ရွှေမန်း

ကထိန်ရာသီအလွန် တန်ဆောင်မုန်းလပြည့်ကျော် နောက်ပိုင်း ပဲနှမ်းစျေးကွက်အတွင်း မြေပဲနှင့် နှမ်းသာစျေးကွက်ပေါက်စျေးအတိုင်း အရောင်းအ၀ယ်သွက်နေကြောင်းကုန်သည်များထံမှသိရသည်။နို၀င်ဘာ လကုန်ပိုင်းတွင် ပြည်တွင်းပဲနှမ်းစျေးကွက်အတွင်း လက်ကျန်ပဲများ မရှိတော့ပဲအသစ်၀င်ရောက်နေ သည့်နှမ်းနက်နှင့်မြေပဲသာစျေးကွက်ပေါက်စျေးအတိုင်းအရောင်းအ၀ယ်သွက်နေကြောင်း၊လက်ရှိတရုတ်နယ် စပ်ဂိတ်များပြန်လည်ဖွင့်လှစ်မည့်အခြေအနေတွင်ပဲနှမ်းပို့ကုန်များအတွက်စရိတ်ပိုမိုကုန်ကျ မည့်သတင်းများကြောင့် အရောင်းအ၀ယ်စျေးကွက်အနည်းငယ် ကျဆင်းသွားကြောင်း နှင့်ပြည်တွင်း သုံးကုလားပဲအုပ်စုမှာ အသစ်မပေါ်ခင်လက်ကျန်နည်းတာကြောင့် စျေးအနည်းငယ်ပြန်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ )က ပြောသည်။

“ ကထိန်ရာသီအလွန် တန်ဆောင်မုန်းလပြည့်ကျော်နောက်ပိုင်း မှာပဲနှမ်းစျေးကွက်တွင် အရောင်းအ၀ယ်ပုံမှန်သာ ရှိပါတယ်။ ဒီရက်ပိုင်း တရုတ်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်မယ့်အခြေအနေက ပုံမှန်ကုန်သွယ်မှုထက် စရိတ်ပိုမို ကုန်ကျမည့်သတင်းများ ကြားလို့ အရောင်းအ၀ယ်က အေးတောင်သွားတယ်။ စျေးကွက်အတွင်းမှာ အရောင်းအ၀ယ်ကောင်းနေတဲ့ နှမ်းစျေးတောင် နည်းနည်းကျသွားတယ်။ လက်ရှိစျေးကွက်ထဲမှာ နှမ်းနဲ့ မြေပဲကတော့ တက် တက်စျေး ကျ ကျစျေးအတိုင်း အရောင်းအ၀ယ်ကောင်းနေပါတယ်။ ပြည်တွင်းသုံးကုလားပဲအုပ်စုလည်း အရောင်းအ၀ယ်ပြန်သွက်လာတယ်။ အဓိကအရောင်းအ၀ယ်ကောင်းနေတာတော့ မြေပဲနဲ့နှမ်းပါပဲ အခြားပဲတွေက ဇန်နဝါရီ လလယ် လောက်မှ ပဲအသစ်တွေ ပေါ်မှာပါ။ ” ဟု ၄င်းကပြောသည်။

နှမ်းနက်

ဒေသအစုံမှ ၀င်ရောက်လည်သည့် နှမ်းနက်များကို ပို့ကုန်သမားများ၀ယ်ယူစုဆောင်းချိန်ဖြစ်တာကြောင့် စျေးကွက်အတွင်းပေါက်စျေးအတိုင်း အရောင်းအ၀ယ်သွက်နေသည်။ တရုတ်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်မည့် အခြေအနေနှင့်အတူ စျေးအနည်းငယ်ကျဆင်းသော်လည်း ၀ယ်လိုအားပိုမိုကောင်းမွန်လာရာ နို၀င်ဘာ ၂၄ ရက်နေ့တွင် နှမ်းနက် ထိပ်စ ၄၅ပိသာသုံးတင်း၀င် တစ်အ်ိတ်လျှင်ကျပ် ၂၃၅၀၀၀ ပေါက်စျေးရှိပြီး အရည်အသွေးအလိုက် တစ်အိတ် ကျပ် ၁၃၅၀၀၀မှ၂၃၅၀၀၀ စျေးဖြင့် အမျိုးအစားအလိုက် အ၀ယ်သွက်နေသည်။ နှမ်းဖြူ သစ် ဂျပန် များမှာ တစ်အိတ်လျှင် ကျပ် ၁၇၅၀၀၀၊ နှမ်းဖြူ သစ်ရိုးရိုးမှာ တစ်အိတ် ကျပ် ၁၆၃၀၀၀၊ နှမ်းညို(သစ်) ကျပ် ၁၂၈၀၀၀ ပေါက်စျေးရှိ အ၀ယ်သွက်လာသည်။ ယခင်လစျေးကွက်နှင့်နှိုင်းယှဉ်ပါက နှမ်းမျိုးစုံစျေးမြင့်တက်လာကြောင်း တွေ့ရသည်။

မြေပဲ

မန္တလေးပါတ်၀န်းကျင် ဒေသများမှ မြေပဲအသစ်များ နေ့စဉ်၀င်ရောက်မှုကောင်းနေသည့်မြေပဲဆံများမှာဆီစက် များနှင့် ပို့ကုန်သမားများ အ၀ယ်ရှိနေတာကြောင့်စျေးကျဆင်းမှုမရှိဘဲ စျေးကွက်ပေါက်စျေးအတိုင်းအ၀ယ်သွက်နေရာ နို၀င်ဘာ ၂၄ ရက်နေ့တွင် မြေပဲ လုံးဆံ တစ်ပိသာ ကျပ်၂၉၅၀၊ အနီလုံးဆံ တစ်ပိသာကျပ် ၂၉၀၀ပေါက်စျေး၊ပြည်တွင်း မြေပဲဆီ တစ်ပိသာ ကျပ် ၆၅၀၀ ၊ နေကြာဆီ တစ်ပိသာ ကျပ် ၆၅၀၀ ၊ ပေါက်စျေးဖြင့် စျေးငြိမ်နေပြီး စားအုန်ဆီ တစ်ပိသာ ကျပ် ၄၄၀၀ သို့ အသီးသီး ပေါက်စျေးရှိသည်။ ပြည်တွင်းရောင်းချသည့် စာအုန်းဆီစျေးမှာ အနည်းငယ် စျေးကျဆင်းသွားသော်လည်း မြေပဲ၊နေကြာဆီစျေးမှာ တည်ငြိမ်နေသည်။ပြောင်းနိုင်ငံခြားပြောင်းအ၀ယ်(FOB)စာချုပ်များဒီဇင်ဘာအထိ ရှိနေသဖြင့် ပြည်တွင်းပြောင်းစျေးတက်လာနိုင်ကြောင်း ပြောင်းတတန်လျှင် ၂၄၅ဒေါ်လာအထက်တွင် အရောင်းအ၀ယ်ဖြစ်လာနိုင်ခြေရှိတာကြောင့် ပြည်တွင်းပြောင်း ပေါက် စျေးမှာ နို၀င်ဘာလအတွင်း တဖြည်းဖြည်း မြင့်တက်လာကြောင်း ပြောင်းကုန်သည် တစ်ဦးထံ မှသိရသည်။တရုတ်နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ပါက ပြောင်းစျေးကောင်းရရှိနိုင်ရန်မျှော်မှန်းပြီး ရှမ်းမြောက်ဒေသနှင့် ကချင်ပြည်နယ်ဒေသ တို့မှ ပြောင်းပွဲရုံများ ပစ္စည်းစုဆောင်းမှုများရှိနေကြောင်း နယ်စျေးနှင့် ရန်ကုန် မန္တလေးပြောင်းပေါက်စျေးမှာ ကွာခြားမှုနည်းလာရာ နိုင်၀င်ဘာ၂၄ရက်နေ့တွင် ရန်ကုန် မြောင်းတကာအရောက် ပေါက်စျေး တစ်ပိသာ ကျပ် ၆၉၀-၇၁၀ ၊ မန္တလေး ကုန်စည်ဒိုင်စျေး ၅၄ ပိသာတစ်အိတ် ကျပ် ၃၅၅၀၀ ၊ ရှမ်းပြည်နယ်စျေး နောင်ချို ၊တောင်ကြီး တစ်ပိသာ ကျပ် ၆၀၀-၆၂၅ ပေါက်စျေးရှိကြောင်း ပြောင်းကုန်သည်များထံ မှသိရသည်။တရူတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည့် အခြေမနေများရှိသော်လည်း ပို့ကုန်လယ်ယာထွက်ကုန်များ တင်ပို့ရန် ယခင်ထက် စရိတ်ကြီးမြင့်လာနိုင်ရာ ကွန်တိန်နာ တစ်စီးဆံ့ ကားတစ်စီးစာအတွက် ကျပ်သိန်းနှစ်ဆယ်ခန့်ယခင်ထက် ပိုမိုကုန်ကျနိုင်ကြောင်းနယ်စပ်ကုန်သည်များထံမှသိရသည်။

Leave a Reply

Your email address will not be published.