ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု လက်ရှိဘဏ္ဍာနှစ်အတွင်း တန်ချိန် ၂ သန်း တင်ပို့သွားမည်

ရွှေမန်း

ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု လက်ရှိဘဏ္ဍာနှစ်အတွင်း တန်ချိန် ၂ သန်း တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်ပနိုင်ငံတွေထံ ဆန်/ဆန်ကွဲ တင်ပို့ရောင်းချမှု ရပ်တန့်နေခြင်းမရှိဘဲ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌဦးရဲမင်းအောင်က ‘‘ပုံမှန်အားဖြင့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေဟာ ဆန်ပြည်ပတင်ပို့မှု သာမန်အချိန်တွေထက် လျော့နည်းပြီး အထူးသဖြင့် ပွင့်လင်းရာသီကာလတွေဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာကနေပြီးတော့မတ်၊ ဧပြီ၊ မေလတွေမှာ ပြည်ပတင်ပို့မှုများပါတယ်’’လို့ ၎င်းက ပြောသည်။

MRF အနေဖြင့် လစဉ်တန်ချိန် ၂ သိန်းခန့် ပြည်ပကို တင်ပို့နိုင်ရန် ရည်မှန်းထားပြီး ဇွန်လမှာ ဆန်/ဆန်ကွဲတန်ချိန် ၁ သိန်းခွဲနှင့် ဇူလိုင်လမှာ တန်ချိန် ၁ သိန်း ၈ သောင်းအထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိ ပြည်ပကို ဆန်၊ဆန်ကွဲတန်ချိန် ၂ သန်းခန့် တင်ပို့ခြင်းကနေ လာမည့်၂၀၂၅ ခုနှစ်မှ စတင်ကာ နှစ်စဉ်တန်ချိန် ၄ သန်းအထိ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်းလည်းသိရသည်။

တရုတ်၊ ဥရောပ နဲ့ ဖိလစ်ပိုင်ကဲ့သို့ အရှေ့တောင်အာရှနိုင်ငံအချို့ရဲ့ တိုးတက်လာသည့် ဝယ်လိုအားတွေကြောင့် တင်ပို့မှုတိုးမြင့်ဖို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း MRF တာဝန်ရှိသူတစ်ဦးကပြောသည်။

ဆန်က မြန်မာ့လယ်ယာထွက်ကုန်ရဲ့ နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးနိုင်သော ကုန်ပစ္စည်းအမယ်တစ်ခုဖြစ်ပြီး ၂၀၂၅ တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ နှစ်ဆနီးပါးရှိလာမည်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.