ဂရိတ်ဝေါလ်-ဝေမာသကြားစက်ရုံက သကြားထုတ်ရောင်းချခြင်းမရှိတာကြောင့် ပြည်တွင်းသကြားဈေးကွက်မှာ နီုင်ငံတကာသကြားပေါက်ဈေးထက်မြင့်တက်နေ

ရွှေမန်း

ဂရိတ်ဝေါလ်-ဝေမာသကြားစက်ရုံက သကြားထုတ်ရောင်းချခြင်းမရှိတာကြောင့် ပြည်တွင်းသကြားဈေးကွက်မှာ နီုင်ငံတကာသကြားပေါက်ဈေးထက်မြင့်တက်နေကြောင်းသိရသည်။
လက်ရှိနိုင်ငံတကာသကြားပေါက်ဈေးမှာ တစ်တန် လျှင် (၅၅၀ဒေါ်လာ) မြန်မာငွေ ကျပ် ၁၁သိန်းဝန်းကျင်သာရှိပြီး သကြားတစ်ပိသာကျပ် ၁၈၀၀နီးပါးသာပေါက်ဈေးရှိသော်လည်း ပြည်တွင်း သကြား ဈေးမှာ တစ်ပိသာကျပ် ၂၁၅၀ ပေါက်ဈေးရှီနေကြောင်းသိရသည်။
ထိုသို့နိုင်ငံတကာသကြားပေါက်ဈေးထက်မြင့်မားနေခြင်းမှာ ပြည်တွင်းက ဂရိတ်ဝေါလ်-ဝေမာ ကုမ္ပဏီက ပြည်တွင်းဈေးကွက်ကို သကြားထုတ်ရောင်းခြင်းမရှိတာကြောင့် နှင့်ယင်းကုမ္ပဏီနှစ်ခုမှာ အကျိုးအမြတ်ခွဲဝေမှု အပေါ် အမှုဖြစ်နေတာကြောင့် ပြည်တွင်းသကြားလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ ယခုလိုနိုင်ငံတကာ ပေါက်ဈေးတက်လာခြင်းဖြစ်ပြီးသကြားရောင်းချပေးနိုင်ပါက ပြည်တွင်းသကြားဈေးက ဖြစ်သင့်သည့်ဈေးလောက်သာ ပေါက်ဈေးရှီမှာဖြစ်ကြောင်း နိုင်ငံတကာ သကြားဈေးက တစ်ပိသာ ကျပ် ၂၀၀၀ အောက်တွင်သာရှိသော်လည်း လက်ရှိပြည်တွင်းဈေးမှာ တစ်ပိသာ ကျပ် ၂၁၅၀ ထိပေါက်ဈေးဖြစ်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးဝင်းဌေးက ပြောသည်။
“ ဂရိတ်ဝေါလ်-ဝေမာသကြားစက်ရုံက ပြည်တွင်းဈေးကွက်မှာ သကြားထုတ်ရောင်းချခြင်းမရှိတော့ ပြည်တွင်းသကြားဈေးကွက်မှာ ဖြစ်သင့်တဲ့ ပိုဖြစ်နေပြီးနိုင်ငံတကာသကြားပေါက်ဈေးထက်ပိုမြင့်နေပါတယ်။ လက်ရှိပြည်တွင်းပေါက်ဈေး တစ်ပိသာကျပ် ၂၁၅၀ ဖြစ်နေပြီး နိုင်ငံတကာ သကြားပေါက်ဈေးက တစ်တန် ဒေါ်လာ ၅၅၀ ပေါက်ဈေးသာရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် တစ်တန် ကျပ် ၁၁သိန်းခန့် တစ်ပိသာ ကျပ် ၁၈၀၀နီးပါးခန့်သာပေါက်ဈေးရှိပါတယ်။ ဂရိတ်ဝေါလ်ကုမ္ပဏီနဲ့ ဝေမာကုမ္ပဏီ နှစ်ခု အကျိုးအမြတ်ခွဲဝေမှု ပြသနာ ဖြစ်နေတော့ သကြားရောင်းခွင့်မရှိကြဘဲ အမှုဖြစ်နေတော့ ပြည်တွင်းသကြားဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှုမရှိတော့ပဲ သကြားဈေးက နိုင်ငံတကာပေါက်ဈေးထက်ပိုမိုမြင့်တက်နေတာပါ” ဟု ၎င်းကပြောသည်။
အဆိုပါကုမ္ပဏီ နှစ်ခု အကျိုးအမြတ်ခွဲဝေမမှုဆိုင်ရာကြောင့် ပြည်တွင်းသကြားကြိတ်ဝါးမှုတန်ချိန်များ လျော့ကျခဲ့ပြီး ယင်းစက်ရုံသို့ ကြံတင်သွင်းသည့် ကြံစိုက်တောင်သူများလည်း ကြံဖိုးငွေ နောက်ကျရရှိခဲ့ခြင်းကြောင့် အဆင်မပြေဖြစ်ခဲ့ရကြောင်း လာမည့်နှစ်ကြံစိုက်ပျိုးမှုလျော့ကျတာနှင့်အတူ သကြားထုတ်လုပ်မှုလည်း လျော့ကျသွားမည်ဖြစ်ကြောင်း ကြံတင်ပို့နေသည့် ကြံတောင်သူတစ်ဦးက ပြောသည်။
“ဂရိတ်ဝေါလ်နဲ့ ဝေမာက အကျိုးအမြတ်ခွဲဝေဆိုင်ရာ အမှုဖြစ်နေတော့ သကြားက ဈေးကွက်ထဲမရောင်းဘူးဖြစ်နေတယ်။ သကြားရောင်းချပြီး အကျိုးအမြတ်ခွဲဝေခြင်းကို ဝေမာကုမ္ပဏီက မဆောင်ရွက်တော့ အခုလို ပြည်တွင်းသကြားဈေးတွေမြင့်တက်လာတာပါ။ သကြားစက် ကလည်း ကုမ္ပဏီနှစ်ခုအမှုဖြစ်နေတော့ ယခင်နှစ်တွေက တန်ချိန် ၁၅ သီန်းနီးပါးကြိတ်ဝါးတာကနေ မနှစ်ကကြိတ်ဝါးမှုလျော့ကျသွားတာ သကြားတန်ချိန် ၅သိန်းကျော်သာထွက်ရှိတော့တယ်။လာမည့်နှစ်လည်း တန်ချိန် ၄ သိန်းလောက်ပဲ ထုတ်နီုင်တော့မယ်။ ဝေမာ ကုမ္ပဏီ အနေဖြင့် အကျိုးအမြတ်ခွဲဝေမှုအေပေါ် တရားရင်ဆိုင်နေကြဆဲဖြစ်တော့ သကြားလည်း ရောင်းချမှုကို မဆောင်ရွက်တော့ တောင်သူများနှင့်လည်း ကြံဖိုးပေးချေမှုနောက်ကြခဲ့ပါတယ်။ ” ဟု ၎င်းကပြောသည်။
ဂရိတ်ဝေါလ်ကုမ္ပဏီနှင့်ဝေမာ ကုမ္ပဏီတို့မှာ အကျိုးအမြတ်ခွဲဝေမှု ဆိုင်ရာ အမှုဖြစ်နေတာကြောင့် ယခင်နှစ်က ထုတ်လုပ်ခဲ့သည့်သကြားအသစ်များ တန်ချိန် ၅ သိန်းကျော်မှာ ပြည်တွင်းဈေးကွက်သို့ ရောင်းချခြင်း မရှိတာကြောင်းနိုင်ငံတကာသကြားပေါက်ဈေးထက်ပိုမိုမြင့်တက်နေခြင်းဖြစ်ရာ သကြားရောင်းချပေး ပါက သကြားဈေးပုံမှန်ပေါက်ဈေးအတိုင်းသာရှိနေမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.