ကံမမြို့တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ် (၆)လုံးဆုံးရှုံး၊ လူ၊ တရိစ္ဆာန် ထိခိုက်မှုမရှိ

မကွေးတိုင်း သရက်ခရိုင် ကံမမြို့ အမှတ်(၃)ရပ်ကွက် ဥယျာဉ်တန်းလမ်းမှာ ဒီနေ့မနက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုစတင်ဖြစ်ပွားတာက မနက် ၁၀နာရီ၃၀မိနစ်ခန့်လောက်မှာ ဦးအောင်မိုးလွင် စတိုးဆိုင်က စတင်လောင်တာပါ၊ ဘာကြောင့်လောင်တယ်ဆိုတာ မြေပြင်ကို ကွင်းဆင်းစစ်ဆေးနေဆဲပါ၊ နေအိမ်၆လုံးလောင်ကျွမ်းခဲ့ပါတယ်၊ လူ၊ တရိစ္ဆာန် ထိခိုက်မှုမရှိဘူး၊ လူဦး ရေ(၁၈)ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်လို့ ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာ‌နေရာကို သရက်ခရိုင် မီးသတ်စခန်းက မီးသတ်ယာဉ်(၂)စီး၊ ကံမမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၄)စီး၊ရေနံ့သာနယ်မြေမီးသတ်စခန်း၊ကြို့ပင်နယ်မြေမီးသတ်စခန်း၊ သရက်မီးသတ်စခန်း၊ မင်းတုန်းနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ရေယာဉ် (၁)စီး၊ ပြည်မြို့မှ အရံမီးသတ်တပ်ဖွဲ့ နဲ့ပရဟိတအဖွဲ့တိို့ လာရောက်ငြိမ်းသတ်ခဲ့ကြပြီး နေ့လည် ၁၂နာရီခန့်လောက်မှာ မီးငြိမ်းသတ်နိင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်ရာနေရာသို့ သရက်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်မီးသတ်တပ်ဖွဲ့မှူး၊ မြို့နယ်တာဝန်ရှိသူများနဲ့ လွှတ်တော်ကိုယ်စားးလှယ်များ လာရောက်ခဲ့ကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
သတင်းဓါတ်ပုံ ဦးဇော်ဝင်း(ကံမ)





Leave a Reply

Your email address will not be published.