ပြည်တွင်းဒေါ်လာဈေးနှင့် ပို့ကုန်မှုဝါဒအပြောင်းအလဲ ကိုစောင့်ကြည့်နေတာကြောင့် အရောင်းအဝယ်အေးသွားသော်လည်း မြေပဲဆန်ဈေးစံချိန်တင်မြင့်တက်နေ

ရွှေမန်း

ပြည်တွင်းဒေါ်လာဈေးနှင့် ပို့ကုန်မှုဝါဒအပြောင်းအလဲ ကိုစောင့်ကြည့်နေတာကြောင့် ပြည်တွင်းပဲ နှမ်းဈေးကွက် အရောင်းအဝယ် အေးသွားသလို ပို့ကုန်ပဲများ ပေါက်ဈေးငြိမ်သွားကာ မြေပဲဆန်တစ်မျိုးတည်းသာ စံချိန်တင်ဆက်လက်မြင့်တက်နေ ကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။

ပြည်တွင်း ဒေါ်လာဈေးနှင့် ပို့ကုန် မှုဝါဒအပြောင်းအလဲကို စောင့်ကြည့်နေတာကြောင့် ပို့ ကုန်ပဲများနှင့် တရုတ်လိုင်းသွားသည့် အဓိက ပဲတီစိမ်းတို့မှာ ယခင်သီတင်းပတ်ထက် ဈေးအနည်းငယ်ကျဆင်းသွားသလို ပြည်တွင်း သုံးကုလားပဲ အုပ်စုလည်း ဈေးကျဆင်းကြောင်း ပြည်တွင်း သို့ စားဆီလုံလောက်စွာ ရောင်းချနိုင်ခြင်းမရှိတော့သည့် အချိန်မှ စတင်ကာ ၃ လကျော် ကတည်းက မြေပဲဆန်ဈေးကောင်းမွန်းလာသည်မှာ ယနေစံချိန်တင်ဈေးတွေ ဖြစ်နေကြောင်း နှင့် အခြားပဲမာလိုင်းများမှာ ပုံမှန်ပေါက်ဈေးတွင်သာ ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု အသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

“ ပို့ကုန်ပဲတွေနဲ့ တရုတ်လိုင်းသွားတဲ့ ပဲတီစိမ်းတွေ ဈေးအေးသွားပါတယ်။ အရင်ရက်တွေက အဝယ်များထားတာလို့လည်းဖြစ်မယ်။ရန်ကုန်လိုင်းမှာ မတ်ပဲ ၊ပဲစင်းငုံတွေလည်း ဈေးအေးသွားတယ်။ ပြည်တွင်းသုံး ကုလားပဲဈေးတွေလည်း ငြိမ်သွားပါတယ်။ ဈေးကွက်တစ်ခုလုံးက နိုင်ငံရေး ၊ငွေဈေးအပြောင်းအလဲကို စောင့်ုကြည့်နေကြတာပါ။ မြေပဲဆန်ကတော့ သုံးလကျော် ဆက်တိုက်ဈေးအကောင်းဆုံးအခြေအနေဖြစ်နေပါတယ်။လက်ကျန်ကလည်းတော်တော်နည်းသွားပါပြီ။ စားဆီဈေးကွက်အတွင်း အဝင်နည်းသွားကတည်းကကောင်းနေတာပါ။ ကျန်ပြည်တွင်းပဲမာလိုင်းကတော့ ခပ်အေးအေးဆိုပေမယ့်ကျွန်းစားတော်ပဲကတော့ တစ်အိတ်ကျပ် သုံးသိန်းကျော်သွားပါပြီ။ပဲဈေးကွက်တစ်ခုလုံးက ဈေးတွေပြန်ကျဆင်းနေပြီ အရောင်းအဝယ်က စောင့်ကြည့်နေကြပါတယ် ”ဟု ၎င်းကပြောသည် ။

မတ်ပဲ၊ ပဲတီစိမ်း ၊ပဲစင်းငုံ

ပြည်တွင်းပို့ကုန်သမားများ အပြောင်းအလဲမြန်ဆန်နေသည့် ဒေါ်လာဈေး ရွှေဈေး များအပြင် ပို့ကုန်မှုဝါဒ ပြောင်းလဲသက်မှတ်ချက်ကို စောင့်ကြည့်နေတာကြောင့် ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ ၊ပဲတီးစိမ်း၊ပဲစင်းငုံများမှာ ယခင်သီတင်းပတ်ထက် အရောင်းအဝယ်အေးသွားပြီး ဈေးအနည်းငယ်ကျဆင်းသွားခြင်းဖြစ်ရာ ဇူလိုင် ၂၇ ရက်နေ့တွေ မတ်ပဲ တစ်အိတ် ၁၅၆၀၀၀ ၊ ပဲတီးစိမ်းအညာ တစ်အိတ် ၁၃၈၀၀၀၊ ပဲစင်းငုံတစ်အိတ် ၁၄၁၀၀၀ ပေါက်ဈေးရှိခဲ့ကြောင်းသိရသည်။

မြေပဲ

ပြည်တွင်းဈေးကွက်မှာ စားဆီဈေးကွက် အတွင်း အလုံအလောက်တင်သွင်းမှုမပြုနိုင်တော့သည့် နောက်ပိုင်း တဖြေးဖြေး ဈေးမြင့်တက်လာရာ ၃လအတွင်း မြေပဲဆန်ဈေး တစ်ပိသာကျပ် ၇၀၀-၈၀၀ ဈေးမြင့်တက်လာပြီးလက်ရှိ မြေပဲလုံးဆန် အနီၤမှာ တစ်ပိသာကျပ် ၅၃၀၀-၅၄၀၀ ဈေးဖြင့် စံချိန်တင်မြင့်တက်နေသည်။ ထို့အပြင် ပြည်တွင်းဆီစက်များကလည်း ပေါက်ဈေးအတိုင်း အဝယ်ရှိကြိတ်ဝါးနေသလို တရုတ်လိုင်း ကလည်း ပြန်လည်တင်ပို့ခွင့် ဖွင့်ပေးလိုက်သည့် နောက်ပိုင်း မြေပဲဆန်ဈေး ပိုမိုမြင့်တက်လာခြင်းဖြစ်ရာ ဇူလိုင် ၂၇ရက်နေ့တွင် S1 လုံးဆန် တစ်ပိသာငွေကျပ် ၅၄၀၀ အနီဆီဆန် တစ်ပိသာ ငွေကျပ် ၅၃၀၀ ၊ မြေပဲဆီ တစ်ပိသာ ငွေကျပ် ၁၀၀၀၀၊ နှမ်းဆီ တစ်ပိသာ ငွေကျပ် ၈၅၀၀ ၊စားအုန်းဆီ ၈၀၀၀ ေကျော်ပါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပုံမှန်အရောင်းအဝယ်သာရှိပြီး လက်ကျန်နည်းလာတာကြောင့် ဈေးမြင့်တက်လာရာ ကုလားပဲ V2 တစ်အိတ် ၁၅၈၀၀၀၊ ပဲယင်း တစ်အိတ် ၁၃၀၀၀၀ ၊ ပဲကြီးတစ်အိတ် ငွေကျပ် ၂၁၀၀၀၀၊ ပဲထောပတ် တစ်အိတ် ၁၅၂၀၀၀၊ စွန်တာပြာ တစ်အိတ် ၁၃၃၀၀၀၊မြေထောက်ပဲ တစ်အိတ် ၁၈၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ၃၁၀၀၀၀ အသီးသီးဈေးမြင့် တက်လာကြောင်းသိရသည်။

Leave a Reply

Your email address will not be published.