ကာကွယ်ဆေး ထိုးကို ထိုးမှရမယ်

တန်ခူးမေ

ဟို‌တစ်နေ့က အွန်လိုင်းမှာ ခေတ်စားနေတဲ့ သမီးရဲ့ကာစတန်မာတွေ ယူကိုယူရမယ်ဆိုတဲ့ တစ်တော့စ်က စနောက်ထားတဲ့ ရုပ်သံဖိုင်ကို ကြည့်နေရင်းက ပြုံးမိရယ်မိတဲ့ စာရေးသူခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ဝူဟန်က စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကကမ္ဘာကို ကိုင်လှုပ်ခဲ့တာ နှနှစ်ပြည့်ခါနီးပြီ။သေဆုံးခဲ့ရသော ကိုဗစ်ဒဏ်သင့်လူနာအရေတွက် သိန်းဆယ်ဂဏန်းတစ်ခုနီးပါးကျော်လာပြီဖြစ်ပြီး လက်တလောမှာ မျိုးရိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုးစတွေ့နေတဲ့ ဥရောပနိုင်ငံကြီး အချို့မှာလူသေဆုံးမှုး အချို့ပြန်ရှိလာတယ်လို့သတင်းတွေအရ သိနေကြပြီးဖြစ်မှာပါ။ပြည်တွင်းမှာလည်း ရောဂါပိုးစိတ်သစ်အိုမီခရွန်ပိုးတွေ့နေရပြီဖြစ်ပြီး အတည် ပြု သတင်းများ အရ တိုင်းနဲ့ ပြည်နယ် အချို့မှာ တစ်ရက်ရာဂဏန်းကျော်စစ်ဆေးတွေ့ရှိနေရပါတယ်။ပြည်တွင်းမှာ Covid-19 တွေ့ခဲ့တဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအပြီးမှာ နိုင်ငံရေးအပြောင်းလဲ ဖြစ်ခဲ့ရသော မြန်မာနိုင်ငံရေးအခြေနေကြောင့် တတိယလှိုင်းမှာဖရိုဖယဲ အလဲအကွဲ ဖြစ်ခဲ့ရပါတယ်။နိုင်ငံရေးအခြေနေကြောင့် ပြည်သူ‌တွေကြားမှာ ယခင် အစိုးရလက်ထက် က တည်းက စီမံထားတဲ့ ကာကွယ်ဆေးစီမံကိန်း(လည်းစနေပြီ)ကို စကစ လက် ထက်ထိုးမယ် မထိုးဘူး အငြင်းပွားမှုတွေ လည်း အားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်။ပြောရမယ်ဆိုရင် ပြီးခဲ့သော တတိယလှိုင်းဖြစ်စဉ် ဒယ်တာမျိုးကွဲ (ယူဆရ)က ပြည်တွင်းမှညအသေအပျောက်များခဲ့သလို ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း လူးအလဲ ခံလိုက်ရပါတယ်။အခု ဗီဇပြောင်းထားတဲ့ အိုမီခရွန်ပိုးကထပ်လာပါပြီ။WHO ပြောထားသလို ယှဉ်တွဲနေရမယ့်အနေထားဖြစ်လာပြီဆိုတော့ ကာကွယ်ဆေး ထိုးမယ် မထိုးဘူး ခပ်မြန်မြန်တွေးမယ်ဆို June ဆိုတဲ့ ကလေးမလေးပြောတဲ့ ယူကို ယူရမယ်ဆိုတဲ့စကားလိုထိုးကို ထိုးဖို့လိုလာပြိီဖြစ်ပါတယ်။အခုမျိုးစိတ်ဟာ အိုမီခရွန်နဲ့ ဒယ်တာကိုMix လုပ်ထားတာလို့ ပြီးခဲ့တယ့် တစ်ပတ်ကျော်က ဆိုက်ပရပ်စ် ဇီဝသိပ္ပံ တက္ကသိုလ်ရဲ့ ပါမောက္ခ Leondios Kostrikis က ထုတ်ဖော်ပြောဆိုထားပါတယ်။ယင်းမျိုးစိတ်သစ်ကို deltacron လို့အမည်ပေးထားပြီး ရောဂါဗေဒပညာရှင်တွေက ဆက်လင်လေ့လာနေကြပါပြီ။နှနှစ်လောက် အောင့်အီးထားရတယ့်မြန်မာလူမျိုးတွေရဲ့ အပျော်ပါးမက်တဲ့စိတ်တွေ ခေါင်းလည်း ထောင်စပြုနေပါပြီ။အလည်အပတ်ခရီးတွေ။အလှူမင်္ဂလာပွဲတွေလည်း ခပ်စိတ်စိတ်ပြန်လုပ်လာကြပါပြီ။သေချာဝာာ ပိုးက ပြန်လာဦးမှာပါ။ဒါဆို ကာကွယ်ဆေးက ထိုးကိုထိုးမှရမယ်ဆိုတာ အဖြေထွက်လာပါပြီ။ကမ္ဘာကျန်းမာရေးအဖွဲ့စည်းတွေကအမြဲတမ်း သတိပေးထားတာ ဗိုင်းရပ်စ်က သူ့အလုပ်သူ လုပ်နေမယ်ဆိုတာပါ။ဒါဆို လူကလည်း လူအလုပ် လူလုပ်မှာပါ။ရောဂါကာကွယ်ဖို့က တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းတွေ ဖြစ်တဲ့ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ လူစုလူဝေးရှောင်တာနဲ့ မရတော့ပါဘူး။ကာကွယ်ဆေးတွေ အကြိမ်ပြည့်အောင် ထိုးကို ထိုးမှရမှာ ဖြစ်ပါတယ်။အိုမီခရွန်ဗီဇပြောင်းပိုးဟာ နိုင်ငံပေါင်း ၁၁၀ လောက်ထိ ရောက်ရှိ ပျံ့နှံ့သွားပြီဖြစ်ပြီး ရောဂါလက္ခဏာပျိုးချိန် တိုပါတယ်။သူက ရက်ပိုင်းအတွင်းမှာ ကူးစက်ပျံ့နှံ့နိုင်ပြီး ပိုထိန်းချုပ်ရ ခက်ပါတယ်။တခြားဗီဇပြောင်းပိုးတွေလို အလွယ်အနံ့ခံဖို့ ခက်တာက အရင်ရောဂါပိုးလို ချောင်းဆိုး ဖျားနာ အနံ့ပျောက် အရသာပျောက် ဖြစ်ချင်မှ ဖြစ်မှာပါ။သိသာပေမယ့် သူကတော့ အဲဒီလို လာချင်မှလာပါတယ်ဗြိတိန်မှာ လုပ်တဲ့ သုတေသနအချို့အရ ငါးရက် တစ်ပတ်လောက်မှာပြန်ကောင်းလာနိုင်ပေမယ့် ချောင်းဆိုးတာ၊မောပန်းတာက ပျောက်ကင်းဖို့ ပိုကြာနိုင်ပါတယ်။အယ် သူက ကာကွယ်ဆေးတွေထိုးထားမယ်ဆိုရင် သာမန်လက္ခဏာလောက်သာ ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပြီး စီနိုဖန်းကအစ ဘယ်လိုကာကွယ်ဆေးကို မဆို ထိုးကိုထိုးမှ ဖြစ်မှာပါ။ဒီစာကို ဖတ်နေသူတိုင်း ကာကွယ်ဆေးထိုးပြီးပြီလား ကိုယ့်ကိုကိုယ် ပြန်မေးပါ။မထိုးရသေးဘူးဆိုရင်တော့ နီးစပ်ရာနေရာတွေမှာ သွားထိုးလိုက်ပါ။အနိမ့်ဆုံးတော့ ကျန်းမာရေးအသုံးစားရိတ် သိန်းဂဏန်း သက်သာမှာလို့ဟာသနှောရင်း လူ့ဘောင်တည်ဆောက်ဖို့ ကိုဗစ်ကာကွယ်ဆေး ထိုးကြပါဆို့။COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာန၏ ယခုလ ၁၆ ရက်နေ့ ည (၈:၀၀) နာရီသတင်းထုတ်ပြန်ချက်များအရဓာတ်ခွဲနမူနာစုစုပေါင်း (၇.၇၀၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၆၀) ရာခိုင်နှုန်း ရှိပါသည်။

Leave a Reply

Your email address will not be published.