ကြံရာသီတွင် စံချိန်တင်ဈေး ကြံတစ်တန်ကျပ် ၈၀၀၀၀ ဖြင့်တောင်သူများထံမှ ဝယ်ယူမည်

ရွှေမန်း
၂၀၂၂-၂၀၂၃ ကြံရာသီတွင် စံချိန်တင်ဈေး ကြံတစ်တန်ကျပ် ၈၀၀၀၀ ဖြင့်တောင်သူများထံမှ ဝယ်ယူမည် ဖြစ်ကြောင်း ရှမ်းမြောက်ဒေသရှိ ငွေရည်ပုလဲသကြားကုမ္ပဏီက သြဂုတ် ၁၆ ရက်နေ့က တောင်သူများထံ အသိပေးစာထုတ် ထားကြောင်း သိရသည်။
ပြီးခဲ့သောကြံရာသီ ကြံတစ်တန် ကျပ် ၆၅၀၀၀-၆၈၀၀၀ အမြင့်ဆုံးဈေးဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် ပြည်တွင်း သကြားဈေးမှာ တစ်ပိဿာကျပ် ၂၁၅၀ ဈေးဖြင့် အမြင့်ဆုံးဈေးဖြစ်နေသည်။ယင်းသကြားဈေးကို အခြေခံ တွက်ချက်သည့် ကြံဈေးနှုန်းမှာ ယခုနှစ်တွင် တစ်တန် ကျပ် ၈၀၀၀၀ သက်မှတ်လာခြင်းဖြစ်ရာ စက်ရုံ၊ တောင်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေမျှတသည့် သက်မှတ်ဈေးဖြစ်ကြောင်း ၊ကြံစိုက်ပျိုးမှု သမိုင်းတစ်လျောက် စံချိန်တင် အမြင့်ဆုံးဈေးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှု လက်မှု လုပ်ငန်း ရှင်များ အသင်း ဥက္ကဌ ဦးဝင်းဌေး က ပြောသည် ။
“ လက်ရှိသကြားဈေးနဲ့ ကြံတစ်တန် ကျပ် ၈၀၀၀၀ ဈေးသက်မှက်တာက နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ဈေးပါ။ စက်ပိုင်လည်းပျော်တယ်။တောင်သူလည်းပျော်တဲ့ဈေးလို့ ပြောလို့ရပါတယ်။လက်ရှိသကြားဈေး တစ်ပိဿာ ကျပ် ၂၀၀၀ ဝန်းကျင်နဲ့တွက်ထားတာပါ။ ရှမ်းမြောက်ဒေသအနေနဲ့ကတော့ ဒီဈေးက စက်ရုံအရောက်ဈေးပါ။ မနှစ်က တစ်တန် ကျပ် ၆၈၀၀၀ ထိ သက်မှက်ခဲ့ပါတယ်။သကြားဈေးကလည်း စံချိန်တင်ဈေးဖြစ်သလို တောင်သူတွေလည်း စံချိန်တင်ဈေးရရှိတာပါ။ ကြံစိုက်ခင်းသစ် စိုက်ပျိုးစရိတ်က ကျပ် ၆၅၀၀၀၀-၈၅၀၀၀၀ ကြားကုန်ကျမှုရှိသလို ကြံတစ်တန်ပျမ်းမျှ ၂၅ တန် ခန့်ထွက်ရှိပါတယ်” ဟု ၎င်းကပြောသည်။
ကြံဈေးသက်မှတ်ချက် ထွက်လာ တာကတော့ တစ်တန် ကျပ် ၈၀၀၀၀၀ လောက်ကတော့ အခြေခံဈေးမျှော်လင့်ထားပြီး စိုက်ခင်းသစ် အများစု စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း တောင်သူများအနေဖြင့် ယခုနှစ်ကြံစိုက်ခင်းအသစ်တိုးစိုက်သူတွေ ရှိသလို အချို့ စိုက်ပျိုးစရိတ်ကြီးမြင့်လာ မှုကြောင့် လမိုင်းခင်း ၊လမတ်ခင်းများကိုသာ ပေါင်းရှင်း မြေဆီထည့် တာတွေ သာ လုပ်နိုင်ကြောင်း နောက်ချိုဒေသမှ ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။
ထို့သို့ပြည်တွင်းစားသောက်ကုန် လုပ်ငန်းများ လည်ပတ်လာသလို နိုင်ငံခြားသို့သကြားပြန်လည်တင်ပို့နိုင်မှုများ ကြောင့် လည်း ပြည်တွင်းသကြားဈေးက အမြင့်ဈေး တစ်ပိဿာကျပ် ၂၁၅၀ ဖြင့်တည်ငြိမ်နေ ကြောင်း သိရသည်။ယခင်နှစ်ပြည်တွင်းသကြားဈေးမြင့်တက်နေမှုကြောင့် ကြံတောင်သူအများစုမှာ ကြံစိုက်ခင်းသစ်များ တိုးချဲ့စိုက်ပျိုးရန် ကြံစရံများရယူစိုက်ပျိုးလျက်ရှိနေသည်။
ကြံစိုက်ခင်းသစ်များကို စက်တင်ဘာ လနောက်ဆုံးထားစိုက်ပျိုးပြီး နောက်တစ်နှစ် ဒီဇင်ဘာ၊ ဇန်နဝါရီ တွင်ခုတ်သိမ်းနိုင်ပြီး တစ်ဧက ၂၅ တန်ကျော် ထွက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.