၀၀၀၀(တန် ၅၀၀) ကို ရောင်းချပေးပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဌာန တိုင်းဦးစီးမှူး ဦး၀င်းလှိုင်ဦးက ပြောသည်။“နိုင်ငံတော်အစိုးရအစီအစဉ်နဲ့စိုက်ပျိုးရေးဌာန နဲ့ မြန်မာ့ရေနံ ဓါတုလုပ်ငန်းပူးပေါင်းပြီးတော့ တောင်သူ တွေကို ဓါတ်မြေသြဇာ စျေးနှုန်းချိုသာစွာသုံးစွဲနိုင်ဖို့ အတွက် ရောင်းချပေးတဲ့ အစီအစဉ်ပါ။ အဓိကတော့ အရေး ကြီးသီးနှံဖြစ်တဲ့ စပါး ၊ဆီထွက်သီးနှံ ၊ဝါ သီးနှံနဲ့ ကြံသီးနှံများကို ရောင်းသွားပါမယ်။ လက်ရှိမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ဒေသအစုံကို အိတ် ၁၀၀၀၀(တန် ၅၀၀) ရောင်းချပြီးသွားပြါ့ပီ ။နောက်ထပ်လည်း အိတ် ၆၀၀၀ ကို ရွှေဘိုဒေသက နွေစပါးစိုက်တောင်သူတွေကို ရောင်းချပေးသွားမှာပါ။ ပုလဲတစ်အိတ်ကို စက်ရုံစျေးကျပ် ၃၀၀၀၀ + ရွှေဘိုဒေသအရောက်သယ်ယူစရိတ်ကျပ် ၂၀၀၀ ခန့် ကျပ် ၃၂၀၀၀ နဲ့ရောင်းချသွားပါမယ်။ မြေသြဇာဖြန့်ဖြူးရောင်းချရေး ကော်မတီနဲ့ ဖွဲ့စည်းရောင်းချ တာပါ။ မြို့နယ်အလိုက် စိုက်ပျိုးမှု သီးနှံပေါ်မူတည်ပြီး တစ်ဧကတစ်အိတ်နှုန်း-အိတ်၀တ်နှုန်းနဲ့ရောင်းပေးပါတယ်။ ရောင်းပေးတဲ့စျေးကလည်း ပြင်ပပေါက်စျေး တစ်အိတ်ကျပ် ၇၅၀၀၀ ထက်တစ်၀က်ကျော် စျေးနှုန်း လောက် သက်သာပါတယ်” ဟု ၄င်းကပြောသည်။ မန္တလေးတိုင်းဒေသကြီး အတွင်း ပုလဲ ဓါတ်မြေသြဇာ ၃၄၇၅ တန် ကို လာမည့် စပါးစိုက်ရာသီတွင် မယင်းလယ်၊ နွေစပါး (ပတ်ကြဲစနစ်ဖြစ်စိုက်ပျိုးခြင်း) မပါ စိုက်ပျိုးတောင်သူတွေကို ၂၅ ကီလိုနှုန်း၊ မိုးကြို ဝါစိုက်ဧက ၁၀၀၀၀ ကျော် ကို ကီလို၅၀ တစ်အိတ်နှုန်းဖြင့် ကျပ် ၃၂၀၀၀ လက်ငင်းစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၊ပြင်ပေါက်စျေးမှာ သွင်းအားစျေးနှုန်းများမြင့်မားချိန် တောင်သူများ အခိုက်အလျောက် အထောက်အပံ့ဖြစ်စေရန် ယခုလို ရောင်းချပေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီင်္းမှူး ဦးတိုးမင်းက ပြောသည်။တောင်သူများအနေဖြင့် သွင်းအားစု ဓါတ်မြေသြဇာ စျေးကြီးမြင့်မှုကြောင့် သုံးစွဲမှုလျော့ချနေရပြီး စပါး အထွက်နှုန်း လျော့ကျခဲ့ကြောင်း စပါးစိုက်မှုတွင် မဖြစ်မနေသုံးစွဲရသည့် ပုလဲမြေသြဇာကို စျေးနှုန်းသက်သာစွာ ၀ယ်ယူခွင့်ရရှိပါက နွေစပါးစိုက်ပျိုးမှု အတွက် အထောက်အကူဖြစ်ကြောင်း ဆယ်ရေမရရှိတာကြောင့် ယခုနှစ်မှ နွေစပါးပြန်လည် စိုက်ပျိုးရခြင်းဖြစ်ကြောင်း အမှန်တကယ် စိုက်ပျိုးသည့်တောင်သူများထံ ရောင်းချပေးစေချင်ကြောင်း ကန့်ဘလူမျိုးနယ် စိန်နားကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးကပြောသည်။ “ကန့်ဘလူမြို့နယ် အတွင်းက နွေစပါးစိုက်တောင်သူတွေ အတွက် အိတ် ၆၅၀ ရောင်းချပေးမယ်လို့ ကြားသိရပါတယ်။ မိုးစပါးစိုက်ပျိုးစဉ်က ကွန်ပေါင်း ၁၅ ပတ်လည် တစ်အိတ်ကျပ် ၈၀၀၀၀ ကျော်နဲ့ ၂ အိတ်ကို သာ လယ် ၁၁ ဧက အတွက် အသုံးပြုနိုင်ခဲ့ပါတယ်။ဒီနှစ် မိုးစပါး ၁၁ဧက ရိတ်သိမ်းတာစပါး တင်း ၆၀၀ကျော်လောက်ပဲရပါတယ်။ ယခင်က တော့ ၁၁ဧက အတွက် မြေဆီ ၁၅လုံးလောက် သုံးစွဲတော့ တင်း ၈၀၀-၉၀၀ထွက်တယ်။ ဒီနှစ်က ဘယ်ရာသီဖြတ်လို့မှ အထွက်နှုန်းလျော့ တာမဟုတ်ပါဘူး။ ဓါတ်မြေသြဇာမသုံးစွဲနိုင်တော့ အထွက်နှုန်းလျော့ကျတာပါ။ အခုလို စျေးသက်သက်သာသာနဲ့ ၀ယ်ခွင့်ရရင်တော့ နွေစပါးအတွက် အဆင်ပြေပါမယ်။ နွေစပါးကလည်း မစိုက်ရတာ ၂ လောက်ရြှိ့ပီ။ဒီနှစ် သဖန်းဆိပ်ဆည်ကရေရလို့ ပြန်စိုက်ရမှာပါ။ မြေဆီ တစ်အိတ်ကျပ် ၃၂၀၀၀ လောက်နဲ့ ရမယ်ဆိုရင်တော့တောင်သူတွေ ပျော်နေပါပြီ။ဒါပေမယ့် ရရှိတဲ့ ခွဲတမ်းအရ တောင်သူတွေတိုင်းမရရှိနိုင်ဘူး။ ” ဟု ၄င်းကပြောသည်။လာမည့်နွေစပါးစိုက်ပျိုးရာသီတွင် သက်တမ်းစပါးမျိုးများကို အများဆုံးစိုက်ပျိုးကြတာကြောင့် ပုလဲမြေဆီမှာ တောင်သူများ အတွက် အမှန်တကယ်လိုအပ်သည့် မြေဆီဖြစ်ပြီး သုံးစွဲမှုပေါ်မူတည်ပြီး စပါးအထွက်နှုန်းကွာခြားမှုရှိကြောင်း တောင်သူများထံမှသိရသည်။ပြည်တွင်း ဓါတ်မြေသြဇာစျေးကွက် အတွင်းသို့ နှစ်စဉ် တန်ချိန် ၃သိန်းကျော်တင်သွင်းနေသည့် တရုတ်နိုင်ငံမှလည်း ကိုဗစ်-၁၉ ကာလကတည်းက တင်သွင်းမှုလျော့ကျခဲ့ပြီး စျေးကွက်အတွင်း ပုလဲ ဓါတ်မြေသြဇာတစ်အိတ်ကျပ် ၇၅၀၀၀ ခန့်ပေါက်စျေးရှိနေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.