ကုလားပဲအုပ်စု နှင့်မြေပဲဆံ စျေးကွက် ဆက်လက်မြင့်တက်နေ ပို့ကုန်ပဲများ စျေးတည်ငြိမ်နေတာကြောင့် လှောင် လက်သမားများ ၀ယ်ယူနေ

ရွှေမန်း

ပြည်တွင်းသုံးစွဲမှု မြင့်မားလာခြင်းနှင့် ပို့ကုန်သမားများ ၀ယ်လက်ဆုံ နေသော ကုလားပဲအုပ်စု နှင့်မြေပဲဆံ စျေးကွက် ဆက်လက်မြင့်တက်နေ မတ်ပဲ ၊ပဲတီစိမ်း၊ ပဲစင်းငုံ ပဲများစျေးတည်ငြိမ်နေတာကြောင့် လှောက်လက်သမားများ တဖြေးဖြေး၀ယ်ယူနေ ကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။

ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ V2 နှင့် V7 မှာ စျေးကွက်အတွင်း အမြင့်စျေးဖြစ်လာပြီး ယခင်သီတင်းပတ်ထက် ဆက်လက်မြင့်တက်လာသလို ထိုင်၀မ်ကုလားပဲနှင့် 929 ကုလားပဲတို့ မှာ ပြည်တွင်းပဲ ခွဲစက်များကြိတ်ခွဲနေတာကြောင့် လိုက်ပါစျေးမြင့်နေကြောင်း ၊တရုတ်အ၀ယ်နှင့် ပြည်တွင်းဆီစက်ပိုင်များ အ၀ယ်ဆုံနေသည့် မြေပဲဆံမှာ တစ်ပိသာ ကျပ် ၄၂၀၀ ခန့်ဆက်လက်မြင့်တက်လာသည်။ တရုတ်နိုင်ငံသို့ တင်ပို့မှုဆိုင်ရာလမ်းကြောင်းများကောင်းလာသော်လည်း ပဲမာလိုင်းများမှာ စျေးတည်ငြိမ်နေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ ကုလားပဲအုပ်စုကတော့ ရန်ကုန်၀ယ်လက်တွေအ၀ယ်ရှိနေလို့ ယခင်သီးတင်းပိတ်ထက် ဆက် လက်မြင့်တက်နေပါတယ်။ V2 နဲ့ V7 ကတော့ စျေးအမြင့်ဆုံး ဖြစ်လာတော့ ထိုင်၀မ်ကုလားပဲ၊929 ကုလားပဲတွေက လိုက်ပါစျေးမြင့်နေတာပါ။ မြေပဲဆံကလည်း ပြည်တွင်းဆီစက်ပိုင်တွေနဲ့ တရုတ်၀ယ်လက်ဆုံနေတော့ တစ်ပိသာကျပ် ၄၂၀၀ ပေါက်စျေးရှိနေပါတယ်။ ပဲစင်းငုံကတော့ ပေါက်စျေးနဲ့ အ၀ယ်သွက်နေပါတယ်။မတ်ပဲ ၊ပဲတီးစိမ်းကတော့ စျေးငြိမ်နေပါတယ်။လက်ရှိမှာ ပို့ကုန်ပဲတွေကို လှောင်လက်သမားတွေ တဖြေးတဖြေး၀ယ်နေပါတယ်။ ပြည်တွင်းသုံးပဲတွေကတော့ စျေးမကျတော့ဘဲ လက်ရှိပေါက်စျေးက အောက်ခံစျေးဖြစ်သွားပြီး ဒီထက်ကျဆင်းစရာမရှိတော့ဘူး။ တရုတ်လိုင်းကတော့ တင်ပို့မှုလက်ကြောင်းကောင်းလာပါတယ်။ ” ဟု ၎င်းက ပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း

ပို့ကုန်ပဲများအားလုံး သုံးတင်း၀င်တစ်အိတ်လျှင် ကျပ် ၂၀၀၀-၃၀၀၀ ခန့် စျေးမြင့်တက်လာရာ ပြီးပဲတီစိမ်း ဈေးကွက်မှာ ဆက်လက် အရောင်းအဝယ်သွက် နေသည်။ မတ်ပဲ၊ ပဲစင်းငုံဈေးမှာ အနည်း ငယ်က သာပြင်တက်နေသည်။ ပဲတီစိမ်းမှာ ပို့ကုန်သမားများ အ၀ယ်တဖြေးဖြေးကောင်းလာသဖြင့် အညာ ပဲတီစိမ်းများပါ လိုက်ပါ ဆက်လက်ဈေးကောင်းလာခြင်းဖြစ် သည်။ မေ ၂၆ ရက်တွင် မတ်ပဲ တစ်အိတ်ငွေကျပ်၁၄၀၀၀၀ ၊ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၂၈၀၀၀၊ ပဲတီစိမ်းရွှေဝါ တစ်အိတ် ငွေကျပ် ၁၅၃၀၀၀၊ပဲတီစိမ်းအညာတစ်အိတ် ငွေကျပ် ၁၄၅၀၀၀ပေါက်စျးဖြစ်လာသည်။လက်ရှိမှာ အရောင်းအ၀ယ်ကပွင့်လင်းမှုမရှိသေးကြောင်းနှင့် လှောင်လက်သမားများ အနည်းငယ်စီ၀ယ်ယူမှုရှိနေကြောင်း ပဲကုန်သည်တစ်ဦးကပြောသည်။

မြေပဲ

တရုတ်နိုင်ငံသို့ ပို့ကုန်လမ်းကြောင်းများ ပြန်လည် ကောင်းမွန်လာသော်လည်း မြေပဲလုံးဆံ တင်ပို့ခွင့် ပိတ်ထားဆဲ ဖြစ်သည်။ သို့သော်လည်း ပြည်တွင်း ဆီစက်ပိုင်များနှင့် တရုတ်၀ယ်လက်များ မြေပဲဆံ အ၀ယ်ရှိနေခြင်း ၊မြန်မာပြည်တစ်ခုလုံး မြေပဲဆံကို မန္တလးစျေးမှာ ၀ယ်ယူနေခြင်းကြောင့် မြေပဲဆံစျေးမှာ ဆက်လက်မြင့်တက်နိုင်ကြောင်း ပဲကုန်များက သုံးသပ်ထားသည်။ မေ ၂၆ ရက်တွင် S1မြေပဲဆံတစ်ပိဿာ ငွေကျပ်၄၂၀၀-၄၂၅၀ ပေါက်ဈေးဖြစ်လာ သည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၈၅၀၀၊ နှမ်းဆီတစ်ပိဿာ ၊စားအုန်းဆီပေါက်စျေးမှာ တစ်ပိသာ ကျပ် ၇၂၀၀ ခန့် ပေါက်စျေးရှိသော်လည်း ပစ္စည်းအ၀င်နည်းပါးကြောင်းသိရသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ကုလားပဲဗွီးတူး ငွေကျပ် ၁၄၆၀၀၀၊တစ်အိတ် ၂၀၀၀ကျပ် ဈေးမြင့်တက်လာ ၊ပဲယင်းတစ်အိတ်ငွေကျပ် ၁၄၂၀၀၀ တစ်အိတ်၇၀၀၀၀ခန့် ဈေးပြန်တက်လာ ၊ ပဲကြီးတစ်အိတ်ငွေကျပ် ၁၉၈၀၀၀၊တစ်အိတ်ကျပ် ၃၀၀၀ ဈေးမြင့်တက်၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၁၄၀၀၀၀ တစ်အိတ်ကျပ် ၁၀၀၀၀ စျေးပြန်တက် ၊ စွန်တာပြာ တစ်အိတ် ငွေကျပ် ၁၂၀၀၀၀ တစ်အိတ်ကျပ် ၂၀၀၀ စျေးတက်၊ မြေထောက်ပဲ တစ်အိတ် ငွေကျပ် ၁၇၀၀၀၀ တစ်အိတ်ကျပ် ၁၀၀၀၀ စျေးတက် ၊ကျွန်းစားတော်ပဲတစ်အိတ် ငွေကျပ် ၂၆၅၀၀၀ ဈေငြိမ်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published.